သို့သော်လည်း ကိုယ်ကိုချီကြွသောအခါ၊ မြင်းနှင့် မြင်းစီးသောသူကိုပင် ရယ်တတ်၏။
ထိုမင်း၏အမှုမှာ ထာဝရဘုရား မိန့်တော်မူသောစကားဟူမူကား၊ ဇိအုန်သတို့သမီးကညာသည် သင့်ကို မထီမဲ့မြင်ပြု၍ ပြက်ရယ်၏။ ယေရုရှလင်သတို့သမီးသည် သင့်နောက်၌ ခေါင်းညိတ်၏။
အကြောင်းမူကား၊ ဘုရားသခင်သည် ပညာမဲ့စေခြင်းငှာ ဖန်ဆင်းတော်မူ၏။ ဉာဏ်ကို ပေးတော်မမူ။
သင်သည် မြင်းကိုခွန်အားနှင့် ပြည့်စုံစေသလော။ သူ၏လည်ပင်း၌ မိုးကြိုးလက္ခဏာကို သွင်းသလော။
ကြောက်စရာအကြောင်းကို ကဲ့ရဲ့၍၊ ကြောက်လန့်သောသဘောနှင့် ကင်းလွတ်သဖြင့်၊ ဓားဘေးကို မရှောင်တတ်။
မြို့၌ဖြစ်သော လူတို့၏အသံဗလံကို သူသည် မထီမဲ့မြင်ပြုတတ်၏။ နှင်သောသူ အော်ဟစ်နှိုးဆော်သံကို မမှတ်တတ်။
တုတ်ကြီးကို ဖွဲကဲ့သို့မှတ်၍၊ လှံနှင့်ရွယ်သောအခါ ရယ်တတ်၏။
ပျက်စီးခြင်းဘေးနှင့် အစာခေါင်းပါးခြင်းဘေးကို ရယ်မော၍ တောသားရဲတို့ကိုလည်း မကြောက်ရ။