တစ်နေ့ချင်းတွင် ပျက်စီးတတ်ကြ၏။ အဘယ်သူမျှ ပမာဏမပြုဘဲ အစဉ်ဆုံးရှုံးခြင်းသို့ ရောက်တတ်ကြ၏။
တစ်နိုင်ငံနှင့်တစ်နိုင်ငံ၊ တစ်မြို့နှင့်တစ်မြို့ထကြ၍၊ ဘေးအမျိုးမျိုးအားဖြင့်၊ ဘုရားသခင် ဆုံးမတော်မူ၏။
ယဟောရံသည် အသက်သုံးဆယ်နှစ်နှစ်ရှိသော်၊ နန်းထိုင်၍ ယေရုရှလင်မြို့၌ ရှစ်နှစ်စိုးစံပြီးမှ၊ အဘယ်သူမျှမနှမြောဘဲ သေသွား၏။ ဒါဝိဒ်မြို့၌ သင်္ဂြိုဟ်သော်လည်း၊ ရှင်ဘုရင်တို့ သင်္ချိုင်း၌ မသင်္ဂြိုဟ်ကြ။
လူသည် သေလျှင် အသက်ရှင်ပြန်ပါလိမ့်မည်လော။ အကျွန်ုပ် ပြောင်းလဲချိန် မရောက်မီ၊ ပင်ပန်းစွာ အမှုထမ်းရသော နေ့ရက်ကာလပတ်လုံး သည်းခံလျက် နေပါမည်။
ပန်းပွင့်ကဲ့သို့ပွင့်၍ ရိတ်ဖြတ်ခြင်းကို ခံရပါ၏။ မတည်မရပ်ဘဲ အရိပ်ကဲ့သို့ ရွေ့သွားတတ်ပါ၏။
ကိုယ်တော်သည် လူကို အစဉ်နိုင်တော်မူ၍၊ လူသည် ကွယ်ပျောက်တတ်ပါ၏။ ထူးခြားသောမျက်နှာကို ပေး၍ အခြားသို့ လွှတ်လိုက်တော်မူ၏။
နှစ်ပေါင်းမကြာမမြင့်မီ တစ်ဖန်ပြန်၍ မလာရသောလမ်းသို့ ငါလိုက်သွားရတော့မည်။
မြေပေါ်မှာသူ့ကို အောက်မေ့စရာအမှတ်ပျောက်ပျက်၍၊ ပွဲသဘင်၌ သူ၏နာမကို အဘယ်သူမျှ မခေါ်မပြော။
မိမိမစင်ကဲ့သို့ အစဉ်ပျက်ရလိမ့်မည်။ သူ့ကိုမြင်ဖူးသော သူတို့က၊ ထိုသူသည် အဘယ်မှာရှိသနည်းဟု မေးကြလိမ့်မည်။
နောက်တစ်ဖန်သူသည် ရွေ့သွား၍ ကွယ်ပျောက်၏။ သူ့ကိုလည်း ငါရှာ၍မတွေ့ရ။
အကျွန်ုပ်သည် ရွေ့သွား၍မပျောက်မီတွင် သက်သာရမည်အကြောင်း၊ မျက်နှာလွှဲတော်မူပါ။
မတရားသော သူတို့သည် မြက်ပင်ကဲ့သို့ပေါက်၍၊ အဓမ္မအမှုကို ပြုသောသူတို့သည် ပွင့်လန်းကြသောအခါ၊ ထာဝရပျက်စီးခြင်းသို့ရောက်ရသော အကြောင်းပေတည်း။
တရားသောသူကို အောက်မေ့သောအခါ ကောင်းချီးပေးတတ်၏။ မတရားသောသူ၏ နာမမူကားပုပ်ပျက်တတ်၏။