Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ယောဘဝတ္တု။ 3:19

Judson Bible

ထို​အ​ရပ်၌ ကြီး​သော​သူ​နှင့် ငယ်​သော​သူ​ရှိ​ကြ၏။ ကျွန်​သည်​လည်း သ​ခင်​လက်​နှင့် လွတ်​ရ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

13 ပူးပေါင်းရင်းမြစ်များ  

နှစ်​ယောက်​လုံး​တို့​သည် မ​ခြား​မ​နား၊ မြေ​မှုန့်၌​အိပ်၍ တီ​ကောင်​များ ဖုံး​လွှမ်း​ခြင်း​ကို ခံ​ရ​ကြ၏။

သူ​သည် ချိုင့်​မြေ​စိုင်​တို့​ကို ချို​နိုး​ထင်​လိမ့်​မည်။ မ​ရေ​တွက်​နိုင်​အောင် များ​စွာ​သော​သူ​တို့​သည် သူ့​ရှေ့၌ သွား​နှင့်​သ​ကဲ့​သို့၊ သူ​သည် လူ​ခပ်​သိမ်း​တို့​ကို မိ​မိ​နောက်၌ သွေး​ဆောင်​လိမ့်​မည်။

အ​ချုပ်​ခံ​ရ​သော​သူ​တို့​သည်​လည်း အ​တူ​ငြိမ်​ဝပ်​ရ​ကြ၏။ ညှဉ်း​ဆဲ​သော​သူ၏ စ​ကား​သံ​ကို မ​ကြား​ရ​ကြ။

ဒု​က္ခ​ဆင်း​ရဲ​ခံ​ရ​သော​သူ​အား အ​ဘယ်​ကြောင့် အ​လင်း​ကို​ပေး​သ​နည်း။ စိတ်​နှ​လုံး​ခါး​သော​သူ​အား အ​ဘယ်​ကြောင့် အ​သက်​ကို​ပေး​သ​နည်း။

သေ​ခြင်း​သို့​လည်း​ကောင်း၊ အ​သက်​ရှင်​သော​သူ​ခပ်​သိမ်း​တို့​အ​ဖို့ စီ​ရင်​သော​နေ​ရာ​သို့​လည်း​ကောင်း၊ အ​ကျွန်ုပ်​ကို ပို့​ဆောင်​တော်​မူ​မည်​ဟု အ​ကျွန်ုပ်​သိ​ပါ၏။

အ​ယုတ်​အ​မြတ်၊ ကြွယ်​ဝ​သော​သူ၊ ဆင်း​ရဲ​သော​သူ​တို့၊ တ​ညီ​တ​ညွတ်​တည်း နား​ထောင်​ကြ​လော့။

ထို​ကာ​လ၌ မြင့်​သော​အ​ရာ​တို့​ကို ကြောက်​ကြ​လိမ့်​မည်။ လမ်း၌​ဘေး​တွေ့​မည်​ဟု ထင်​ကြ​လိမ့်​မည်။ ဗာ​တံ​ပင်​ပွင့်​လိမ့်​မည်။ ကျိုင်း​ကောင်​သည် မိ​မိ၌ မိ​မိ​လေး​လိမ့်​မည်။ အ​လို​ဆ​န္ဒ​လျော့​လိမ့်​မည်။ အ​ကြောင်း​မူ​ကား၊ လူ​သည် ထာ​ဝ​ရ​နေ​ရာ​သို့ သွား​ဆဲ​ရှိ၍၊ ငို​ခြင်း​သည်​တို့​သည် လမ်း​တို့၌ လှည့်​လည်​ကြ၏။

ထို​ကာ​လ၌ မြေ​မှုန့်​သည်​နေ​ရင်း​မြေ​သို့​လည်း​ကောင်း၊ ဝိ​ညာဉ်​သည် အ​ရင်​ပေး​တော်​မူ​သော ဘု​ရား​သ​ခင့်​ထံ​သို့​လည်း​ကောင်း ပြန်​သွား​ရ​လိမ့်​မည်။

နာမ်​ဝိ​ညာဉ်​ကို​အ​စိုး​ရ၍ ချုပ်​ထား​နိုင်​သော​လူ တစ်​ယောက်​မျှ​မ​ရှိ။ သေ​ချိန်​ရောက်​သော​အ​ခါ တန်​ခိုး​မ​ရှိ။ ထို​စစ်​မှု​ထဲ​က ထွက်​စ​ရာ​အ​ခွင့် မ​ရှိ။ ဒု​စ​ရိုက်​ကို​ပြု​သော်​လည်း၊ ဒု​စ​ရိုက်​သည် ထို​အ​မှု​ထဲ​က မ​ကယ်​မ​နုတ်​နိုင်။

လူ​သည် တစ်​ခါ​တည်း​သေ၍ ထို​နောက်​မှ တ​ရား​စီ​ရင်​တော်​မူ​ခြင်း​ကို ခံ​ရ​သ​ကဲ့​သို့၊-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ