ယောဘ၏ အဆွေခင်ပွန်းသုံးယောက်တို့သည် ပြန်၍မပြောနိုင်သော်လည်း၊ ယောဘ၌ အပြစ်ရှိသည်ဟု စီရင်ကြသောကြောင့်၊ သူတို့ကိုလည်း အမျက်ထွက်၏။
အဓမ္မလူ၏အသင်းသည် ဆိတ်ညံလိမ့်မည်။ တံစိုးစားသောသူတို့၏ နေရာသည် မီးလောင်လိမ့်မည်။
သို့မဟုတ်လျှင်၊ ငါ၏မုသားအပြစ်ကို အဘယ်သူပြမည်နည်း။ ငါ၏စကားကို အဘယ်သူချေမည်နည်းဟု မြွက်ဆို၏။
ထိုသို့ယောဘသည် မိမိဖြောင့်မတ်သည်ဟု ထင်သောကြောင့်၊ ထိုသူသုံးယောက်တို့သည် ပြန်၍ မပြောဘဲနေကြ၏။
ထိုအခါ ဗုဇအမျိုး အာရအနွယ်ဖြစ်သော ဗာရခေလသားဧလိဟုသည် အမျက်ထွက်၏။ ယောဘသည် ဘုရားသခင်ထက် မိမိဖြောင့်မတ်ကြောင်းကို ပြသောကြောင့်၊ ယောဘကို အမျက်ထွက်၏။
ဧလိဟုသည် သူတို့ထက် အသက်ငယ်သောကြောင့်၊ ယောဘပြောသော စကားမကုန်မီတိုင်အောင် ဆိုင်းလင့်လျက်နေ၏။
ထိုသို့ထာဝရဘုရားသည် ယောဘအားမိန့်တော်မူပြီးမှ၊ တေမန်အမျိုးသား ဧလိဖတ်အားလည်း သင်နှင့် သင်၏အဆွေခင်ပွန်းနှစ်ယောက်ကို ငါအမျက်ထွက်၏။ အကြောင်းမူကား၊ ငါ့ကျွန်ယောဘသည် ငါ့အကြောင်းအရာတို့ကို ဟုတ်မှန်စွာပြောသကဲ့သို့ သင်တို့သည်မပြော။
စင်စစ် သင့်အတွက် ကိုယ်တော်သည်ထပြီးလျှင် သင်၏ဖြောင့်မတ်သောနေရာကို ကောင်းစားစေတော်မူသဖြင့်၊
ယခုတွင် အကျွန်ုပ်ကို အပြစ်တင်သောအမှု၌ သက်သေမပြနိုင်ကြပါ။
နာဇရက်ဘာသာဝင်သူတို့တွင် အကြီးလုပ်၍ အရပ်ရပ်တို့၌ ယုဒလူအပေါင်းတို့ကို ထစေခြင်းငှာ နှိုးဆော်သော ဤလူဆိုးကို အကျွန်ုပ်တို့သည် တွေ့ကြပါပြီ။-