Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ယောဘဝတ္တု။ 40:10

Judson Bible

ထူး​ဆန်း​သော ဘုန်း​တန်​ခိုး​အာ​နု​ဘော်​ကို ဝတ်​ဆောင်​လော့။ တင့်​တယ်​သော​ဂုဏ်​အ​သ​ရေ​နှင့် တန်​ဆာ​ဆင်​လော့။

အခန်းကိုကြည့်ပါ။ ကော်ပီ

16 ပူးပေါင်းရင်းမြစ်များ  

အို​ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​သည် ဘုန်း​တန်​ခိုး​အာ​နု​ဘော်၊ အောင်​မြင်​ခြင်း​အ​ခွင့်၊ အာ​ဏာ​တော်​နှင့် ပြည့်​စုံ​တော်​မူ၏။ ကောင်း​ကင်​မြေ​ကြီး၌ ရှိ​ရှိ​သ​မျှ​ကို ပိုင်​တော်​မူ၏။ အို​ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​သည် အ​စိုး​ရ​တော်​မူ၏။ ခပ်​သိမ်း​သော​သူ​တို့၏ အ​ထွတ်၊ မြင့်​မြတ်​တော်​မူ၏။

သင်​သည် မြင်း​ကို​ခွန်​အား​နှင့် ပြည့်​စုံ​စေ​သ​လော။ သူ၏​လည်​ပင်း၌ မိုး​ကြိုး​လ​က္ခ​ဏာ​ကို သွင်း​သ​လော။

အ​ကြောင်း​မူ​ကား၊ ထာ​ဝ​ရ​ဘု​ရား​သည် မိ​မိ​လူ​စု​ကို နှစ်​သက်​တော်​မူ၏။ စိတ်​နှိမ့်​ချ​သော​သူ​တို့​ကို ကယ်​တင်​ခြင်း​အား​ဖြင့် အ​သ​ရေ​တင့်​တယ်​စေ​တော်​မူ၏။

ကယ်​တင်​တော်​မူ​ခြင်း​အား​ဖြင့် သူ​သည်​ဘုန်း​ကြီး၍၊ လက်​တော်​မှ ဂုဏ်​အ​သ​ရေ​နှင့် တန်​ခိုး​အာ​နု​ဘော်​ကို ခံ​ရ​ပါ၏။

အ​သ​ရေ​တင့်​တယ်​ခြင်း​ပြည့်​စုံ​ရာ ဇိ​အုန်​တောင်​ပေါ်​မှာ ဘု​ရား​သ​ခင်၏​ရောင်​ခြည်​တော်​သည် ထွန်း​ပ၏။

ထာ​ဝ​ရ​ဘု​ရား​သည် စိုး​စံ၍၊ အာ​နု​ဘော်​နှင့် တန်​ဆာ​ဆင်​တော်​မူ၏။ ထာ​ဝ​ရ​ဘု​ရား​သည် ထို​သို့​ဝတ်​ဆင်၍၊ ခွန်​အား​ကို ခါး​ပန်း​စည်း​တော်​မူ၏။ သို့​ဖြစ်၍၊ လော​က​ဓာတ်​သည် မ​လှုပ်​မ​ရှား​နိုင်​အောင် တည်​လျက်​ရှိ၏။

သင်၏​အစ်​ကို​အာ​ရုန်၌ ဘုန်း​အ​သ​ရေ​ထင်​ပေါ်​စေ​ခြင်း​ငှာ၊ သန့်​ရှင်း​သော​အ​ဝတ်​ကို လုပ်၍​ပေး​ရ​မည်။

ထို​ကာ​လ၌ ထာ​ဝ​ရ​ဘု​ရား၏​အ​ညွန့်​သည် ဘုန်း​အ​သ​ရေ ပွင့်​လန်း​လိမ့်​မည်။ လွတ်​သော ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အ​ဖို့၊ မြေ​အ​သီး​အ​နှံ​သည် ကောင်း​မြတ်​လျောက်​ပတ်​လိမ့်​မည်။

ဖြောင့်​မတ်​ခြင်း တ​ရား​တည်း​ဟူ​သော ရင်​ကျပ်​ကို​ဝတ်​ဆင်၍၊ ကယ်​တင်​ခြင်း​တည်း​ဟူ​သော သံ​ခ​မောက်​လုံး​ကို ဆောင်း​တော်​မူ၏။ အ​ပြစ်​ပေး​ခြင်း အ​ဝတ်​ကို​လည်း​ကောင်း၊ စိတ်​အား​ကြီး​ခြင်း​ဝတ်​လုံ​ကို​လည်း​ကောင်း ယူ​တင်​ဝတ်​ဆောင်​တော်​မူ၏။

အ​ပြစ်​သွေး​ဆောင်​ရာ​သို့ မ​လိုက်​မ​ပါ​စေ​ဘဲ၊ မ​ကောင်း​သော​အ​မှု​အ​ရာ​မှ​လည်း ကယ်​နုတ်​တော်​မူ​ပါ။ အ​စိုး​ပိုင်​သော​အ​ခွင့်​နှင့် ဘုန်း​တန်​ခိုး​အာ​နု​ဘော်​သည် က​မ္ဘာ​အ​ဆက်​ဆက် ကိုယ်​တော်၌​ရှိ​ပါ၏။ အာ​မင် ဟု ဆု​တောင်း​ကြ​လော့။-

ဤ​ပုပ်​တတ်​သော​အ​ရာ​သည် မ​ပုပ်​နိုင်​သော အ​ဖြစ်​သို့​လည်း​ကောင်း၊ ဤ​သေ​တတ်​သော​အ​ရာ​သည် မ​သေ​နိုင် သော​အ​ဖြစ်​သို့​လည်း​ကောင်း၊ ဝင်​စား​သော​အ​ခါ၊ သေ​ခြင်း​သည် အောင်​ခြင်း၌​နစ်​မြုပ်​ပြီ​ဟု ကျမ်း​စာ၌​လာ​ချက် ပြည့်​စုံ​လိမ့်​မည်။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ