Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ယောဘဝတ္တု။ 31:12

Judson Bible

ထို​အ​ပြစ်​သည် အ​ကုန်​အ​စင်​လောင်​သော​မီး၊ ငါ့​စည်း​စိမ်​ရှိ​သ​မျှ​ကို သုတ်​သင်​ပယ်​ရှင်း​သော​မီး​ဖြစ်၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

10 ပူးပေါင်းရင်းမြစ်များ  

သူ​သည် မှောင်​မိုက်​ဘေး​နှင့် မ​လွတ်​ရ။ မီး​လျှံ​သည် သူ၏​အ​ခက်​အ​လက်​တို့​ကို လောင်​လိမ့်​မည်။ ဘု​ရား​သ​ခင်၏ နှုတ်​တော်​အ​သက်​အား​ဖြင့် သုတ်​သင်​ပယ်​ရှင်း​ခြင်း​ကို ခံ​ရ၏။

သူ၏​အိမ်၌​ရှိ​သော ဥ​စ္စာ​သည် ကွယ်​ပျောက်၍၊ အ​မျက်​တော် ထွက်​သော​နေ့၌ ရေ​ကဲ့​သို့​စီး​သွား​လိမ့်​မည်။

မ​ရ​ဏ​နိုင်​ငံ​သည် ရှေ့​တော်၌ လှန်​လျက်​ရှိ၏။ အ​ဗ​ဒ္ဒုန်​နိုင်​ငံ​ကို ဖုံး​အုပ်​ခြင်း​မ​ရှိ​ရာ။

ငါ​ကြဲ​သော မျိုး​စေ့၏​အ​သီး​အ​နှံ​ကို သူ​တစ်​ပါး​စား​ပါ​စေ။ ငါ့​ပျိုး​ပင်​များ​ကို သူ​တစ်​ပါး​နုတ်​ပါ​စေ။

မ​တ​ရား​သော​သူ၏​နေ​ရာ​သည် ထာ​ဝ​ရ​ဘု​ရား​ကျိန်​တော်​မူ​ခြင်း​ကို တွေ့​တတ်၏။ တ​ရား​သော​သူ၏​နေ​ရာ​ကို​ကား ကောင်း​ချီး​ပေး​တော်​မူ၏။

လူ​သည် အ​ဝတ်​မ​လောင်​ဘဲ မီး​ကို ပိုက်​ဖက်​နိုင်​သ​လော။

သင်​တို့​ကို စစ်​ကြော​စီ​ရင်​ခြင်း​ငှာ ငါ​ချဉ်း​မည်။ ပြု​စား​တတ်​သော​သူ၊ သူ့​မ​ယား​ကို ပြစ်​မှား​သော​သူ၊ မ​မှန်​သော ကျိန်​ဆို​ခြင်း​ကို ပြု​သော​သူ၊ သူ​ငှား​ကို အ​ခ​မ​ပေး ညှဉ်း​ဆဲ​သော​သူ၊ မိ​ဘ​မ​ရှိ​သော​သူ​ငယ်​နှင့် မု​ဆိုး​မ​ကို ညှဉ်း​ဆဲ​သော​သူ၊ ဧည့်​သည်​ကို မ​တ​ရား​သ​ဖြင့် စီ​ရင်​သော​သူ၊ ငါ့​ကို​မ​ကြောက်​ရွံ့​သော​သူ​တို့​တစ်​ဖက်၌ ငါ​သည် လျင်​မြန်​သော​သက်​သေ​ဖြစ်​မည်​ဟု ကောင်း​ကင်​ဗိုလ်​ခြေ အ​ရှင် ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။

ခပ်​သိမ်း​သော သူ​တို့၌ မင်္ဂ​လာ​ဆောင်​ခြင်း​အ​မှု​နှင့် သ​စ္စာ​သံ​ဝါ​သ​ပြု​ခြင်း​အ​မှု​သည် အ​သေ​ရေ ရှိ​စေ​လော့။ မ​တ​ရား​သော မေ​ထုန်​ကို​ပြု​သော​သူ​နှင့် သူ့​မ​ယား​ကို ပြစ်​မှား​သော​သူ​ကို ဘု​ရား​သ​ခင်​စစ်​ကြော စီ​ရင်​တော်​မူ​လိမ့်​မည်။-

သူ​တို့၏ ရှင်​ဘု​ရင်​မူ​ကား၊ ဟေ​ဗြဲ​ဘာ​သာ​အား​ဖြင့် အ​ဗ​ဒ္ဒုန်​ဟူ၍​လည်း​ကောင်း၊ ဟေ​လ​သ​ဘာ​သာ​အား​ဖြင့် အ​ပေါ​လျုန်​ဟူ၍​လည်း​ကောင်း ခေါ်​ဝေါ်​သော အ​နက်​ဆုံး​သော​တွင်း​တ​မန် ဖြစ်၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ