Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ယောဘဝတ္တု။ 4:9

Judson Bible

ဘု​ရား​သ​ခင် မှုတ်​တော်​မူ​သ​ဖြင့်၊ ထို​သူ​တို့​သည်​ပျက်​စီး၍၊ ရှူ​တော်​မူ​သော အ​သက်​ဖြင့်​လည်း ဆုံး​ရှုံး​ရ​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

13 ပူးပေါင်းရင်းမြစ်များ  

ထို​မင်း၌ အ​ခြား​သော​စိတ်​သ​ဘော​ကို ငါ​သွင်း​ပေး​မည်။ သူ​သည် သ​တင်း​ကြား၍ မိ​မိ​ပြည်​သို့ ပြန်​သွား​လိမ့်​မည်။ ထို​ပြည်၌ ဓား​ဖြင့် ငါ​ဆုံး​စေ​မည်​ဟူ​သော​စ​ကား​တော်​ကို သင်​တို့၏​သ​ခင်​အား ပြန်​ကြား​ကြ​လော့ ဟု​ပြော​ဆို၏။

တော​မှ လေ​ကြီး​လာ၍ အိမ်​လေး​ထောင့်​ကို တိုက်​သ​ဖြင့်၊ အိမ်​သည် ထို​လု​လင်​တို့​အ​ပေါ်၌ ပြို​လဲ​ပါ၏။ သူ​တို့​သည်​သေ၍ ကျွန်​တော်​တစ်​ယောက်​တည်း ကျန်​ရစ်​လျက်၊ ကိုယ်​တော်​အား သ​တင်း​ကြား​ပြော​ရ​ပါ​သည်​ဟု လျှောက်​လေ၏။

သူ​သည် မှောင်​မိုက်​ဘေး​နှင့် မ​လွတ်​ရ။ မီး​လျှံ​သည် သူ၏​အ​ခက်​အ​လက်​တို့​ကို လောင်​လိမ့်​မည်။ ဘု​ရား​သ​ခင်၏ နှုတ်​တော်​အ​သက်​အား​ဖြင့် သုတ်​သင်​ပယ်​ရှင်း​ခြင်း​ကို ခံ​ရ၏။

သင်၏​အ​မျက်​အ​ရှိန်​ကို လွှတ်​လော့။ မာ​န​ထောင်​လွှား​သော သူ​အ​ပေါင်း​တို့​ကို ကြည့်​ရှု၍ နှိမ့်​ချ​လော့။

သူ​တို့​ကို​မြေ​မှုန့်၌ တစ်​စု​တည်း ဝှက်​ထား​လော့။ သူ​တို့​မျက်​နှာ​များ​ကို မှောင်​မိုက်၌ ဖုံး​အုပ်​လော့။

ထို​အ​ခါ အို​ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​သည် အ​ပြစ်​တင်၍ နှာ​ခေါင်း​တော်​ထဲ​က အ​သက်​ရှူ​တော်​မူ​သော​အား​ဖြင့်၊ သ​မု​ဒ္ဒ​ရာ​အောက်​ပြင်​နှင့် လော​က​တိုက်​မြစ်​တို့​သည် ပွင့်​လစ်​ထင်​ပေါ်​လျက်​ရှိ​ကြ၏။

ကိုယ်​တော်​သည် လေ​ကို​မှုတ်​တော်​မူ​သ​ဖြင့်၊ ပင်​လယ်​သည် သူ​တို့​ကို လွှမ်း​မိုး၍ သူ​တို့​သည်​အား​ကြီး​သော​ရေ​ထဲ​မှာ ခဲ​ကဲ့​သို့​ဆင်း​ကြ​လေ​၏။

နှာ​ခေါင်း​တော်​လေ​အား​ဖြင့် ရေ​သည်​စု​ဝေး၍၊ စီး​သော​ရေ​သည်​ပုံ့​ပုံ့​ကြွ၍၊ ပင်​လယ်၏​အ​ထဲ၌​ပင် နက်​သော​ရေ​သည်​တောင့်​မာ​လျက်​နေ​ရ၏။

ဆင်း​ရဲ​သား​တို့၏​အ​မှု​ကို တ​ရား​တော်​အ​တိုင်း စီ​ရင်၍၊ နှိမ့်​ချ​သော မြေ​ကြီး​သား​တို့​ဘက်၌ နေ​လျက်၊ ဖြောင့်​မတ်​စွာ ဆုံး​ဖြတ်​လိမ့်​မည်။ မြေ​ကြီး​ကို​နှုတ်​က​ပတ်​တော်​လှံ​တံ​နှင့် ဒဏ်​ခတ်၍၊ ဆိုး​သော​သူ​ကို နှုတ်​ခမ်း​ထွက်​သက်​နှင့် ကွပ်​မျက်​လိမ့်​မည်။

အ​ကြောင်း​မူ​ကား၊ တော​ဖက်​အ​ရပ်​သည် ရှေး​ကာ​လ၌ စီ​ရင်​လျက်​ရှိ၏။ အ​ကယ်​စင်​စစ် ရှင်​ဘု​ရင်​အ​ဖို့ ပြင်​ဆင်​လျက်​ရှိ၏။ နက်​နဲ​ကျယ်​ဝန်း​စေ​ခြင်း​ငှာ ဖန်​ဆင်း​တော်​မူ​ပြီ။ မီး​ရှို့​ဖို့ ထင်း​ပုံ​ကြီး​လည်း ရှိ၏။ ထာ​ဝ​ရ​ဘု​ရား၏​ထွက်​သက်​တော်​သည် အ​ရည်​ကျို​သော ကန့်​ကဲ့​သို့၊ ထို​ထင်း​ပုံ​ကို မီး​ရှို့​ရ​လိမ့်​မည်။

ထာ​ဝ​ရ​ဘု​ရား၏​လေ​တိုက်​သော​အ​ခါ၊ မြက်​ပင်​သည် ညှိုး​နွမ်း​သွေ့​ခြောက်​တတ်၏။ အ​ပွင့်​လည်း ကြွေ​တတ်၏။ အ​ကယ်​စင်​စစ် လူ​တို့​သည် မြက်​ပင်​ဖြစ်​ကြ၏။

ပယ်​ရှင်း​ခြင်း​သို့​ရောက်​သော​အ​ခါ၊ ထို​အ​ဓ​မ္မ​လူ​သည် ထင်​ရှား​လိမ့်​မည်။ ထို​အ​ဓ​မ္မ​လူ​ကို သ​ခင်​ယေ​ရှု​သည် နှုတ်​ထွက်​ဝိ​ညာဉ်​တော်​အား​ဖြင့် ဖျက်​ဆီး၍၊ ကြွ​လာ​တော်​မူ​ခြင်း၏ ရောင်​ခြည်​အား​ဖြင့် ပယ်​ရှား​တော်​မူ​လိမ့်​မည်။-

ထို​ကြောင့် နောင်​တ​ရ​လော့။ မ​ရ​လျှင် သင်​ရှိ​ရာ​သို့​ငါ​သည် အ​လျင်​အ​မြန်​လာ​မည်။ ထို​သူ​တို့​ကို ငါ့​ခံ​တွင်း၏​သန်​လျက်​နှင့် စစ်​တိုက်​မည်။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ