Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ယောဘဝတ္တု။ 36:6

Judson Bible

မ​တ​ရား​သော​သူ​တို့၏​အ​သက်​ကို စောင့်​တော်​မ​မူ။ ဆင်း​ရဲ​ခံ​ရ​သော​သူ​တို့​ဘက်၌ တ​ရား​စီ​ရင်​တော်​မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

21 ပူးပေါင်းရင်းမြစ်များ  

ဖျက်​ဆီး​ရာ​နေ့​ရက်​ကာ​လ​ဖို့ မ​တ​ရား​သော​သူ​တို့​သည် ယ​ခု​ဘေး​လွတ်​လိမ့်​မည်​အ​ကြောင်း၊ ဒေါ​သ​အ​မျက်​ခံ​ရာ နေ့​ရက်​ကာ​လ​ဖို့ ယ​ခု​ထွက်​မြောက်​လိမ့်​မည် အ​ကြောင်း​တည်း​ဟူ​သော သူ​တို့​လ​က္ခ​ဏာ​သက်​သေ​များ​ကို မ​သိ​ကြ​သ​လော။

သူ​တို့​အ​ပြစ်​ကြောင့် ပ​ရိ​သတ်​ရှေ့​မှာ ဒဏ်​ခတ်​တော်​မူ၏။

နံ​နက်​အ​လင်း​သည် မြေ​ကြီး​စွန်း​ကို​ကိုင်​လျက်၊ လူ​ဆိုး​တို့​ကို​ခါ၍ ပစ်​စေ​ခြင်း​ငှာ စီ​ရင်​ဖူး​သ​လော။

အ​ပြစ်​နှင့်​ကင်း​လွတ်​လျက်​ပင် ပျက်​စီး​ခြင်း​သို့ အ​ဘယ်​သူ​ရောက်​သ​နည်း။ ဖြောင့်​မတ်​သော​သူ​သည် အ​ဘယ်​အ​ရပ်၌ ဆုံး​သ​နည်း​ဟု ဆင်​ခြင်​ပါ​လော့။

ထို​သူ​တို့​စီ​ရင်​သော ဓား​ဘေး​မှ​လည်း​ကောင်း၊ အား​ကြီး​သော​သူ​တို့၏ လက်​မှ​လည်း​ကောင်း၊ ဆင်း​ရဲ​သား​တို့​ကို ကယ်​နုတ်​တော်​မူ၏။

သင့်​ကို​မုန်း​သော သူ​တို့​သည် ရှက်​ခြင်း​နှင့် ဖုံး​လွှမ်း​လျက်​ရှိ​ရ​ကြ​လိမ့်​မည်။ ဆိုး​သော​သူ​နေ​ရာ အ​ရပ်​သည်​လည်း ဆုံး​ရှုံး​ခြင်း​သို့ ရောက်​ရ​လိမ့်​မည်​ဟု မြွက်​ဆို၏။

ထာ​ဝ​ရ​ဘု​ရား​သည် ဆင်း​ရဲ​သော​သူ၏​အ​မှု​ကို​စောင့်၍၊ ငတ်​မွတ်​သော​သူ​ဘက်၌ တ​ရား​စီ​ရင်​တော်​မူ​မည်​ဟု ငါ​သိ၏။

အ​ကယ်​စင်​စစ်​တ​ရား​သော​သူ​တို့​သည် နာ​မ​တော်​ကို ချီး​မွမ်း​ကြ​ပါ​လိမ့်​မည်။ သ​ဘော​ဖြောင့်​သော​သူ​တို့​သည် အ​ထံ​တော်၌ နေ​ရ​ကြ​ပါ​လိမ့်​မည်။

အို​ဘု​ရား​သ​ခင်၊ အ​ခြား​သော​သူ​တို့​ကို ဖျက်​ဆီး​ရာ​တွင်း​ထဲ​သို့ ချ​တော်​မူ​မည်။ လူ​အ​သက်​ကို သတ်​သော​သူ​နှင့် သ​စ္စာ​ပျက်​သော​သူ​တို့​သည် မိ​မိ​အ​သက်​တာ တစ်​ဝက်​ခန့်​မျှ မ​ရှင်​ရ​ကြ။ အ​ကျွန်ုပ်​မူ​ကား၊ ကိုယ်​တော်၌ ခို​လှုံ​ပါ​မည်။

ထို​မင်း​သည် ကိုယ်​တော်၏ လူ​တို့​တွင် ဆင်း​ရဲ​သား​တို့​ကို တ​ရား​စီ​ရင်​လျက်၊ ငတ်​မွတ်​သော​သူ​တို့၏ သား​သ​မီး​များ​ကို ကယ်​မ၍၊ ညှဉ်း​ဆဲ​သော​သူ​ကို​လည်း နှိပ်​စက်​ပါ​လိမ့်​မည်။

လူ​အ​သက်​သတ်​ခြင်း​အ​မှု​ကို​စစ်​တော်​မူ၍၊ အ​သေ​ခံ​ရ​သော​သူ​တို့​ကို အောက်​မေ့​တော်​မူ၏။ နှိမ့်​ချ​လျက်​ရှိ​သော သူ​တို့၏​အော်​ဟစ်​ခြင်း​အ​သံ​ကို မေ့​လျော့​တော်​မ​မူ​တတ်​ပါ။

ဆင်း​ရဲ​သား​တို့၏​အ​မှု​ကို တ​ရား​တော်​အ​တိုင်း စီ​ရင်၍၊ နှိမ့်​ချ​သော မြေ​ကြီး​သား​တို့​ဘက်၌ နေ​လျက်၊ ဖြောင့်​မတ်​စွာ ဆုံး​ဖြတ်​လိမ့်​မည်။ မြေ​ကြီး​ကို​နှုတ်​က​ပတ်​တော်​လှံ​တံ​နှင့် ဒဏ်​ခတ်၍၊ ဆိုး​သော​သူ​ကို နှုတ်​ခမ်း​ထွက်​သက်​နှင့် ကွပ်​မျက်​လိမ့်​မည်။

ဘု​ရား​ဝတ်၌ မွေ့​လျော်​သော သူ​တို့​ကို စုံ​စမ်း​နှောင့်​ယှက်​ခြင်း​အ​ထဲ​က ကယ်​နုတ်​ခြင်း​ငှာ​လည်း​ကောင်း၊ မ​တ​ရား​သော​သူ​တို့​ကို ဒဏ်​ခံ​စေ​မည် အ​ကြောင်း၊ ညစ်​ညူး​သော တပ်​မက်​ခြင်း ကိ​လေ​သာ​နှင့်​တ​ကွ၊ ကာ​မ​ဂုဏ်​အ​လို​သို့​လိုက်၍၊ အာ​ဏာ​စက်​ကို မ​ထီ​မဲ့​မြင်​ပြု​သော သူ​တို့​ကို အ​ထူး​သ​ဖြင့် ဒဏ်​ခံ​စေ​မည်​အ​ကြောင်း၊ တ​ရား​ဆုံး​ဖြတ်​သော​နေ့​အ​ဖို့ ချုပ်​ထား​ခြင်း​ငှာ​လည်း​ကောင်း၊ ထာ​ဝ​ရ​ဘု​ရား​သည် တတ်​နိုင်​တော်​မူ၏။ ထို​သူ​တို့​သည် ရဲ​ရင့်​သော​သူ၊ ကိုယ်​အ​လို​သို့ လိုက်​တတ်​သော​သူ​ဖြစ်၍၊ ဘုန်း​တန်​ခိုး​ကြီး​သော​သူ​တို့​ကို ကဲ့​ရဲ့​ဝံ့​ကြ၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ