Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ယောဘဝတ္တု။ 34:30

Judson Bible

ထို​သို့ ဆင်း​ရဲ​သား​တို့​ကို မ​မှား​ယွင်း​စေ​မည်​အ​ကြောင်း အ​ဓ​မ္မ​မင်း​တို့​ကို နှိမ့်​ချ​တော်​မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

17 ပူးပေါင်းရင်းမြစ်များ  

သူ​တို့​သည် နား​မ​ထောင်၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ရှေ့​မှာ ထာ​ဝ​ရ​ဘု​ရား​ဖျက်​ဆီး​တော်​မူ​သော လူ​မျိုး​တို့​ပြု​သည်​ထက် သာ၍ ဒု​စ​ရိုက်​ကို​ပြု​စေ​ခြင်း​ငှာ မ​နာ​ရှေ​သည် သွေး​ဆောင်​လေ၏။

ဆိုး​သော​သူ​သည် ကြာ​မြင့်​စွာ​ကာ​လ မ​ဝါ​ကြွား​ရ​ကြောင်း​ကို​လည်း​ကောင်း၊ အ​ဓ​မ္မ​လူ​သည် ခ​ဏ​သာ​ဝမ်း​မြောက်​ကြောင်း​ကို​လည်း​ကောင်း မ​သိ​သ​လော။

တ​ရား​ကို မုန်း​သော​သူ​သည် အ​စိုး​ရ​ရ​မည်​လော။ တ​ရား​သ​ဖြင့် စီ​ရင်၍ တန်​ခိုး​ကြီး​သော​သူ​ကို အ​ပြစ်​တင်​သင့်​သ​လော။

အ​ကြောင်း​မူ​ကား၊ လူ​သွား​ရာ​လမ်း​တို့​ကို ဘု​ရား​သ​ခင်​ကြည့်​ရှု၍၊ လူ​ခြေ​ရာ​ရှိ​သ​မျှ​တို့​ကို မြင်​တော်​မူ၏။

ဘု​ရား​သ​ခင်​သည် ချမ်း​သာ​ပေး​တော်​မူ​လျှင် အ​ဘယ်​သူ​နှောင့်​ယှက်​နိုင်​သ​နည်း။ မျက်​နှာ​လွှဲ​တော်​မူ​လျှင် လူ​တစ်​မျိုး​လုံး​ဖြစ်​စေ၊ တစ်​ယောက်​တည်း​ဖြစ်​စေ၊ အ​ဘယ်​သူ​သည် မျက်​နှာ​တော်​ကို ဖူး​မြင်​နိုင်​သ​နည်း။

အ​ကျွန်ုပ်​သည် ဆုံး​မ​တော်​မူ​ခြင်း​ကို ခံ​ရ​ပါ​ပြီ။ နောက်​တစ်​ဖန် မ​ပြစ်​မှား​ပါ။

ထို​သူ​တို့​စီ​ရင်​သော ဓား​ဘေး​မှ​လည်း​ကောင်း၊ အား​ကြီး​သော​သူ​တို့၏ လက်​မှ​လည်း​ကောင်း၊ ဆင်း​ရဲ​သား​တို့​ကို ကယ်​နုတ်​တော်​မူ၏။

ဆိုး​ယုတ်​သော​သူ​တို့​သည် ချီး​မြှောက်​ခြင်း​သို့​ရောက်​သည်​ကာ​လ၊ မ​တ​ရား​သော​သူ​တို့​သည် အ​ရပ်​ရပ် လှည့်​လည်​ရ​သော​အ​ခွင့်​ရှိ​ကြ၏။

ပ​ညာ​သည် စစ်​လက်​နက်​ထက် သာ၍​ကောင်း​မြတ်၏။ ဒု​စ​ရိုက်​ကို​ပြု​သော​သူ​သည်​လည်း၊ ကောင်း​သော​အ​မှု​များ​ကို ဖျက်​ဆီး​တတ်၏။

ရှင်​ဘု​ရင်​နှင့် မင်း​များ​ကို ပေး​ပါ​ဟု သင်​တောင်း​သော​ကြောင့်၊ ငါ​အ​မျက်​ထွက်၍ ရှင်​ဘု​ရင်​ကို ပေး​ပြီ။ တစ်​ဖန်​ပြင်း​စွာ အ​မျက်​ထွက်၍ ရှင်​ဘု​ရင်​ကို ပယ်​ရှား​ပြီ။

ဧ​ဖ​ရိမ်​သည် ညှဉ်း​ဆဲ​ခြင်း​ကို​ခံ​ရ၏။ တ​ရား​စီ​ရင်​ခြင်း​နှင့် တွေ့၍ ဆုံး​ရှုံး​ရ၏။ အ​ကြောင်း​မူ​ကား၊ အ​မိန့်​တော်​အ​တိုင်း ကျင့်​လေ​ပြီ။

အ​ကြောင်း​မူ​ကား၊ သင်​သည် ဩ​မ​ရိ​မင်း၏ စီ​ရင်​ထုံး​ဖွဲ့​ချက်​တို့​ကို​လည်း​ကောင်း၊ အာ​ဟပ်​မင်း​မျိုး ကျင့်​သော​အ​ကျင့် ရှိ​သ​မျှ​ကို​လည်း​ကောင်း ကျင့်​စောင့်၍၊ သူ​တို့၏​တိုက်​တွန်း​ရာ​သို့ လိုက်​တတ်၏။ သို့​ဖြစ်၍၊ သင့်​ကို ငါ​သုတ်​သင်​ပယ်​ရှင်း၍ မြို့​သား​တို့​ကို ဆဲ​ရေး​ရာ ဖြစ်​စေ​သ​ဖြင့်၊ သင်​သည် ငါ၏​လူ​တို့ ကဲ့​ရဲ့​ခြင်း​ကို ခံ​ရ​မည်။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ