Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ယောဘဝတ္တု။ 40:23

Judson Bible

မြစ်​ရေ​ထ​သော်​လည်း သူ​သည်​မ​ပြေး​တတ်။ သူ၏​ခံ​တွင်း​ကို ယော်​ဒန်​မြစ်​ရေ ဝှေ့​တိုက်​သော်​လည်း မ​တုန်​မ​လှုပ်​ဘဲ နေ​တတ်၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

7 ပူးပေါင်းရင်းမြစ်များ  

ထို​ကာ​လ​အ​ခါ၊ သော​ဒုံ​မြို့​နှင့် ဂေါ​မော​ရ​မြို့​ကို ထာ​ဝ​ရ​ဘု​ရား​ဖျက်​ဆီး​တော်​မ​မူ​မီ၊ ဇော​ရ​မြို့​သို့​သွား​သော​လမ်း၊ ယော်​ဒန်​မြစ်​ပတ်​ဝန်း​ကျင်​အ​ရပ်​ရပ်၌ ရေ​များ၍၊ ထာ​ဝ​ရ​ဘု​ရား၏​ဥ​ယျာဉ်​တော်​ကဲ့​သို့​လည်း​ကောင်း၊ အဲ​ဂု​တ္တု​ပြည်​ကဲ့​သို့​လည်း​ကောင်း​ဖြစ်​သည်​ကို၊ လော​တ​မျှော်​ကြည့်၍​မြင်​လျှင်၊

ထို​အ​ပင်​တို့​သည် အ​ရိပ်​နှင့်​လွှမ်း​မိုး၍ ချောင်း​နား​မိုး​မ​ခ​ပင်​တို့​သည် ဝိုင်း​ကြ၏။

ထို​မြင်း​ကို ထင်​ရှား​စွာ​ဖမ်း​ယူ​မည်​လော။ သူ၏​နှာ​ခေါင်း​ကို သံ​ချိတ်​နှင့် ဖောက်​မည်​လော။

ပြင်း​စွာ​သော မိုး​သက်​မုန်​တိုင်း​နှင့် လွတ်​ခြင်း​ငှာ၊ အ​လျင်​အ​မြန်​ပြေး​လိမ့်​မည်​ဟု အ​ကျွန်ုပ်​စိတ်​ရှိ​ပါ၏။

အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​က၊ စုံ​စမ်း​သော​အ​မြစ်​ကျောက်​တည်း​ဟူ​သော၊ မ​လှုပ်​နိုင်​အောင် မြဲ​မြံ​သော တိုက်​ထောင့်​အ​မြစ် ကျောက်​မြတ်​ကို ဇိ​အုန်​တောင်​ပေါ်​မှာ ငါ​ချ​ထား၏။ ထို​ကျောက်​ကို အ​မှီ​ပြု​သော​သူ​သည် ပြေး​ရ​သော​အ​ကြောင်း မ​ရှိ။

ငါ​သည် တွင်း​တူး၍ ရေ​ကို​သောက်​ရ​ပြီ။ ငါ၏​ခြေ​ဖ​ဝါး​အား​ဖြင့် အဲ​ဂု​တ္တု​မြစ်​လက်​ကြား ရေ​ရှိ​သ​မျှ​ကို ခန်း​ခြောက်​စေ​ပြီ​ဟု သင်​ဆို​မိ​ပြီ​တ​ကား။

ယော်​ဒန်​မြစ်​နား​သို့​ရောက်၍ ခြေ​ဖ​ဝါး​တို့​သည် လျှံ​သော​ရေ​ကို​နင်း​သော​အ​ခါ၊ စ​ပါး​ရိတ်​ရာ​ကာ​လ၌ ထို​မြစ်​ရေ​သည် ကမ်း​တစ်​လျှောက်​လုံး​ကို လျှံ​လေ့​ရှိ​သော်​လည်း၊




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ