အကယ်စင်စစ် သင့်စကားသံကို ငါကြားသည်အတိုင်း သင်မြွက်ဆိုသောစကားဟူမူကား၊
ထိုသို့ယောဘသည် မိမိဖြောင့်မတ်သည်ဟု ထင်သောကြောင့်၊ ထိုသူသုံးယောက်တို့သည် ပြန်၍ မပြောဘဲနေကြ၏။
ထိုအခါ ဗုဇအမျိုး အာရအနွယ်ဖြစ်သော ဗာရခေလသားဧလိဟုသည် အမျက်ထွက်၏။ ယောဘသည် ဘုရားသခင်ထက် မိမိဖြောင့်မတ်ကြောင်းကို ပြသောကြောင့်၊ ယောဘကို အမျက်ထွက်၏။
သင်သည် ကြောက်ရွံ့ရမည်အကြောင်း ငါ၌ ကြောက်မက်ဖွယ်သော အရာမရှိ။ သင့်အပေါ်မှာ ငါသည် လေးသောလက်ကိုမတင်။
ငါသည် စင်ကြယ်သောသဘောရှိ၏။ ပြစ်မှားခြင်းကို မပြုတတ်။ ငါ၌ အပြစ်မရှိ။ သန့်ရှင်းခြင်းရှိ၏။
အကြောင်းမူကား၊ သူတို့သည် ဣသရေလအမျိုး၌ အဓမ္မအမှုကို ပြုကြပြီ။ သူ့မယားတို့ကို ပြစ်မှားကြပြီ။ ငါမမှာထားဘဲ၊ ငါ၏နာမကို အမှီပြု၍ မုသားစကားကို ဟောပြောကြပြီ။ ငါသိသည်အတိုင်း သက်သေဖြစ်သည်ဟု ထာဝရဘုရား မိန့်တော်မူ၏။
သတင်းကြားသည်အတိုင်း ထင်ရှားစွာ ဧကန်မှန်၍၊ ထိုသို့သော စက်ဆုပ်ဖွယ်အမှုကို သင်တို့တွင် အမှန်ပြုမိလျှင်၊