ယောဘဝတ္တု။ 38:41Judson Bibleကျီးအသူငယ်တို့သည် စားစရာမရှိသောကြောင့် လှည့်လည်၍ ဘုရားသခင်ကို အော်ဟစ်သောအခါ၊ စားစရာကို အဘယ်သူပေးသနည်း။ အခန်းကိုကြည့်ပါ။ |
မိုးကောင်းကင်၌ ကျင်လည်သော ငှက်များကို ကြည့်ရှုဆင်ခြင်ကြလော့။ ထိုငှက်တို့သည် မျိုးစေ့ကို မစိုက်မကြဲ၊ စပါးကိုမရိတ်၊ ကျီ၌မစုမသွင်း။ သို့သော်လည်း ကောင်းကင်ဘုံ၌ ရှိတော်မူသော သင်တို့အဘသည် သူတို့ကို ကျွေးမွေးတော်မူ၏။ ထိုငှက်တို့ထက် သင်တို့သည် အလွန်မြတ်သည် မဟုတ်လော။-