Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ယောဘဝတ္တု။ 36:3

Judson Bible

ငါ​သည် ဝေး​သော​အ​ရပ်​က ကိုယ်​ပ​ညာ​ကို​ဆောင်​ခဲ့​မည်။ ငါ့​ကို ဖန်​ဆင်း​တော်​မူ​သော ဘု​ရား​သ​ခင်​သည် ဖြောင့်​မတ်​တော်​မူ​ကြောင်း​ကို ငါ​ပြ​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

27 ပူးပေါင်းရင်းမြစ်များ  

ထို​အ​ခါ ဗု​ဇ​အ​မျိုး အာ​ရ​အ​နွယ်​ဖြစ်​သော ဗာ​ရ​ခေ​လ​သား​ဧ​လိ​ဟု​သည် အ​မျက်​ထွက်၏။ ယော​ဘ​သည် ဘု​ရား​သ​ခင်​ထက် မိ​မိ​ဖြောင့်​မတ်​ကြောင်း​ကို ပြ​သော​ကြောင့်၊ ယော​ဘ​ကို အ​မျက်​ထွက်၏။

သို့​ရာ​တွင် လူ​ထဲ၌​ဝိ​ညာဉ်​ရှိ၏။ ဘု​ရား​သ​ခင် အ​သက်​ရှင်​စေ​တော်​မူ​သ​ဖြင့် ဉာဏ်​ရှိ၏။

ယော​ဘ​က၊ ငါ​ဖြောင့်​မတ်၏။ ဘု​ရား​သ​ခင်​သည် ငါ့​ကို အ​မှု​ရှုံး​စေ​တော်​မူ၏။

ငါ့​ကို သည်း​ခံ​ပါ​လော့။ အ​ကျိုး​အ​ကြောင်း​ကို ငါ​ပြ​ဦး​မည်။ ဘု​ရား​သ​ခင့်​အ​ဖို့ ပြော​စ​ရာ​ရှိ​သေး၏။

အ​န​န္တ​တန်​ခိုး​ရှင်​ကို ငါ​တို့​သည် စစ်၍​မ​ကုန်​နိုင်​ကြ။ အ​စွမ်း​သ​တ္တိ​အား​ဖြင့်​လည်း​ကောင်း၊ တ​ရား​စီ​ရင်​ခြင်း​နှင့် ဖြောင့်​မတ်​ခြင်း​အား​ဖြင့်​လည်း​ကောင်း ထူး​ဆန်း​တော်​မူ၏။ အ​ဘယ်​သူ​ကို​မျှ ညှဉ်း​ဆဲ​တော်​မ​မူ။

သေ​တတ်​သော​လူ​သည် ဘု​ရား​သ​ခင့်​ရှေ့​မှာ ဖြောင့်​မတ်​ခြင်း​ရှိ​ရ​သ​လော။ လူ​သ​တ္တ​ဝါ​သည် ဖန်​ဆင်း​တော်​မူ​သော အ​ရှင်​ရှေ့​မှာ သန့်​ရှင်း​ခြင်း​ရှိ​ရ​သ​လော။

ဘု​ရား​သ​ခင်​သည် မ​တ​ရား​သ​ဖြင့် အ​ပြစ်​ပေး​တော်​မူ​မည်​လော။ အ​န​န္တ​တန်​ခိုး​ရှင်​သည် တ​ရား​ကို ဖျက်​တော်​မူ​မည်​လော။

တ​ရား​သ​ဖြင့် ပြု​တော်​မူ​သော ထာ​ဝ​ရ​ဘု​ရား​သည် တ​ရား​သော​အ​မှု​ကို​နှစ်​သက်၍ သ​ဘော​ဖြောင့်​သော​သူ​ကို မျက်​နှာ​ပြု​တော်​မူ၏။

ထာ​ဝ​ရ​ဘု​ရား၏​လမ်း​ခ​ရီး​တော်​ရှိ​သ​မျှ​တို့​သည် ဖြောင့်​မတ်၍၊ ခပ်​သိမ်း​သော​အ​မှု​တော်​တို့​သည် သန့်​ရှင်း​ကြ​ပါ၏။

အို ထာ​ဝ​ရ​ဘု​ရား၊ အ​ကျွန်ုပ်​သည် ကိုယ်​တော်​နှင့် တ​ရား​စ​ကား​ကို​ဆွေး​နွေး​သော​အ​ခါ၊ ကိုယ်​တော်​သည် တ​ရား​တော်​မူ၏။ သို့​သော်​လည်း၊ စစ်​ကြော​စီ​ရင်​တော်​မူ​ခြင်း​အ​ကြောင်း​ကို မေး​လျှောက်​ပါ​မည်။ မ​တ​ရား​သော​သူ​တို့​သည် အ​ဘယ်​ကြောင့် အ​ကြံ​မြောက်​ရ​ကြ​ပါ​သ​နည်း။ အ​လွန်​သ​စ္စာ​ပျက်​သော သူ​အ​ပေါင်း​တို့​သည် အ​ဘယ်​ကြောင့် ချမ်း​သာ​ရ​ကြ​ပါ​သ​နည်း။

ထို​ကြောင့် ထာ​ဝ​ရ​ဘု​ရား​သည် ဘေး​ဥ​ပဒ်​ကို​စောင့်၍၊ အ​ကျွန်ုပ်​တို့အပေါ်သို့ ရောက်စေတော်မူပြီ။ အ​ကျွန်ုပ်​တို့၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် ပြု​တော်​မူ​သ​မျှ​တို့၌ ဖြောင့်​မတ်​တော်​မူ၏။ အ​ကျွန်ုပ်​တို့​သည် ဗျာ​ဒိတ်​တော်​အ​သံ​ကို နား​မ​ထောင်​ဘဲ နေ​ကြ​ပါ​ပြီ​တ​ကား။

အို​ဘု​ရား​ရှင်၊ ကိုယ်​တော်​သည် တ​ရား​နှင့် ဆိုင်​တော်​မူ၏။ ကိုယ်​တော်​ကို ပြစ်​မှား​သော​အ​ပြစ်​ကြောင့် နှင်​ထုတ်​တော်​မူ၍ နီး​သော​ပြည်၊ ဝေး​သော​ပြည်၊ အ​ရပ်​ရပ်​တို့၌​နေ​ရ​သော ယု​ဒ​ပြည်​သူ၊ ယေ​ရု​ရှ​လင်​မြို့​သား​မှ​စ၍ ဣ​သ​ရေ​လ​လူ​အ​ပေါင်း​တည်း​ဟူ​သော အ​ကျွန်ုပ်​တို့​သည် ယ​နေ့၌​ရှိ​သည်​အ​တိုင်း၊ မျက်​နှာ​ပျက်​ခြင်း​နှင့် ဆိုင်​ကြ​ပါ၏။

တ​ရား​ဆုံး​ဖြတ်​တော်​မူ​သော​အ​ခါ တောင်​ပြည်​ကို အ​စိုး​ရ​သော​မိ​ဖု​ရား​သည်၊ ဤ​လူ​မျိုး​တစ်​ဖက်၌ ထ၍ အ​ရှုံး​ခံ​စေ​လ​တ္တံ့။ အ​ကြောင်း​မူ​ကား၊ ထို​မိ​ဖု​ရား​သည် ရှော​လ​မုန်​မင်း​ကြီး၏ ပ​ညာ​စ​ကား​ကို နား​ထောင်​ခြင်း​ငှာ မြေ​ကြီး​စွန်း​မှ​လာ၏။ ဤ​အ​ရပ်၌​ကား၊ ရှော​လ​မုန်​ထက်​သာ၍ ကြီး​မြတ်​သော​သူ​ရှိ၏။-

သို့​ဖြစ်၍၊ အ​ဘယ်​သို့ ပြော​ရ​မည်​နည်း။ ဘု​ရား​သ​ခင်​သည် မ​တ​ရား​သော​အ​မှု​ကို ပြု​တော်​မူ​သ​လော။ ထို​သို့​မ​ပြော​ရ။-

ဘု​ရား​သ​ခင်​သည် မူ​လ​အ​မြစ်​ဖြစ်၍၊ အ​မှု​တော်​သည် စုံ​လင်​ပေ၏။ စီ​ရင်​တော်​မူ​သ​မျှ​တို့​သည် တ​ရား​နှင့် ညီ​လျက်၊ သ​စ္စာ​စောင့်​သော​ဘု​ရား၊ အ​ပြစ်​ကင်း​လွတ်၍ ဟုတ်​မှန်​ဖြောင့်​မတ်​သော​ဘု​ရား ဖြစ်​တော်​မူ၏။

ကောင်းမြတ်​စုံ​လင်​သော ဆု​ကျေး​ဇူး​ရှိ​သ​မျှ​တို့​သည် အ​လင်း​တို့၏ အ​ဘ​ထံ​တော်​က သက်​ရောက်​သည်​ဖြစ်၍၊ အ​ထက်​အ​ရပ်​မှ လာ​ကြ၏။ ထို​အ​ဘသည် ရွေ့​လျော့​တိမ်း​ယိမ်း​ခြင်း​မ​ရှိ၊ ပြောင်း​လဲ​ခြင်း​အ​ရိပ်​နှင့် ကင်း​လွတ်​တော်​မူ၏။-

သင်​တို့​တွင် တစ်​စုံ​တစ်​ယောက်​သော​သူ​သည် ပ​ညာ​ကို​လို​လျှင်၊ ကဲ့​ရဲ့​ပြစ်​တင်​ခြင်း​ကို ပြု​တော်​မ​မူ​ဘဲ၊ ခပ်​သိမ်း​သော သူ​တို့​အား စေ​တ​နာ​စိတ်​နှင့် ပေး​သ​နား​တော်​မူ​သော ဘု​ရား​သ​ခင်​ကို တောင်း​စေ၊ တောင်း​လျှင် ရ​လိမ့်​မည်။-

အ​ထက်​မှ သက်​ရောက်​သော​ပ​ညာ​မူ​ကား၊ ရှေ့​ဦး​စွာ​စင်​ကြယ်၏။ ထို​မှ​တစ်​ပါး၊ အ​သင့်​အ​တင့်​နေ​တတ်၏။ ဖြည်း​ညင်း​သော​သ​ဘော ရှိ၏။ သွေး​ဆောင်​လွယ်၏။ က​ရု​ဏာ​နှင့်​လည်း​ကောင်း၊ ကောင်း​ကျိုး​နှင့်​လည်း​ကောင်း ပြည့်​စုံ၏။ လျစ်​လျူ​သော​စိတ်​ရှိ၏။ လျှို့​ဝှက်​ခြင်း​နှင့် ကင်း​စင်၏။-

ထို​သူ​တို့​သည် ဘု​ရား​သ​ခင်၏ ကျွန်​မော​ရှေ၏ သီ​ချင်း​နှင့် သိုး​သ​ငယ်၏​သီ​ချင်း​ကို သီ၍၊ အ​န​န္တ​တန်​ခိုး​နှင့် ပြည့်​စုံ​တော်​မူ​သော ထာ​ဝ​ရ​အ​ရှင်​ဘု​ရား​သ​ခင်၊ ကိုယ်​တော်၏ အ​ပြု​အ​မူ​တို့​သည် ကောင်း​မြတ်၍ အံ့​ဩ​ဖွယ်​ဖြစ်​ကြ​ပါ၏။ လူ​မျိုး​တို့၏​ဘု​ရင်၊ ကိုယ်​တော်၏ အ​ကျင့်​ဓ​လေ့​တို့​သည် ဖြောင့်​မတ်​ဟုတ်​မှန်​ကြ​ပါ၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ