ထိုသူသုံးယောက်တို့သည် ပြန်၍ပြောစရာစကား မရှိကြောင်းကို သိမြင်သောအခါ အမျက်ထွက်လေ၏။
ထိုအခါ ဗုဇအမျိုး အာရအနွယ်ဖြစ်သော ဗာရခေလသားဧလိဟုသည် အမျက်ထွက်၏။ ယောဘသည် ဘုရားသခင်ထက် မိမိဖြောင့်မတ်ကြောင်းကို ပြသောကြောင့်၊ ယောဘကို အမျက်ထွက်၏။
ဧလိဟုသည် သူတို့ထက် အသက်ငယ်သောကြောင့်၊ ယောဘပြောသော စကားမကုန်မီတိုင်အောင် ဆိုင်းလင့်လျက်နေ၏။
ထိုအခါ ဗုဇအမျိုး ဗာရခေလသားဧလိဟု မြွက်ဆိုသည်ကား၊ ငါသည် အသက်ငယ်ပါ၏။ သင်တို့သည် အလွန်အသက်ကြီးပါ၏။ ထိုကြောင့် ငါသည်ကြောက်၍ ကိုယ်သဘောကိုမပြဝံ့ဘဲ နေပါပြီ။
တပ်အနီးသို့ရောက်သောအခါ၊ နွားသငယ်ကိုလည်းကောင်း၊ ကခုန်ခြင်းကိုလည်းကောင်းမြင်လျှင်၊ မောရှေသည်အမျက်ထွက်သဖြင့် ကျောက်ပြားတို့ကိုချ၍ တောင်ခြေရင်း၌ချိုးဖဲ့၏။