ဝိညာဉ်တစ်ပါးသည် ငါ့ရှေ့၌ ကန့်လန့်လျှောက်သွား၍၊ ငါသည် ကြက်သီးမွေးညင်း ထလေ၏။
ငါ့အရိုးများ တုန်လှုပ်သည်တိုင်အောင်၊ ငါအလွန်ကြောက်အားကြီး၍ ထိတ်လန့်လျက်နေ၏။
ထိုဝိညာဉ်သည် ရပ်နေ၍၊ ပုံသဏ္ဌာန်လည်း သေချာစွာမထင်မရှား အရိပ်ကိုသာ ငါမြင်ရ၏။ ငြင်းသောအသံရှိ၍ ငါကြားသောစကားသံ ဟူမူကား၊
မိမိတမန်တို့ကို လေကဲ့သို့လည်းကောင်း၊ မိမိအစေအပါတို့ကို မီးလျှံကဲ့သို့လည်းကောင်း ဖြစ်စေတော်မူထသော၊
နာခြင်းဝေဒနာအမျိုးမျိုးကို ခံရကြလိမ့်မည်။ သားဖွားသောမိန်းမကဲ့သို့ ဝေဒနာကိုခံရလျက်၊ တစ်ယောက်ကိုတစ်ယောက် ကြည့်ရှု၍ မှိုင်တွေသဖြင့်၊ သူတို့မျက်နှာသည် မီးလျှံအဆင်းရှိလိမ့်မည်။
သူကလည်း အလွန်ချစ်အပ်သောသူ၊ ဒံယေလ၊ ငါ့စကားကို နားလည်အံ့သောငှာ မတ်တတ်နေလော့။ သင်ရှိရာသို့ ငါ့ကိုစေလွှတ်တော်မူ၍ ယခုငါလာပြီဟု ဆိုလျှင်၊ ငါသည် တုန်လှုပ်လျက် မတ်တတ်နေ၏။
မျက်နှာတော်ညှိုးငယ်၍ စိတ်ပူပန်ခြင်းသို့ ရောက်သဖြင့်၊ ခါးဆစ်ပြုတ်မတတ်ဖြစ်၍ ဒူးခြင်းထိခိုက်သည်ရှိသော်၊
ထိုသို့ အိုင်ပေါ်မှာစက်တော်ဖြန့်၍ ကြွတော်မူသည်ကို သူတို့သည်မြင်လျှင် ထိတ်လန့်၍၊ ဖုတ်တစ္ဆေဖြစ်သည်ဟု ကြောက်သောစိတ်နှင့် အော်ဟစ်ကြ၏။-
ကောင်းကင်တမန်များတို့ကား၊ ကယ်တင်တော်မူခြင်းကျေးဇူးကို အမွေခံလတ္တံ့သော သူတို့ကို ပြုစုစေခြင်းငှာ၊ စေလွှတ်တော်မူသော အစေခံနာမ်ဝိညာဉ် ဖြစ်ကြသည် မဟုတ်လော။
တစ်နည်းကား၊ မိမိတမန်တို့ကို လေကဲ့သို့လည်းကောင်း၊ မိမိအစေအပါတို့ကို မီးလျှံကဲ့သို့လည်းကောင်း၊ ဖြစ်စေတော်မူထသောဟု ကောင်းကင်တမန်တို့ကို ရည်ဆောင်၍ ဆိုသတည်း။-