Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ယောဘဝတ္တု။ 4:6

Judson Bible

သင်၏ ရို​သေ​သော​သ​ဘော၊ ယုံ​ကြည်​ကိုး​စား​သော​သ​ဘော၊ မျှော်​လင့်​သော​သ​ဘော၊ တည်​ကြည်​သော​သ​ဘော၊ တ​ရား​သ​ဖြင့် ကျင့်​တတ်​သော​သ​ဘော​သည် အ​ဘယ်​မှာ​ရှိ​သ​နည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ

17 ပူးပေါင်းရင်းမြစ်များ  

အို​ထာ​ဝ​ရ​ဘု​ရား၊ အ​ကျွန်ုပ်​သည် ရှေ့​တော်၌​သ​စ္စာ​စောင့်​လျက်၊ စုံ​လင်​သော​စိတ်​နှ​လုံး​နှင့်​ကျင့်၍ နှစ်​သက်​တော်​မူ​သည်​အ​တိုင်း ပြု​ကြောင်း​ကို အောက်​မေ့​တော်​မူ​ပါ။ အ​ကျွန်ုပ်​တောင်း​ပန်​ပါ၏​ဟု အ​လွန်​ငို​ကြွေး​လျက် ထာ​ဝ​ရ​ဘု​ရား​ကို ဆု​တောင်း​လေ၏။

ယော​ဘ​အ​မည်​ရှိ​သော​သူ တစ်​ယောက်​သည် ဥ​ဇ​ပြည်၌​နေ၏။ ထို​သူ​သည် စုံ​လင်​ဖြောင့်​မတ်​ခြင်း​ရှိ၏။ ဘု​ရား​သ​ခင်​ကို ကြောက်​ရွံ့​သော​သူ၊ မ​ကောင်း​သော​အ​ကျင့်​ကို ရှောင်​သော​သူ​ဖြစ်၏။

ငါ့​ကို​သတ်​တော်​မူ၍၊ ငါ​မျှော်​လင့်​စ​ရာ​မ​ရှိ​သော်​လည်း၊ ရှေ့​တော်၌ ကိုယ်​အ​ပြစ်​ဖြေ​ရာ​စ​ကား​ကို ငါ​လျှောက်​ထား​မည်။

သို့​သော်​လည်း ငါ့​လက်၌ မ​တ​ရား​သော​အ​မှု မ​ရှိ။ ငါ​ပြု​သော​ပ​တ္ထ​နာ​သည် သန့်​ရှင်း၏။

သို့​ဖြစ်၍ အ​ဘယ်​သို့ ငါ​မျှော်​လင့်​ရ​သ​နည်း။ ငါ​မျှော်​လင့်​စ​ရာ​အ​ကြောင်း​ကို အ​ဘယ်​သူ​မြင်​ရ​သ​နည်း။

အို​ထာ​ဝ​ရ​ဘု​ရား၊ အ​ကျွန်ုပ်​သည် ဖြောင့်​မတ်​ခြင်း​လမ်း​သို့ လိုက်​သော​ကြောင့်၊ အ​ကျွန်ုပ်​ဘက်၌ တ​ရား​စီ​ရင်​တော်​မူ​ပါ။ အ​ကျွန်ုပ်​သည် ထာ​ဝ​ရ​ဘု​ရား​ကို​ခို​လှုံ၍၊ ရွေ့​လျော့​ခြင်း​နှင့် ကင်း​လွတ်​ပါ​လိမ့်​မည်။

ငါ့​တစ်​ဖက်၌ တပ်​ချ​ကြ​သော်​လည်း၊ ငါ့​နှ​လုံး​မ​ကြောက်​တတ်။ စစ်​ချီ၍​လာ​ကြ​သော်​လည်း၊ ထို​အ​မှု​တွင်​ပင် တည်​ကြည်​သော စိတ်​ရှိ​လိမ့်​မည်။

ထာ​ဝ​ရ​ဘု​ရား​ကို ကြောက်​ရွံ့​ခြင်း​သည် အား​ကြီး​သော ကိုး​စား​ရာ​အ​ခွင့်​ကို ဖြစ်​စေ​တတ်၏။ သား​တော်​တို့​သည်​လည်း၊ ခို​လှုံ​ရာ​အ​ရပ်​ကို ရ​ကြ​လိမ့်​မည်။

အ​ကြောင်း​မူ​ကား၊ ထာ​ဝ​ရ​ဘု​ရား​သည် သင်​ယုံ​ကြည်​ကိုး​စား​ရာ​ဖြစ်၍၊ သင်၏​ခြေ​ကို မ​ကျော့​မိ​စေ​ခြင်း​ငှာ စောင့်​မ​တော်​မူ​လိမ့်​မည်။

ဉာဏ်​နှင့် ပ​ညာ​သည် သင်၏​လက်​ထက်၌ တည်​ကြည်​ခြင်း၊ မြဲ​မြံ​စွာ ကယ်​တင်​ခြင်း​ကို ဖြစ်​စေ​လိမ့်​မည်။ ထာ​ဝ​ရ​ဘု​ရား​ကို ကြောက်​ရွံ့​ခြင်း​သ​ဘော​သည်​လည်း သင်၏​ဘ​ဏ္ဍာ ဖြစ်​လိမ့်​မည်။

သို့​ဖြစ်၍၊ သင်​တို့​စိတ်​နှ​လုံး​ကို ခါး​ပန်း​စည်း၍ သ​မ္မာ​သ​တိ​ရှိ​ကြ​လော့။ ယေ​ရှု​ခ​ရစ် ပေါ်​ထွန်း​တော်​မူ​သော​အ​ခါ၊ သင်​တို့​ဆီ​သို့​ရောက်​လ​တ္တံ့​သော ဆု​ကျေး​ဇူး​ကို အ​ဆုံး​တိုင်​အောင် မျှော်​လ​င့်​ကြ​လော့။-

လူ​မျက်​နှာ​ကို​မ​ငဲ့၊ ခပ်​သိမ်း​သော​သူ​တို့၏ အ​ကျင့်​အ​တိုင်း စီ​ရင်​တော်​မူ​သော​ခ​မည်း​တော်​ကို သင်​တို့​သည် ဆု​တောင်း​ကိုး​ကွယ်​လျှင်၊ ဧည့်​သည်​ဖြစ်​စဉ်​ကာ​လ​ပတ်​လုံး ကြောက်​ရွံ့​သော​စိတ်​နှင့် ကျင့်​နေ​ကြ​လော့။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ