ကုလားအုတ်ငှက်သည် အတောင်ခတ်လျက် နေတတ်၏။ တောငန်းသည် အမွေးအတောင်နှင့် ပြည့်စုံ၏။
ရှင်ဘုရင်သည် တာရှုသင်္ဘောကို ဟိရံမင်းသင်္ဘောနှင့်အတူ စေလွှတ်သဖြင့်၊ သုံးနှစ်တစ်ခါ တာရှုသင်္ဘောသည် ပြန်လာ၍ ရွှေ၊ ငွေ၊ ဆင်စွယ်၊ မျောက်များ၊ ဒေါင်းများကို ဆောင်ခဲ့တတ်၏။
ရှင်ဘုရင်၏သင်္ဘောသည် ဟိရံမင်းကျွန်တို့နှင့် တာရှုမြို့သို့သွားတတ်သဖြင့်၊ သုံးနှစ်တစ်ခါ တာရှုသင်္ဘောသည်ပြန်လာ၍ ရွှေ၊ ငွေ၊ ဆင်စွယ်၊ မျောက်များ၊ ဒေါင်းများကို ဆောင်ခဲ့တတ်၏။
မြေခွေးတို့နှင့် ညီအစ်ကိုတော်၏။ ကုလားအုတ်ငှက်တို့နှင့် ပေါင်းဖော်ရ၏။
သင်၏စပါးကို ဆောင်ခဲ့၍ စပါးကျီ၌ စုသိမ်းလိမ့်မည်ဟု ယုံသလော။
သို့သော်လည်း မြေ၌ဥ၍ အဥတို့ကို မြေမှုန့်၌ နွေးစေတတ်၏။
ထိုအပင်တို့၌ ငှက်တို့သည် အသိုက်လုပ်တတ်ကြ၏။ ထင်းရှူးပင်တို့၌ တောငန်းတို့သည် နေရာကျတတ်ကြ၏။
မိုးကောင်းကင်၌ ကျင်လည်သော တောငန်းသော်လည်း၊ မိမိအချိန်ကို သိတတ်၏။ ဥချိုး၊ တီတီတွတ်၊ ဇရက်သော်လည်း၊ မိမိပြန်လာချိန်ကို မှတ်တတ်၏။ ငါ၏လူမူကား၊ ထာဝရဘုရားစီရင်တော်မူခြင်းကို နားမလည်တတ်။
ကုလားအုတ်ငှက်၊ ငှက်ဆိုး၊ ဥဗျိုင်း၊ သိမ်းမျိုး၊
တောငန်း၊ ဒုံးစပ်မျိုး၊ ဒုံးကုလား၊ လင်းနို့မှစ၍၊
တစ်ဖန် ငါမျှော်ကြည့်၍၊ တောငန်း၏အတောင်ကဲ့သို့၊ အတောင်ရှိသော မိန်းမနှစ်ယောက်တို့သည်၊ အတောင်တို့၌ ဝိညာဉ်ပါလျက် ထွက်လာ၍၊ ထိုဧဖာကို မြေကြီးနှင့် မိုးကောင်းကင်စပ်ကြားသို့ ချီသွားကြ၏။