သူ့ကို နှာရှုတ်တပ်၍၊ ပါးရိုး၌ သံကွင်းလျှိုမည်လော။
ငါ၌သင်၏အမျက်ဟုန်းခြင်း၊ စော်ကားခြင်းကို ငါကြားရသောကြောင့်၊ သင့်ကိုနှာရှုပ်တပ်၍ ဇက်ခွံ့ပြီးမှ၊ သင်လာသောလမ်းဖြင့် ပြန်စေမည်။
သူသည် သင့်ကိုများစွာ တောင်းပန်လိမ့်မည်လော။ ချော့မော့သောစကားကို ပြောလိမ့်မည်လော။
ဘုရားသခင်သည် ထူးဆန်းသောဉာဏ်၊ ကြီးစွာသောတန်ခိုးနှင့် ပြည့်စုံတော်မူသည်ဖြစ်၍၊ အဘယ်သူသည် အာဏာတော်ကို ဆန်၍အောင်နိုင်သနည်း။
ထာဝရဘုရားတစ်ဖက်၌ ဉာဏ်မတည်၊ ပညာမတည်၊ အကြံတစ်စုံတစ်ခုမျှ မတည်နိုင်။
ထိုကာလ၌ ထာဝရဘုရားသည် ပြေးတတ်သော မြွေလဝိသန်ကိုလည်းကောင်း၊ လိမ်သော မြွေလဝိသန်ကိုလည်းကောင်း ခိုင်ခံ့ကြီးမားသော ဓားတော်နှင့် ဒဏ်ပေး၍၊ ပင်လယ်၌ရှိသော နဂါးကိုလည်း သတ်တော်မူလိမ့်မည်။
ငါ၌ သင်၏အမျက်ဟုန်းခြင်း၊ စော်ကားခြင်းကို ငါကြားရသောကြောင့်၊ သင့်ကို နှာရှုတ်တပ်၍ ဇက်ခွံ့ပြီးမှ၊ သင်လာသောလမ်းဖြင့် ပြန်စေမည်။