Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ယောဘဝတ္တု။ 4:4

Judson Bible

သင်၏​စ​ကား​သည် လဲ​လု​သော​သူ​ကို ထောက်​မ​ပြီ။ နုန့်​နဲ့​သော​ဒူး​တို့​ကို​လည်း တည့်​စေ​ပြီ။

အခန်းကိုကြည့်ပါ။ ကော်ပီ

15 ပူးပေါင်းရင်းမြစ်များ  

လူ​တို့​သည် ငါ့​စ​ကား​သံ​ကို​ကြား​သော​အ​ခါ ကောင်း​ချီး​ပေး​ကြ၏။ ငါ့​ကို​မြင်​သော​အ​ခါ ချီး​မွမ်း​ကြ၏။

ငါ​သည် သူ​တို့​လမ်း​ကို​ပဲ့​ပြင်၍ အ​မြတ်​ဆုံး​သော​နေ​ရာ၌ ထိုင်၏။ ဗိုလ်​ခြေ​အ​လုံး​အ​ရင်း​နှင့်​တ​ကွ ရှင်​ဘု​ရင်​ကဲ့​သို့​လည်း​ကောင်း၊ ညှိုး​ငယ်​သော​သူ​တို့​ကို နှစ်​သိမ့်​စေ​သော​သူ​ကဲ့​သို့​လည်း​ကောင်း ငါ​ဖြစ်၏။

သင်​သည် လူ​အ​များ​တို့​ကို ဆုံး​မ​ပြီ။ လက်​မ​စွမ်း​သော​သူ​တို့​ကို ခိုင်​ခံ့​စေ​ပြီ။

ယ​ခု​မူ​ကား၊ ကိုယ်​တိုင်​အ​မှု​တွေ့၍ စိတ်​ပျက်၏။ အ​ထိ​အ​ခိုက်​ခံ​ရ​သော​ကြောင့် မိန်း​မော​တွေ​ဝေ​လျက် နေ၏။

နှိမ့်​ချ​သော​သူ​အ​ပေါင်း​တို့​ကို ကြွ​ပင့်​တော်​မူ၏။

သန်​လျက်​နှင့်​ထိုး​သ​ကဲ့​သို့ စ​ကား​ပြော​တတ်​သော လူ​တစ်​ချို့​ရှိ၏။ ပ​ညာ​ရှိ​တို့၏​လျှာ​မူ​ကား အ​နာ​ကို​ပင် ပျောက်​စေ​တတ်၏။

လျောက်​ပတ်​သော​စ​ကား​သည် ငွေ​အ​ပြောက်​မှာ စီ​ချယ်​သော ရွှေ​ရှောက်​ချို​သီး​နှင့် တူ၏။

ငါ​သည် ပင်​ပန်း​သော​သူ​အား မ​စ​ခြင်း​ငှာ စ​ကား​ပြော​တတ်​မည်​အ​ကြောင်း၊ အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​သည် လူ​တတ်၏​နှုတ်​သ​တ္တိ​ကို ငါ့​အား​ပေး​တော်​မူ​ပြီ။ နံ​နက်​အ​စဉ်​အ​တိုင်း ငါ့​ကို​နှိုး​တော်​မူ၏။ စာ​သင်​သော​သူ​ကဲ့​သို့ နား​ထောင်​စေ​မည်​အ​ကြောင်း ငါ့​နား​ကို နှိုး​ဆော်​တော်​မူ၏။

မျက်​နှာ​တော်​ညှိုး​ငယ်၍ စိတ်​ပူ​ပန်​ခြင်း​သို့ ရောက်​သ​ဖြင့်၊ ခါး​ဆစ်​ပြုတ်​မ​တတ်​ဖြစ်၍ ဒူး​ခြင်း​ထိ​ခိုက်​သည်​ရှိ​သော်၊

သို့​ဖြစ်၍ ထို​သို့​သော​သူ​သည် ဝမ်း​နည်း​ခြင်း အား​ကြီး​လျက်၊ မိန်း​မော​တွေ​ဝေ​ခြင်း မ​ရှိ​စေ​ခြင်း​ငှာ၊ သင်​တို့​သည် ခြား​နား​သော​အား​ဖြင့် သူ၏​အ​ပြစ်​ကို လွှတ်၍ သူ့​ကို​နှစ်​သိမ့်​စေ​ခြင်း​ငှာ ပြု​သင့်၏။-

သို့​သော်​လည်း နှိမ့်​ချ​လျက်​ရှိ​သော သူ​တို့​ကို သက်​သာ​စေ​တော်​မူ​တတ်​သော ဘု​ရား​သ​ခင်​သည်၊ တိ​တု​ရောက်​လာ​သော​အား​ဖြင့် ငါ​တို့​ကို သက်​သာ​စေ​တော်​မူ၏။-

တစ်​ဖန်​တုံ၊ ညီ​အစ်​ကို​တို့၊ မ​တ​ရား​စွာ​ပြု​သော​သူ​တို့​ကို သ​တိ​ပေး​ကြ​လော့။ စိတ်​ငယ်​သော​သူ​တို့​ကို အား​ပေး​ကြ​လော့။ အား​နည်း​သော သူ​တို့​ကို ထောက်​မ​ကြ​လော့။ ခပ်​သိမ်း​သော​သူ​တို့​အား ရှည်​သော​စိတ် ရှိ​စေ​ကြ​လော့။-

ထို​ကြောင့်၊ တွဲ​လွဲ​နေ​သော​လက်​တို့​နှင့် အား​မ​ရှိ​သော​ဒူး​တို့​ကို ခိုင်​ခံ့​စေ​ကြ​လော့။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ