သို့ပြုလျှင် သင်၏လက်ယာလက်ရုံးသည် သင့်ကို ကယ်တင်နိုင်သည်ဟု ငါဝန်ခံမည်။
သူတို့ကိုမြေမှုန့်၌ တစ်စုတည်း ဝှက်ထားလော့။ သူတို့မျက်နှာများကို မှောင်မိုက်၌ ဖုံးအုပ်လော့။
သင်နှင့်အတူ ငါဖန်ဆင်းသော ဗေဟမုတ်မြင်းကို ကြည့်ရှုလော့။ နွားကဲ့သို့ မြက်ကိုစားတတ်၏။
သူတို့သည် ကိုယ်ဓားဖြင့် ထိုမြေကိုအစိုးရကြသည် မဟုတ်ပါ။ ကိုယ်လက်ဖြင့် ကိုယ်ကို ကယ်တင်ကြသည် မဟုတ်ပါ။ ကိုယ်တော်အလိုရှိသောကြောင့် လက်ယာလက်ရုံးတော်နှင့် မျက်နှာတော်အလင်းအားဖြင့် သူတို့ကို ကယ်တင်တော်မူ၏။
ကိုယ်၌ပါသောလေးကို အကျွန်ုပ်သည် မကိုးစား။ ကိုယ်ဓားသည် အကျွန်ုပ်ကို မကယ်ရပါ။
ထိုဘုရားသည် မောသောသူတို့အား၊ ခွန်အားကိုပေးတော်မူ၏။ နွမ်းနယ်သောသူတို့အား၊ အစွမ်းသတ္တိနှင့် ပြည့်စုံသောအခွင့်ကို ပေးတော်မူ၏။
ငါတို့သည် အကျိုးနည်းရှိစဉ်တွင် အချိန်တန်မှ ခရစ်တော်သည် မတရားသောသူတို့အတွက်ကြောင့် အသေခံတော်မူ၏။-