လေပွေသည် တောင်မျက်နှာမှလည်းကောင်း၊ အချမ်းသည် မြောက်မျက်နှာမှလည်းကောင်း ထွက်လာတတ်၏။
ထိုအခါ ထာဝရဘုရားသည် ယောဘစကားကို လှန်ပြန်၍၊ မိုးသက်မုန်တိုင်းထဲက မိန့်တော်မူသည်ကား၊
အာရှကြယ်၊ ခသိလကြယ်၊ ခိမကြယ်စုမှစ၍ တောင်မျက်နှာ ကြယ်တိုက်တို့ကို ဖန်ဆင်းတော်မူ၏။
နေတော်မူရာအထက်ခန်း၊ အမြစ်ကိုရေ၌ တည်တော်မူထသော၊ မိုးတိမ်ရထားကိုစီး၍၊ လေအတောင်တို့ဖြင့် ကြွသွားတော်မူထသော၊
မိမိမိုးသီးကို စားနုတ်စားပေါက်ကဲ့သို့ လွှတ်တော်မူ၍၊ ချမ်းစေတော်မူခြင်းကို အဘယ်သူခံနိုင်သနည်း။
မြောက်လေသည် မိုးရေကိုဆောင်တတ်သကဲ့သို့၊ ကုန်းတိုက်သောလျှာသည် ဒေါသမျက်နှာကို ဆောင်တတ်၏။
ရေလွှမ်းမိုးသောတောနှင့် ဆိုင်သောဗျာဒိတ်တော်ကား၊ တောင်လေမုန်တိုင်းတိုက်သကဲ့သို့ ကြောက်မက်ဖွယ်သောပြည်၊ တောကြီးမှလာ၏။
ထာဝရဘုရားသည် သူတို့အပေါ်မှာထင်ရှားတော်မူ၍၊ မြားတော်သည် လျှပ်စစ်ပြက်သကဲ့သို့ ပြေးလိမ့်မည်။ အရှင်ထာဝရ ဘုရားသခင်သည် တံပိုးမှုတ်၍၊ တောင်လေပွေတို့နှင့် ကြွသွားတော်မူလိမ့်မည်။