ငါတို့သည် သင်နှင့်နှုတ်ဆက်စမ်းလျှင်၊ သင်သည် စိတ်ပျက်ကောင်းပျက်လိမ့်မည်။ သို့သော်လည်း၊ အဘယ်သူသည် စကားမပြောဘဲ နေနိုင်မည်နည်း။
ထိုအခါ တေမန်အမျိုးသား ဧလိဖတ်မြွက်ဆိုသည်ကား၊
ထိုကြောင့်၊ ငါသည် နှုတ်ကပတ်တော်ကို မကြားမပြော၊ နာမတော်ကိုအမှီပြု၍ မဟောဘဲနေမည်ဟု သဘောထားသော်လည်း၊ ငါ့အရိုးတို့၌ချုပ်ထား၍၊ လောင်သောမီးကဲ့သို့ နှုတ်ကပတ်တော်သည် ငါ့နှလုံး၌ ဖြစ်သောကြောင့်၊ အလွန်ငြီးငွေ့သဖြင့် အောင့်၍မနေနိုင်၊
ထိုကြောင့်၊ ငါသည် ထာဝရဘုရား၏အမျက်တော်နှင့် ပြည့်ဝ၏။ အောင့်၍ မနေနိုင်။ လမ်း၌ရှိသော သူငယ်များနှင့် စုဝေးသော လူပျိုများအပေါ်သို့ အမျက်တော်ကို ငါသွန်းလောင်းမည်။ လင်မယားအစုံကိုလည်းကောင်း၊ အသက်ကြီးသောသူနှင့် အိုလွန်းသောသူကိုလည်းကောင်း သိမ်းသွားမည်။
ငါတို့သည် ကြားလျက်၊ မြင်လျက်ရှိသောအရာတို့ကို မဟောမပြောဘဲမနေနိုင်ဟု ထိုသူတို့အား ဆိုကြ၏။-