Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ယောဘဝတ္တု။ 3:21

Judson Bible

သူ​တို့​သည် သေ​ခြင်း​ကို တောင့်​တ၍​မ​ရ​နိုင်။ ဝှက်​ထား​သော​ဥ​စ္စာ​ကို ဖော်​ခြင်း​ငှာ တူး​သည်​ထက် သေ​ခြင်း​အ​ကြောင်း​ကို ဖော်​ခြင်း​ငှာ သာ၍​တူး​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

13 ပူးပေါင်းရင်းမြစ်များ  

သူ့​ကိုယ်​တိုင်​သည် တော​သို့ တစ်​နေ့​ခ​ရီး​သွား​ပြီး​လျှင်၊ ရ​သမ်​ပင်​အောက်​သို့ ရောက်၍ ထိုင်​လေ၏။ ထို​အ​ခါ ကိုယ်​အ​သက်​သေ​ရ​မည်​အ​ကြောင်း ဆု​တောင်း​လျက်၊ အို​ထာ​ဝ​ရ​ဘု​ရား၊ ယ​ခု​တန်​ပါ၏။ အ​ကျွန်ုပ်​အ​သက်​ကို သိမ်း​ယူ​တော်​မူ​ပါ။ အ​ကျွန်ုပ်​သည် ဘိုး​ဘေး​တို့​ထက် သာ၍​မ​ကောင်း​ပါ​ဟု မြည်​တမ်း​ပြီး​လျှင်၊

ဆိုး​သော​သူ​တို့၏​မျက်​စိ​သည် အား​လျော့​လိမ့်​မည်။ သူ​တို့​သည် ပြေး၍​မ​လွတ်​ရ​ကြ။ သူ​တို့ မျှော်​လင့်​စ​ရာ​အ​ကြောင်း​သည် အ​ခိုး​အ​ငွေ့​သက်​သက် ဖြစ်​သည်​ဟု မြွက်​ဆို၏။

သူ​တို့​သည် သင်္ချိုင်း​တွင်း​ကို တွေ့​သော​အ​ခါ အ​လွန်​ဝမ်း​မြောက်၍ အ​ထူး​သ​ဖြင့် ရွှင်​လန်း​ကြ၏။

ငါ​တောင်း​သော​အ​ရာ​ကို ရ​ပါ​စေ။ ငါ​တောင့်​တ​သော​အ​ရာ​ကို ဘု​ရား​သ​ခင် ပေး​သ​နား​တော်​မူ​ပါ​စေ။

တောင့်​တ​သော​အ​ရာ ဟူ​မူ​ကား၊ ဘု​ရား​သ​ခင်​သည် ငါ့​ကို ဖျက်​ဆီး​တော်​မူ​ပါ​စေ။ လက်​တော်​ကို​ဆန့်၍ ငါ့​ကို ဆုံး​စေ​တော်​မူ​ပါ​စေ။

ငါ​သည် ကိုယ်​အ​ရိုး​ကို နှ​မြော​သည်​ထက် အ​သက်​ချုပ်၍ သေ​ရ​သော​အ​ခွင့်​ကို သာ၍​တောင့်​တ​ပါ၏။

ငွေ​ကို​ရှာ​တတ်​သ​ကဲ့​သို့ ပ​ညာ​ကို​ရှာ၍၊ ဝှက်​ထား​သော​ဘ​ဏ္ဍာ​ကို စူး​စမ်း​တတ်​သ​ကဲ့​သို့၊ ဉာဏ်​ကို စူး​စမ်း​လျှင်​လည်း​ကောင်း၊

သို့​ဖြစ်၍၊ သေ​လွန်​ပြီး​သော လူ​သေ​သည် အ​သက်​ရှင်​သေး​သော​လူ​ရှင်​ထက် သာ၍​မင်္ဂ​လာ​ရှိ​သည်​ဟု ငါ​ဆို​ရ၏။

ငါ​နှင်​လိုက်​ရာ အ​ရပ်​ရပ်၌​ကျန်​ကြွင်း၍၊ ဆိုး​ယုတ်​သော ဤ​အ​မျိုး​သား​တို့​သည် အ​သက်​ကို အ​လို​မ​ရှိ။ သေ​ခြင်း​ကို အ​လို​ရှိ၍ ရွေး​ချယ်​ရ​ကြ​လိမ့်​မည်​ဟု၊ ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ၏။

သို့​ဖြစ်၍၊ အို ထာ​ဝ​ရ​ဘု​ရား၊ အ​ကျွန်ုပ်​အ​သက်​ကို နုတ်​ယူ​တော်​မူ​ပါ။ အ​ကျွန်ုပ်​အ​သက်​ရှင်​ခြင်း​ထက် သေ​ခြင်း​သည် သာ၍​ကောင်း​ပါ​သည်​ဟု တောင်း​လျှောက်​လေ၏။

နေ​ထွက်​သော​အ​ခါ ဘု​ရား​သ​ခင်​သည် အ​လွန်​ပူ​သော​အ​ရှေ့​လေ​ကို ပြင်​ဆင်​တော်​မူ၍၊ ယော​န၏​ခေါင်း​ကို နေ​ထိ​ခိုက်​သ​ဖြင့် သူ​သည် မော၍ သေ​ချင်​သော​စိတ်​ရှိ​လျက်၊ ငါ့​အ​သက်​သေ​ခြင်း​သည် ရှင်​ခြင်း​ထက် သာ၍​ကောင်း​သည်​ဟု မြည်​တမ်း​လေ၏။

ထို​သို့ အ​ကျွန်ုပ်၌​ပြု​တော်​မူ​လျှင်​လည်း​ကောင်း၊ စိတ်​တွေ့​တော်​မူ​လျှင်​လည်း​ကောင်း၊ အ​ကျွန်ုပ်​ကို အ​လျင်​အ​မြန်​သေ​စေ​တော်​မူ​ပါ။ ကိုယ်​ဆင်း​ရဲ​ကို ကိုယ်​မ​သိ​မ​မြင်​ပါ​စေ​နှင့်​ဟု ထာ​ဝ​ရ​ဘု​ရား​အား​လျှောက်​ဆို၏။

ထို​နေ့​ရက်​ကာ​လ၌ လူ​တို့​သည် သေ​ခြင်း​ကို ရှာ​ကြ​လိမ့်​မည်။ ရှာ​သော်​လည်း မ​တွေ့​ရ​ကြ။ အ​လွန် သေ​ချင်​သော်​လည်း သေ​မင်း​သည် သူ​တို့​ထံ​မှ ပြေး​သွား​လိမ့်​မည်။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ