Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ယောဘဝတ္တု။ 41:11

Judson Bible

ငါ​သည် ကျေး​ဇူး​တုံ့​ပြု​ရ​မည်​အ​ကြောင်း အ​ဘယ်​သူ​သည် ငါ၌ ကျေး​ဇူး​ပြု​ဖူး​သ​နည်း။ မိုး​ကောင်း​ကင်​အောက်၌ ရှိ​သ​မျှ​တို့​သည် ငါ၏​ဥ​စ္စာ ဖြစ်​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

18 ပူးပေါင်းရင်းမြစ်များ  

မ​ရ​ဏ​နိုင်​ငံ​သည် ရှေ့​တော်၌ လှန်​လျက်​ရှိ၏။ အ​ဗ​ဒ္ဒုန်​နိုင်​ငံ​ကို ဖုံး​အုပ်​ခြင်း​မ​ရှိ​ရာ။

ပ​ညာ​နေ​ရာ​အ​ရပ်​ကို သိ​တော်​မူ၏။

သင်​သည် ငြင်း​ပယ်​သည်​ဖြစ်​စေ၊ ရွေး​ယူ​သည်​ဖြစ်​စေ၊ သင်၏​အ​လို​သို့​သာ ဘု​ရား​သ​ခင်​လိုက်၍၊ အ​လို​တော်​သို့​မ​လိုက်​ဘဲ အ​ကျိုး​အ​ပြစ်​ကို ပေး​တော်​မူ​ရ​မည်​လော။ သို့​ဖြစ်​လျှင် နား​လည်​သည်​အ​တိုင်း ပြော​ပါ။

သင်​သည် ဖြောင့်​မတ်​သော်​လည်း၊ ဘု​ရား​သ​ခင်၏​အ​ကျိုး​တော်​ကို အ​ဘယ်​သို့​ပြု​စု​နိုင်​သ​နည်း။ သင့်​လက်​မှ အ​ဘယ်​ကျေး​ဇူး​ကို ခံ​တော်​မူ​မည်​နည်း။

လ​ဝိ​သန်၏​အင်္ဂါ​များ၊ ခွန်​အား၊ တင့်​တယ်​သော​တန်​ဆာ​တို့​ကို ငါ​သည် ဝှက်၍​မ​ထား။

ဘု​ရား​သ​ခင်​သည် တောင်​တို့​ကို အ​မှတ်​တ​မဲ့ ရွှေ့​တော်​မူ၏။ အ​မျက်​ထွက်၍ မှောက်​လှန်​တော်​မူ၏။

ကောင်း​ကင်​ကား၊ ထာ​ဝ​ရ​ဘု​ရား၏​ကောင်း​ကင်​ဖြစ်၏။ မြေ​ကြီး​ကို​ကား လူ​သား​တို့​အား ပေး​တော်​မူ​ပြီ။

ကောင်း​မြတ်​သော မင်္ဂ​လာ​တို့​ကို အ​ဦး​ပြု၍ ပေး​တော်​မူ​ပြီ။ ရွှေ​စင်​သ​ရ​ဖူ​ကို သူ၏​ခေါင်း​ပေါ်​မှာ တင်​တော်​မူ​ပြီ။

ထာ​ဝ​ရ​ဘု​ရား​သည် မြေ​ကြီး​နှင့် မြေ​ကြီး​တန်​ဆာ​ကို​လည်း​ကောင်း၊ လော​က​ဓာတ်​နှင့် လော​က​သား​တို့​ကို​လည်း​ကောင်း၊ ပိုင်​တော်​မူ၏။

ငါ​သည် ငတ်​မွတ်​လျှင် သင့်​ကို​မ​ပြော။ လော​က​ဓာတ်​နှင့် လော​က​ဥ​စ္စာ​သည် ငါ၏​ဥ​စ္စာ​ဖြစ်၏။

ထို​ကြောင့် ယ​ခု​တွင် သင်​တို့​သည်​ငါ့​စ​ကား​ကို အ​မှန်​နား​ထောင်၍ ငါ့​ပ​ဋိ​ညာဉ်​ကို စောင့်​ရှောက်​လျှင် အ​ခြား​သော​လူ​မျိုး​တ​ကာ​တို့​ထက် သင်​တို့​သည် ငါ​ပိုင်​ထိုက်​သော ဘ​ဏ္ဍာ​တော်​ဖြစ်​ရ​ကြ​လိမ့်​မည်။ မြေ​ကြီး​ရှိ​သ​မျှ​သည် ငါ​၏​ဥ​စ္စာ​ဖြစ်​၏။

ကျေး​ဇူး​ဆပ်​တော်​မူ​ရ​မည်​အ​ကြောင်း၊ ထာ​ဝ​ရ​ဘု​ရား၌ အ​ဘယ်​သူ​သည် ကျေး​ဇူး​ပြု​ဖူး​သ​နည်း။-

အ​ကြောင်း​မူ​ကား၊ ထာ​ဝ​ရ​ဘု​ရား​သည် မြေ​ကြီး​နှင့် မြေ​ကြီး​တန်​ဆာ​ကို ပိုင်​တော်​မူ၏။-

သို့​သော်​လည်း ဤ​မည်​သော​အ​ရာ​သည် ရုပ်​တု​ရှေ့၌ ပူ​ဇော်​သော ယဇ်​ကောင်​ဖြစ်၏​ဟု တစ်​စုံ​တစ်​ယောက် သော​သူ​ဆို​လျှင်၊ ထို​သို့​ဆို​သော​သူ၏ မျက်​နှာ​ကို​လည်း​ကောင်း၊ ဩ​တ္တ​ပ္ပ​စိတ်​ကို​လည်း​ကောင်း၊ ထောက်၍ မ​စား​ကြ​နှင့်။-

မိုး​ကောင်း​ကင်​နှင့် ကောင်း​ကင်​ဘ​ဝဂ်​ကို​လည်း​ကောင်း၊ မြေ​ကြီး​နှင့် မြေ​ကြီး​တန်​ဆာ​ရှိ​သ​မျှ​ကို​လည်း​ကောင်း၊ သင်၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား ပိုင်​တော်​မူ၏။

မြေ​ကြီး​တစ်​ပြင်​လုံး​ကို အ​စိုး​ရ​တော်​မူ​သော ထာ​ဝ​ရ​ဘု​ရား၏​ပ​ဋိ​ညာဉ်​သေ​တ္တာ​သည် သင်​တို့​ရှေ့​မှာ၊ ယော်​ဒန်​မြစ်​ထဲ​သို့​ကူး​သွား​လိမ့်​မည်။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ