Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ယောဘဝတ္တု။ 28:12

Judson Bible

သို့​ရာ​တွင်၊ ပ​ညာ​ကို​အ​ဘယ်​မှာ တွေ့​ရ​လိမ့်​မည်​နည်း။ ဉာဏ်​သည်​လည်း အ​ဘယ်​အ​ရပ်၌ နေ​သ​နည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ

14 ပူးပေါင်းရင်းမြစ်များ  

သို့​ဖြစ်၍ ကိုယ်​တော်​ကျွန်​သည် ကိုယ်​တော်၏​လူ​တို့​ကို တ​ရား​စီ​ရင်​နိုင်​မည်​အ​ကြောင်း ကောင်း​မ​ကောင်း​ကို ပိုင်း​ခြား၍ သိ​တတ်​သော​ဉာဏ်​ကို ပေး​သ​နား​တော်​မူ​ပါ။ ဤ​မျှ​လောက်​များ​စွာ​သော ကိုယ်​တော်၏​လူ​တို့​ကို အ​ဘယ်​သူ​သည် ကိုယ်​အ​လို​အ​လျောက် တ​ရား​စီ​ရင်​နိုင်​ပါ​မည်​နည်း​ဟု တောင်း​လျှောက်၏။

စီး​သော​ရေ​ကို တစ်​ဖန်​ဖြတ်၍၊ ဝှက်​ထား​သော​အ​ရာ​တို့​ကို ထုတ်​ဖော်​တတ်၏။

သို့​ဖြစ်၍၊ ပ​ညာ​သည် အ​ဘယ်​က​လာ​သ​နည်း။ ဉာဏ်​သည် အ​ဘယ်​ဆီ​မှာ နေ​ရာ​ကျ​သ​နည်း။

ဘု​ရား​သ​ခင်​သာ​လျှင် ပ​ညာ​လမ်း​ကို နား​လည်​တော်​မူ၏။

လူ​တို့​အား​လည်း ထာ​ဝ​ရ​ဘု​ရား​ကို ကြောက်​ရွံ့​ခြင်း​သည် ပ​ညာ​ဖြစ်​ကြောင်း​နှင့်၊ ဒု​စ​ရိုက်​ကို​ရှောင်​ခြင်း​သည် ဉာဏ်​ဖြစ်​ကြောင်း​ကို မိန့်​တော်​မူ​ပြီ​ဟု မြွက်​ဆို၏။

ဟုတ်​မှန်​ဖြောင့်​မတ်​သော​စိတ်​နှ​လုံး​ကို နှစ်​သက်​တော်​မူ​သည်​ဖြစ်၍၊ အ​ကျွန်ုပ်၏​စိတ်​နှ​လုံး​ထဲ​မှာ ပ​ညာ​ကို သွန်​သင်​တော်​မူ​ပါ။

ထာ​ဝ​ရ​ဘု​ရား​သည် ပ​ညာ​တော်​အား​ဖြင့် မြေ​ကြီး​ကို​တည်၍၊ ဉာဏ်​တော်​အား​ဖြင့် မိုး​ကောင်း​ကင်​ကို ပြင်​ဆင်​တော်​မူ​ပြီ။

ပ​ညာ​သည် အ​မွေ​ဥ​စ္စာ​ကဲ့​သို့​ကောင်း၍၊ နေ​ကို​မြင်​သော​သူ​တို့​အား ကျေး​ဇူး​ပြု​တတ်၏။

ထို​နက်​နဲ​သော​အ​ရာ၌ ပ​ညာ​ဘ​ဏ္ဍာ၊ ဉာဏ်​ဘ​ဏ္ဍာ​ရှိ​သ​မျှ​တို့​သည် ဝှက်​ထား​လျက်​ရှိ​ကြ၏။-

ကောင်းမြတ်​စုံ​လင်​သော ဆု​ကျေး​ဇူး​ရှိ​သ​မျှ​တို့​သည် အ​လင်း​တို့၏ အ​ဘ​ထံ​တော်​က သက်​ရောက်​သည်​ဖြစ်၍၊ အ​ထက်​အ​ရပ်​မှ လာ​ကြ၏။ ထို​အ​ဘသည် ရွေ့​လျော့​တိမ်း​ယိမ်း​ခြင်း​မ​ရှိ၊ ပြောင်း​လဲ​ခြင်း​အ​ရိပ်​နှင့် ကင်း​လွတ်​တော်​မူ၏။-

သင်​တို့​တွင် တစ်​စုံ​တစ်​ယောက်​သော​သူ​သည် ပ​ညာ​ကို​လို​လျှင်၊ ကဲ့​ရဲ့​ပြစ်​တင်​ခြင်း​ကို ပြု​တော်​မ​မူ​ဘဲ၊ ခပ်​သိမ်း​သော သူ​တို့​အား စေ​တ​နာ​စိတ်​နှင့် ပေး​သ​နား​တော်​မူ​သော ဘု​ရား​သ​ခင်​ကို တောင်း​စေ၊ တောင်း​လျှင် ရ​လိမ့်​မည်။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ