ငါသည် လွန်လေပြီသောနှစ်၊ လ၊ ဘုရားသခင်စောင့်မတော်မူသော နေ့ရက်၌ဖြစ်သကဲ့သို့ တစ်ဖန်ဖြစ်ပါစေ။
ကိုယ်တော်သည် သူ့ကိုယ်မှစ၍ သူ့အိမ်နှင့် သူ့ဥစ္စာရှိသမျှပတ်လည်၌ စောင်ရန်းကာတော်မူသည် မဟုတ်လော။ သူပြုလေသမျှတို့ကို ကောင်းချီးပေးတော်မူပြီ။ သူ့သိုးနွားအစရှိသော တိရစ္ဆာန်တို့သည် မြေပေါ်မှာ အလွန်ပွားများကြပြီ။
ထိုနည်းတူ ငါသည် ဒုက္ခနေ့လတို့နှင့် ဆိုင်ရ၏။ ပင်ပန်းစွာခံရသော ညတို့သည်လည်း ငါ၏ အငန်းအတာဖြစ်၏။
ထာဝရဘုရားသည် တရားကိုနှစ်သက်တော်မူ၏။ မိမိသန့်ရှင်းသူတို့ကိုလည်း စွန့်တော်မမူ။ သူတို့သည် စောင့်မတော်မူခြင်းကို အစဉ်အမြဲခံရကြလိမ့်မည်။ မတရားသောသူ၏သားမြေးတို့မူကား၊ ပယ်ရှင်းခြင်းကို ခံရကြလိမ့်မည်။
ငါသည် သူတို့ကို နုတ်ပယ်ဖြိုချ မှောက်လှန်ဖျက်ဆီး ညှဉ်းဆဲခြင်းအမှုကို ပြုဖူးသည်နည်းတူ၊ တစ်ဖန် တည်ဆောက် စိုက်ပျိုးခြင်းအမှုကို ပြုဦးမည်ဟု မိန့်တော်မူ၏။
ယေရှုခရစ်၏ ကျွန်ဖြစ်သော ယာကုပ်ညီ ငါယုဒသည် ခမည်းတော်ဘုရားသခင် သန့်ရှင်းစေတော်မူ၍၊ ယေရှုခရစ် ခေါ်ထားစောင့်မတော်မူသော သူတို့ကို ကြားလိုက်ပါ၏။-