Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ယောဘဝတ္တု။ 4:17

Judson Bible

သေ​တတ်​သော​လူ​သည် ဘု​ရား​သ​ခင့်​ရှေ့​မှာ ဖြောင့်​မတ်​ခြင်း​ရှိ​ရ​သ​လော။ လူ​သ​တ္တ​ဝါ​သည် ဖန်​ဆင်း​တော်​မူ​သော အ​ရှင်​ရှေ့​မှာ သန့်​ရှင်း​ခြင်း​ရှိ​ရ​သ​လော။

အခန်းကိုကြည့်ပါ။ ကော်ပီ

25 ပူးပေါင်းရင်းမြစ်များ  

ထို​သို့​ပြု၍ ဖြောင့်​မတ်​သော​သူ​တို့​ကို မ​တ​ရား​သော​သူ​တို့​နှင့်​တ​ကွ ကွပ်​မျက်​ခြင်း​အ​မှု​သည် ကိုယ်​တော်​နှင့် ဝေး​ပါ​စေ​သ​တည်း။ ဖြောင့်​မတ်​သော​သူ​တို့​ကို မ​တ​ရား​သော​သူ​တို့​ကဲ့​သို့​ခံ​စေ​သော​အ​မှု​သည် ကိုယ်​တော်​နှင့် ဝေး​ပါ​စေ​သ​တည်း။ မြေ​ကြီး​လုံး​ကို စီ​ရင်​တော်​မူ​သော​သ​ခင်​သည်၊ တ​ရား​သ​ဖြင့် ပြု​တော်​မူ​မည် မ​ဟုတ်​လော​ဟု လျှောက်​ဆို၏။

မ​သန့်​ရှင်း​သော​အ​ရာ​ထဲ​က သန့်​ရှင်း​သော​အ​ရာ​ကို အ​ဘယ်​သူ ထုတ်​ဖော်​နိုင်​သ​နည်း။ အ​ဘယ်​သူ​မျှ မ​ထုတ်​မ​ဖော်​နိုင်​ပါ။

လူ​သည် အ​ဘယ်​သို့​သော​သူ​ဖြစ်၍ သန့်​ရှင်း​နိုင်​သ​နည်း။ မိန်း​မ​ဖွား​သော​သူ​သည် အ​ဘယ်​သို့​သော​သူ​ဖြစ်၍ ဖြောင့်​မတ်​နိုင်​သ​နည်း။

သို့​ဖြစ်၍ လူ​သည် ဘု​ရား​သ​ခင်​ရှေ့​တော်၌ ကု​သိုလ်​ကို အ​ဘယ်​သို့​ရ​နိုင်​သ​နည်း။ လူ​မိန်း​မ​ဖွား​မြင်​သော​သူ​သည် အ​ဘယ်​သို့ သန့်​ရှင်း​နိုင်​သ​နည်း။

ငါ့​ကို ဖန်​ဆင်း​တော်​မူ​သော​ဘု​ရား​သည် သူ့​ကို​လည်း ဖန်​ဆင်း​တော်​မူ​သည် မ​ဟုတ်​လော။ တစ်​ပါး​တည်း​သော​ဘု​ရား​သည် ငါ​တို့​နှစ်​ယောက်​ကို အ​မိ​ဝမ်း​ထဲ၌ ဖန်​ဆင်း​တော်​မူ​သည် မ​ဟုတ်​လော။

သူ​တစ်​ပါး​ကို ချီး​မွမ်း​သော​စ​ကား​နှင့် မ​ချော့​မော့​တတ်။ ထို​သို့​ပြု​လျှင်၊ ငါ့​ကို​ဖန်​ဆင်း​တော်​မူ​သော ဘု​ရား​သည် ငါ့​ကို ချက်​ချင်း​ပယ်​ရှား​တော်​မူ​မည်။

သို့​သော်​လည်း ငါ့​ကို​ဖန်​ဆင်း​တော်​မူ​ထ​သော၊ ည​အ​ချိန်၌ သီ​ချင်း​ဆို​ရ​သော​အ​ခွင့်​ကို ပေး​တော်​မူ​ထ​သော၊

ငါ​သည် ဝေး​သော​အ​ရပ်​က ကိုယ်​ပ​ညာ​ကို​ဆောင်​ခဲ့​မည်။ ငါ့​ကို ဖန်​ဆင်း​တော်​မူ​သော ဘု​ရား​သ​ခင်​သည် ဖြောင့်​မတ်​တော်​မူ​ကြောင်း​ကို ငါ​ပြ​မည်။

ထို​ဝိ​ညာဉ်​သည် ရပ်​နေ၍၊ ပုံ​သ​ဏ္ဌာန်​လည်း သေ​ချာ​စွာ​မ​ထင်​မ​ရှား အ​ရိပ်​ကို​သာ ငါ​မြင်​ရ၏။ ငြင်း​သော​အ​သံ​ရှိ၍ ငါ​ကြား​သော​စ​ကား​သံ ဟူ​မူ​ကား၊

သင်​သည် ငါ​တ​ရား​စီ​ရင်​ချက်​ကို ပယ်​မည်​လော။ သင်​သည် ကိုယ်​တိုင်​ဖြောင့်​မတ်​ဟန် ရှိ​စေ​ခြင်း​ငှာ၊ ငါ့​ကို​အ​ပြစ်​ရှိ​သည်​ဟု စီ​ရင်​မည်​လော။

ဘု​ရား​သ​ခင်​သည် မ​တ​ရား​သ​ဖြင့် အ​ပြစ်​ပေး​တော်​မူ​မည်​လော။ အ​န​န္တ​တန်​ခိုး​ရှင်​သည် တ​ရား​ကို ဖျက်​တော်​မူ​မည်​လော။

မှန်​ပါ၏။ ထို​စ​ကား​မှန်​ကြောင်း​ကို ငါ​သိ၏။ သို့​သော်​လည်း လူ​သည် ဘု​ရား​သ​ခင့်​ရှေ့​တော်၌ အ​ဘယ်​သို့​ဖြောင့်​မတ်​ရာ​သို့ ရောက်​နိုင်​သ​နည်း။

ကိုယ်​တော်၏​ကျွန်​နှင့် တ​ရား​တွေ့​တော်​မ​မူ​ပါ​နှင့်။ အ​သက်​ရှင်​သော​သူ​မည်​သည်​ကား၊ ရှေ့​တော်၌ အ​ပြစ်​ကင်း​စင်​ရာ​သို့ မ​ရောက်​ရ​ပါ။

ထာ​ဝ​ရ​ဘု​ရား၏​လမ်း​ခ​ရီး​တော်​ရှိ​သ​မျှ​တို့​သည် ဖြောင့်​မတ်၍၊ ခပ်​သိမ်း​သော​အ​မှု​တော်​တို့​သည် သန့်​ရှင်း​ကြ​ပါ၏။

အ​ပြစ်​မ​ပါ​ဘဲ ကောင်း​သော​အ​ကျင့်​ကို​ကျင့်​သော သူ​တော်​ကောင်း​တစ်​စုံ​တစ်​ယောက်​မျှ မြေ​ကြီး​ပေါ်​မှာ မ​ရှိ။

အို ထာ​ဝ​ရ​ဘု​ရား၊ အ​ကျွန်ုပ်​သည် ကိုယ်​တော်​နှင့် တ​ရား​စ​ကား​ကို​ဆွေး​နွေး​သော​အ​ခါ၊ ကိုယ်​တော်​သည် တ​ရား​တော်​မူ၏။ သို့​သော်​လည်း၊ စစ်​ကြော​စီ​ရင်​တော်​မူ​ခြင်း​အ​ကြောင်း​ကို မေး​လျှောက်​ပါ​မည်။ မ​တ​ရား​သော​သူ​တို့​သည် အ​ဘယ်​ကြောင့် အ​ကြံ​မြောက်​ရ​ကြ​ပါ​သ​နည်း။ အ​လွန်​သ​စ္စာ​ပျက်​သော သူ​အ​ပေါင်း​တို့​သည် အ​ဘယ်​ကြောင့် ချမ်း​သာ​ရ​ကြ​ပါ​သ​နည်း။

စိတ်​နှ​လုံး​သည် ခပ်​သိမ်း​သော အ​ရာ​ထက် စဉ်း​လဲ​တတ်၏။ အ​လွန်​ယို​ယွင်း​သော သ​ဘော​ရှိ​၏။ စိတ်​နှ​လုံး​သ​ဘော​ကို အ​ဘယ်​သူ​သိ​နိုင်​သ​နည်း။

ဘု​ရား​သ​ခင်၏​ပ​ညာ​နှင့် ဉာဏ် တော်​သည် အ​လွန် ကျယ်​ဝန်း​နက်​နဲ​စွ​တ​ကား။ စီ​ရင်​တော်​မူ​ချက်​တို့​ကို အ​ဘယ်​သူ​မျှ စစ်၍​မ​ကုန်​နိုင်။ ကြွ​တော်​မူ​ရာ​လမ်း​တို့​ကို လိုက်၍​ရှာ​သော်​လည်း မ​တွေ့​မ​မီ​နိုင်။-

ထို​သို့​ပြု​လျှင် စိတ်​ခိုင်​မာ၍ နောင်​တ​မ​ရ​သည်​နှင့်​အ​ညီ ဒေါ​သ​နေ့​တည်း​ဟူ​သော ဘု​ရား​သ​ခင်၏ တ​ရား​တော်​ထင်​ရှား​သော​နေ့၌ ကိုယ်​ခံ​စ​ရာ​ဖို့ အ​မျက်​ဒေါ​သ​ကို ဆည်း​ပူး​သ​လော။-

ဘု​ရား​သ​ခင်​ကို ငြင်း​ဆန်​သော အ​ချင်း​လူ၊ သင်​သည်​ကား အ​ဘယ်​သူ​နည်း။ လုပ်​အပ်​သော​အ​ရာ​သည် လုပ်​တတ်​သော​သူ​အား၊ အ​ဘယ်​ကြောင့် ငါ့​ကို ဤ​သို့​လုပ်​သ​နည်း​ဟု ဆို​ရ​မည်​လော။-

ထို​သ​တ္တ​ဝါ​လေး​ပါး​တို့၏ ကိုယ်​ပတ်​ဝန်း​ကျင်၌၊ တစ်​ပါး​တစ်​ပါး​လျှင် အ​တောင်​ခြောက်​ခု​စီ​ရှိ၍၊ အ​တွင်း၌ မျက်​စိ​နှင့်​ပြည့်​ကြ၏။ သူ​တို့​က​လည်း၊ အ​န​န္တ​တန်​ခိုး​နှင့် ပြည့်​စုံ၍၊ ပ​စ္စု​ပ္ပန်၊ အ​တိတ်၊ အ​နာ​ဂတ်​ကာ​လ အ​စဉ်​ရှိ​တော်​မူ​သော ထာ​ဝ​ရ​အ​ရှင်​ဘု​ရား​သ​ခင်​သည် သန့်​ရှင်း​တော်​မူ၏၊ သန့်​ရှင်း​တော်​မူ၏၊ သန့်​ရှင်း​တော်​မူ၏​ဟု နေ့​ည​မ​ပြတ် ငြိမ်၍​မ​နေ​ဘဲ ပြော​ဆို​ကြ၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ