Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ယောဘဝတ္တု။ 27:16

Judson Bible

သူ​သည်​ငွေ​ကို မြေ​မှုန့်​ကဲ့​သို့​ပုံ၍၊ အ​ဝတ်​တန်​ဆာ​ကို ရွှံ့​ကဲ့​သို့ ပြင်​ဆင်​သော်​လည်း၊

အခန်းကိုကြည့်ပါ။ ကော်ပီ

15 ပူးပေါင်းရင်းမြစ်များ  

ရှင်​ဘု​ရင်​သည် ယေ​ရု​ရှ​လင်​မြို့၌ ငွေ​ကို​ကျောက်​ခဲ​ကဲ့​သို့​လည်း​ကောင်း၊ အာ​ရဇ်​ပင်​တို့​ကို လွင်​ပြင်၌​ပေါက်​သော သ​ဖန်း​ပင်​ကဲ့​သို့​လည်း​ကောင်း များ​ပြား​စေ၏။

ထို​နေ့​ချင်း​တွင်၊ ရှင်​ဘု​ရင်​အာ​ရွှေ​ရု​သည် ယု​ဒ​အ​မျိုး၏ ရန်​သူ​ဟာ​မန်​အိမ်​ကို မိ​ဖု​ရား​ဧ​သ​တာ​အား ပေး​တော်​မူ၏။ ဧ​သ​တာ​သည် မော်​ဒ​ကဲ​နှင့် အ​ဘယ်​သို့ ပေါက်​ဖော်​တော်​သည်​ကို ဧ​သ​တာ​လျှောက်​သ​ဖြင့်၊ မော်​ဒ​ကဲ​သည် ရှင်​ဘု​ရင်​ထံ​တော်​သို့ ဝင်​ရ၏။

ငွေ​မ​ရ​တတ်​ရ၊ သူ၏​စည်း​စိမ် မ​တည်​ရ။ သူ၏ ဥ​စ္စာ​ပ​စ္စည်း​သည် မြေ​ကြီး​ပေါ်​မှာ မ​ပြန့်​ပွား​ရ။

သူ၏​သား​တို့​သည် ဆင်း​ရဲ​သား​တို့​ကို ဖျောင်း​ဖျ​ရ​ကြ၏။ သို​ထား​သော​ဥ​စ္စာ​ကို ကိုယ်​လက်​နှင့် ပြန်​ပေး​ရ​ကြ၏။

ရွှေ​ကို​မြေ​မှုန့်​ကဲ့​သို့​လည်း​ကောင်း၊ ဩ​ဖိ​ရ​ရွှေ​ကို မြစ်၌​ရှိ​သော ကျောက်​စ​ရစ်​ကဲ့​သို့​လည်း​ကောင်း သို​ထား​ရ​လိမ့်​မည်။

သူ၌​ကျန်​ကြွင်း​သော​သူ​တို့​ကို သေ​မင်း​သင်္ဂြိုဟ်​လိမ့်​မည်။ သူ၏​မု​ဆိုး​မ​တို့​သည် ငို​ကြွေး​ခြင်း​ကို မ​ပြု​ရ​ကြ။

ထို​အ​ဝတ်​တန်​ဆာ​ကို ဖြောင့်​မတ်​သော​သူ​သည် ဝတ်​ဆင်​လိမ့်​မည်။ ထို​ငွေ​ကို အ​ပြစ်​ကင်း​သော​သူ​သည် ဝေ​ငှ​လိမ့်​မည်။

မှူး​မတ်​တို့​နှင့်​လည်း​ကောင်း၊ ရွှေ​ကို​ရ​တတ်၍ ဘ​ဏ္ဍာ​တိုက်၌ ငွေ​ကို​အ​ပြည့်​သို​ထား​သော မင်း​တို့​နှင့်​လည်း​ကောင်း ငါ​ငြိမ်း​ရ​ပြီ။

သူ​တော်​ကောင်း​သည် သား​မြေး​တို့​အ​ဖို့ အ​မွေ​ဥ​စ္စာ​ကို​ချန်​ထား​တတ်၏။ အ​ပြစ်​ရှိ​သော​သူ၏ စည်း​စိမ်​မူ​ကား၊ ဖြောင့်​မတ်​သော​သူ​တို့​အ​ဖို့ သို​ထား​လျက်​ရှိ၏။

ရှေ့​တော်၌ ကောင်း​သော​သူ​အား ဉာဏ်​ပ​ညာ၊ သိ​ပ္ပံ​အ​တတ်​နှင့် ဝမ်း​မြောက်​ခြင်း​အ​ခွင့်​ကို​ပေး​တော်​မူ၏။ အ​ပြစ်​ရှိ​သော​သူ​အား ပင်​ပန်း​စွာ​အ​လုပ်​လုပ်​ရ​သော​အ​ခွင့်​ကို​လည်း​ကောင်း၊ ဘု​ရား​သ​ခင်၏​ရှေ့​တော်၌ ကောင်း​သော​သူ​အား ပေး​စ​ရာ​ဖို့၊ ဆည်း​ပူး​သို​ထား​ရ​သော​အ​ခွင့်​ကို​လည်း​ကောင်း ပေး​တော်​မူ၏။ ထို​အ​မှု​အ​ရာ​သည်​လည်း အ​န​တ္တ​အ​မှု၊ လေ​ကို​ကျက်​စား​သော​အ​မှု​ဖြစ်၏။

ထို​သူ​အ​ပေါင်း​တို့​သည် သူ​တစ်​ဖက်၌ ပုံ​စ​ကား​နှင့် ကဲ့​ရဲ့​သော နိ​မိတ်​စ​ကား​ကို သုံး​ဆောင်​လျက်၊ ကိုယ်​မ​ပိုင်​သော ဥ​စ္စာ​ကို ဆည်း​ပူး​သော​သူ​သည် အ​မင်္ဂ​လာ​ရှိ၏။ အ​ဘယ်​မျှ​ကာ​လ​ပတ်​လုံး ကိုယ်​အ​ပေါ်​မှာ ကြွေး​များ​ကို တင်​စေ​ပါ​လိမ့်​မည်​နည်း​ဟု မြွက်​ဆို​ကြ​မည် မ​ဟုတ်​လော။

မ​တ္တေ​ရှ​အ​ရပ်​သား​တို့၊ ငို​ကြွေး​မြည်​တမ်း​ကြ​လော့။ ကုန်​သည်​အ​ပေါင်း​တို့​သည် ပြတ်​ကြ​ပြီ။ ငွေ​ကို​ဆောင်​သော​သူ အ​ပေါင်း​တို့​သည် ဆုံး​ကြ​ပြီ။

တု​ရု​မြို့​သည် မိ​မိ​အ​ဖို့ ရဲ​တိုက်​ကို​တည်​ဆောက်၍၊ ငွေ​ကို မြေ​မှုန့်​ကဲ့​သို့​လည်း​ကောင်း၊ ရွှေ​စင်​ကို လမ်း၌​ရှိ​သော ရွှံ့​ကဲ့​သို့​လည်း​ကောင်း စု​ပုံ​သော်​လည်း၊

သံ​ချေး၊ ပိုး​ရွ​ဖျက်​ဆီး၍ သူ​ခိုး​ထွင်း​ဖောက်​ခိုး​ယူ​ရာ မြေ​ကြီး​ပေါ်​မှာ ဘ​ဏ္ဍာ​ကို မ​ဆည်း​ပူး​ကြ​နှင့်။-

သင်​တို့​ဥ​စ္စာ​ပ​စ္စည်း​သည် ပုပ်​စပ်​လျက်​ရှိ၏။ အ​ဝတ်​ကို​လည်း ပိုး​ကိုက်​စား​လေ​ပြီ။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ