Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ယောဘဝတ္တု။ 32:13

Judson Bible

သို့​ဖြစ်၍ ငါ​တို့​သည် ပ​ညာ​ကို​ရှာ၍​တွေ့​ပြီ​ဟု သင်​တို့​ဆို​စ​ရာ​မ​ရှိ။ ယော​ဘ​ကို နှိမ့်​ချ​သော​သူ​ကား လူ​မ​ဟုတ်၊ ဘု​ရား​သ​ခင်​ပေ​တည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ

23 ပူးပေါင်းရင်းမြစ်များ  

အ​ဝတ်​မ​ပါ​ဘဲ အ​မိ​ဝမ်း​ထဲ​သို့ ပြန်​သွား​တော့​မည်။ ထာ​ဝ​ရ​ဘု​ရား ပေး​တော်​မူ၏။ ထာ​ဝ​ရ​ဘု​ရား​လည်း ရုပ်​သိမ်း​တော်​မူ၏။ ထာ​ဝ​ရ​ဘု​ရား၏ နာ​မ​တော်​သည် မင်္ဂ​လာ​ရှိ​ပါ​စေ​သ​တည်း​ဟု ဆို​လေ၏။

သင်​တို့​သာ​လျှင် လူ​ဖြစ်၍၊ သင်​တို့​နှင့်​အ​တူ ဉာဏ်​ပ​ညာ​သေ​လိမ့်​မည်​ဟု ယုံ​မှား​စ​ရာ​မ​ရှိ​ရ။

အို အ​ဆွေ​ခင်​ပွန်း​တို့၊ ငါ့​ကို​သ​နား​ကြ​ပါ။ ငါ့​ကို​သ​နား​ကြ​ပါ။ ဘု​ရား​သ​ခင်၏​လက်​တော်​သည် ငါ့​ကို​ထိ​ခိုက်​ပါ​ပြီ။

ဘု​ရား​သ​ခင်​သည် ငါ့​ကို​လှဲ၍ မိ​မိ​ကျော့​ကွင်း၌ ကျော့​မိ​တော်​မူ​ကြောင်း​ကို သိ​မှတ်​ကြ​လော့။

ယော​ဘ​က​လည်း၊ မိန်း​မ​မိုက်​ပြော​တတ်​သ​ကဲ့​သို့ သင်​သည်​ပြော၏။ အ​ဘယ်​သို့​နည်း။ ငါ​တို့​သည် ဘု​ရား​သ​ခင်၏​လက်​တော်​မှ သု​ခ​ချမ်း​သာ​ကို ခံ​ယူ​သည်​ဖြစ်၍၊ ဒု​က္ခ​ဆင်း​ရဲ​ကို မ​ခံ​မ​ယူ​ရာ​သ​လော​ဟု ဆို၏။ ယော​ဘ​သည် ဤ​အ​မှု​များ​နှင့် တွေ့​ကြုံ​သော်​လည်း နှုတ်​ဖြင့်​မျှ မ​မှား​ယွင်း။

စ​ပါး​ပင်​အ​တွက် ဆူး​ပင်​ပေါက်​ပါ​စေ။ မု​ယော​ပင်​အ​တွက် ဗော​ရှ​ပင်​ပေါက်​ပါ​စေ​ဟု မြွက်​ဆို၏။ ယော​ဘ​မြွက်​ဆို​သော​စ​ကား​ပြီး၏။

စေ့​စေ့​နား​ထောင်​စဉ်​တွင်၊ ယော​ဘ​ကို အ​ဘယ်​သူ​မျှ​မ​နိုင်။ သူ၏​စ​ကား​ကို အ​ဘယ်​သူ​မျှ​မ​ချေ။

ယော​ဘ​သည် ငါ့​ကို​ရည်​ဆောင်၍ ပြော​ပြီ​မ​ဟုတ်။ သင်​တို့​ပြန်​ပြော​သည်​အ​တိုင်း ငါ​ပြန်​ပြော​မည် မ​ဟုတ်။

ဘု​ရား​သ​ခင် မှုတ်​တော်​မူ​သ​ဖြင့်၊ ထို​သူ​တို့​သည်​ပျက်​စီး၍၊ ရှူ​တော်​မူ​သော အ​သက်​ဖြင့်​လည်း ဆုံး​ရှုံး​ရ​ကြ၏။

အ​န​န္တ​တန်​ခိုး​ရှင် ပစ်​တော်​မူ​သော မြား​တို့​သည် ငါ၌​စွဲ၍၊ အ​ဆိပ်​အ​တောက်​ဖြင့် ငါ့​ဝိ​ညာဉ်​ကို မွန်း​စေ၏။ ဘု​ရား​သ​ခင်​ပြ​တော်​မူ​သော ကြောက်​မက်​ဖွယ်​အ​ရာ​တို့​သည် ငါ့​ရှေ့​မှာ စီ​လျက်​ရှိ​ကြ၏။

အ​ထက်​က သင့်​အား​ငါ​ဟော​ပြီ။ အ​မှု​မ​ဖြစ်​မီ ငါ​ဖော်​ပြ​ပြီ။ သို့​ဖြစ်၍ သင်​က၊ ငါ၏​ရုပ်​တု​သည် ဤ​အ​မှု​ကို​ပြု​ပြီ။ ငါ​ထု​သော​ရုပ်​တု၊ ငါ​သွန်း​သော​ရုပ်​တု​သည် ဤ​အ​မှု​ကို စီ​ရင်​ပြီ​ဟု ပြော​ရ​သော​အ​ခွင့် မ​ရှိ။

ထို​အ​ရာ​တို့​ကို ယ​ခု​ပင် ဖန်​ဆင်း၏။ အ​ထက်​က​ဖန်​ဆင်း​သည်​မ​ဟုတ်။ ယ​နေ့​တိုင်​အောင် သင်​သည်​မ​ကြား​စ​ဖူး။ သို့​ဖြစ်၍ သင်​က၊ ငါ​သိ​နှင့်​ပြီ​ဟု ပြော​ရ​သော​အ​ခွင့်​မ​ရှိ။

ငါ​သည် ပ​ညာ​ရှိ​သည်​ဟု ကိုယ်​ကို​ထင်​သော​သူ၊ သ​မ္မာ​သ​တိ​နှင့် ပြည့်​စုံ​သည်​ဟု ထင်​မှတ်​သော​သူ​တို့​သည် အ​မင်္ဂ​လာ​ရှိ​ကြ၏။

ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ ပ​ညာ​ရှိ​သော​သူ​သည် မိ​မိ​ပ​ညာ၌ မ​ဝါ​ကြွား​စေ​နှင့်။ ခွန်​အား​ကြီး​သော​သူ​သည် မိ​မိ​ခွန်​အား၌ မ​ဝါ​ကြွား​စေ​နှင့်။ ဥ​စ္စာ​ရ​တတ်​သော​သူ​သည် မိ​မိ​ဥ​စ္စာ၌ မ​ဝါ​ကြွား​စေ​နှင့်။

သင်​သည် ဒံ​ယေ​လ​ထက်​သာ၍ ပ​ညာ​ရှိ​ပါ​သည်​တ​ကား။ သင်​မ​သိ​ရ​အောင် သူ​တစ်​ပါး​ဝှက်​ထား​နိုင်​သော​အ​ရာ တစ်​စုံ​တစ်​ခု​မျှ မ​ရှိ။

ထာ​ဝ​ရ​ဘု​ရား​သည် ယု​ဒ​တဲ​တို့​ကို ရှေ့​ဦး​စွာ ကယ်​တင်​တော်​မူ​မည်။ ထို​ကြောင့် ဒါ​ဝိဒ်​မင်း​မျိုး၏ ဘုန်း​နှင့် ယေ​ရု​ရှ​လင်​မြို့​သား​တို့၏ ဘုန်း​သည် ယု​ဒ​ပြည်​တစ်​ဖက်၌ မ​ဝါ​ကြွား​ရ။

အ​ထက်​အ​ရပ်​မှ အ​ခွင့်​ကို​မ​ရ​လျှင် မင်း​ကြီး​သည် ငါ့​ကို​အ​ဘယ်​သို့​မျှ​မ​ပြု​ပိုင်။ ထို​ကြောင့်​ငါ့​ကို မင်း​ကြီး​လက်​သို့ အပ်​နှံ​သော​သူ​သည် သာ၍ ကြီး​သော​အ​ပြစ်​ရှိ​သည်​ဟု မိန့်​တော်​မူ၏။-

အ​ဘယ်​သူ​မျှ ကိုယ်​ကို မ​လှည့်​ဖြား​စေ​နှင့်။ သင်​တို့​တွင် အ​ကြင်​သူ​သည် ဤ​လော​က၌ ပ​ညာ​ရှိ​ဖြစ်​သည်​ဟု ကိုယ်​ကို​ထင်၏။ ထို​သူ​သည် ပ​ညာ​ရှိ​အ​ဖြစ်​သို့ ရောက်​လို​သော​ငှာ လူ​မိုက်​ဖြစ်​ပါ​စေ။-

ထာ​ဝ​ရ​ဘု​ရား​က​လည်း၊ သင်၌​ပါ​သော​လူ​တို့​သည် အ​လွန်​များ၍၊ သူ​တို့​လက်၌ မိ​ဒျန်​လူ​တို့​ကို ငါ​မ​အပ်​ရ။ အပ်​လျှင် ဣ​သ​ရေ​လ​အ​မျိုး​က၊ ငါ့​လက်​ရုံး​သည် ငါ့​ကို​ကယ်​တင်​ပြီ​ဟု ငါ့​တစ်​ဖက်၌ ဝါ​ကြွား​လိမ့်​မည်။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ