မိမိသွားသောလမ်း ကွယ်ပျောက်သောသူ၊ ဘုရားသခင် ဆီးကာချုပ်ထားသောသူအား အလင်းနှင့်အသက်ကို အဘယ်ကြောင့် ပေးသနည်း။
ဖြိုဖျက်တော်မူလျှင် အဘယ်သူမျှ တည်ဆောက်ရသောအခွင့် မရှိ။ လူကိုချုပ်ထားတော်မူလျှင် အဘယ်သူမျှ လွှတ်ရသောအခွင့်မရှိ။
အကျွန်ုပ်ကို ထိတ်ခတ်လျက်၊ အကျွန်ုပ်ထွက်ရာလမ်း ရှိသမျှကို စောင့်လျက်နေ၍၊ အကျွန်ုပ်ပတ်လည်၌ စည်းလုပ်တော်မူ၏။
စစ်ချီလာ၍၊ စစ်သူရဲတော်တို့သည် ငါ့ရှေ့သို့ရောက်ခြင်းငှာ၊ ကျုံးတူး၍ ငါ့ပတ်လည်၌ တပ်ချကြ၏။
ဘုရားသခင်သည် ငါ့ကိုလှဲ၍ မိမိကျော့ကွင်း၌ ကျော့မိတော်မူကြောင်းကို သိမှတ်ကြလော့။
ငါမသွားနိုင်အောင် ငါ့ရှေ့မှာအဆီးအကာပြု၍၊ ငါသွားရာလမ်း၌ မှောင်မိုက်ကိုထားတော်မူပြီ။
သူတို့သည် သင်္ချိုင်းတွင်းကို တွေ့သောအခါ အလွန်ဝမ်းမြောက်၍ အထူးသဖြင့် ရွှင်လန်းကြ၏။
အကျွန်ုပ်ကိုရန်သူလက်သို့မအပ်ဘဲ ကျယ်ဝန်းသောအရပ်၌ နေရာချတော်မူ၏။
အကျွန်ုပ်၏အသိအကျွမ်းများကို အဝေးသို့ရွှေ့တော်မူပြီ။ သူတို့အား အကျွန်ုပ်ကို ရွံရှာဖွယ်ဖြစ်စေတော်မူပြီ။ အကျွန်ုပ်သည် အချုပ်ခံရ၍၊ ပြင်သို့ မထွက်ရပါ။
အကျွန်ုပ်ခံရသော ဒုက္ခကြောင့် အကျွန်ုပ်မျက်စိသည် ပျက်ပါ၏။ အို ထာဝရဘုရား၊ ကိုယ်တော်ကို အစဉ်အော်ဟစ်ပါ၏။ အထံတော်သို့ လက်ကိုဆန့်ပါ၏။
အို ယာကုပ်အမျိုး၊ သင်သွားသောလမ်းကို ထာဝရဘုရားသိတော်မမူဟု အဘယ်ကြောင့်ပြောသနည်း။ အို ဣသရေလအမျိုး၊ သင့်အမှုကို သင်၏ဘုရားသခင် မှတ်တော်မမူဟု၊ အဘယ်ကြောင့်ဆိုရသနည်း။
ငါမထွက်နိုင်အောင်ဝင်းခတ်၍၊ လေးသော သံကြိုးနှင့် ချည်နှောင်တော်မူ၏။
ငါသွားရာလမ်းကိုကျောက်ထရံနှင့် ပိတ်၍၊ ကောက်သောလမ်းဖြင့် သွားစေတော်မူ၏။
သို့ဖြစ်၍၊ သူ့ကိုဆူးစောင်ရန်းနှင့် ကာထားမည်။ ထွက်စရာမရှိစေခြင်းငှာ သူ့ပတ်လည်၌ ကျောက်ရိုးကိုလည်း တည်မည်။