လုံခြုံစွာတံဆိပ်ခတ်သကဲ့သို့ တစ်ချပ်နှင့်တစ်ချပ် ပူးကပ်သောအကြေးများနှင့် ဝါကြွားတတ်၏။
သူ၏မျက်နှာတံခါးကို အဘယ်သူဖွင့်လိမ့်မည်နည်း။ သူ၏ သွားတန်းတို့သည် ကြောက်မက်ဖွယ်ဖြစ်ကြ၏။
လေမျှမဝင်နိုင်အောင် တစ်ချပ်နှင့်တစ်ချပ် ပူးကပ်လျက်ရှိကြ၏။
ထာဝရဘုရား မိန့်တော်မူသည်ကား၊ ပညာရှိသောသူသည် မိမိပညာ၌ မဝါကြွားစေနှင့်။ ခွန်အားကြီးသောသူသည် မိမိခွန်အား၌ မဝါကြွားစေနှင့်။ ဥစ္စာရတတ်သောသူသည် မိမိဥစ္စာ၌ မဝါကြွားစေနှင့်။
ထိုသူတို့သည် သွား၍ ကျောက်ကို တံဆိပ်ခတ်ပြီးလျှင် အစောင့်ထားလျက် သင်္ချိုင်းတွင်းတော်ကို လုံခြုံစွာပြုကြ၏။
တံဆိပ် ခုနစ်ချက်တို့ကိုလည်းကောင်း၊ ဖွင့်ခြင်းငှာ အောင်မြင်လေပြီဟု ငါ့ကိုပြောဆို၏။