Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ယောဘဝတ္တု။ 27:10

Judson Bible

ထို​သူ​သည် အ​န​န္တ​တန်​ခိုး​ရှင်၌ မွေ့​လျော်​လိမ့်​မည်​လော။ ဘု​ရား​သ​ခင်​ကို အ​စဉ်​ပ​တ္ထ​နာ​ပြု​လိမ့်​မည်​လော။

အခန်းကိုကြည့်ပါ။ ကော်ပီ

14 ပူးပေါင်းရင်းမြစ်များ  

ဘု​ရား​သ​ခင်၏​အ​မှု​တော်​တို့​ကို သင်​တို့​အား ငါ​ပြ​သ​မည်။ အ​န​န္တ​တန်​ခိုး​ရှင် ကြံ​စည်​တော်​မူ​သော​အ​ရာ​တို့​ကို ငါ​ထိမ်​ဝှက်၍​မ​ထား။

သို့​သော်​လည်း ငါ့​ကို​ဖန်​ဆင်း​တော်​မူ​ထ​သော၊ ည​အ​ချိန်၌ သီ​ချင်း​ဆို​ရ​သော​အ​ခွင့်​ကို ပေး​တော်​မူ​ထ​သော၊

မုန့်​ကို​စား​သ​ကဲ့​သို့ ငါ၏​လူ​တို့​ကို​ကိုက်​စား၍၊ ထာ​ဝ​ရ​ဘု​ရား​ကို​ပ​တ္ထ​နာ​မ​ပြု​သော အ​ဓ​မ္မ​လူ​အ​ပေါင်း​တို့​သည် မ​သိ​ဘဲ နေ​ရ​ကြ​သ​လော။

ထာ​ဝ​ရ​ဘု​ရား၌ မွေ့​လျော်​ခြင်း​ရှိ​လော့။ သို့​ပြု​လျှင်၊ စိတ်​နှ​လုံး​အ​လို ပြည့်​စုံ​ရ​သော​အ​ခွင့်​ကို ပေး​တော်​မူ​မည်။

သို့​ပြု​လျှင် ဘု​ရား​သ​ခင်၏ ယဇ်​ပ​လ္လင်​သို့​လည်း​ကောင်း၊ အ​ကျွန်ုပ်​ဝမ်း​မြောက်​ရွှင်​လန်း​ရာ ဘု​ရား​သ​ခင်​ထံ​တော်​သို့​လည်း​ကောင်း အ​ကျွန်ုပ်​သည် ရောက်​လာ၍၊ ကိုယ်​တော်​ကို စောင်း​တီး​လျက် ချီး​မွမ်း​ထော​မ​နာ ပြု​ပါ​မည်​ဘု​ရား၊ အ​ကျွန်ုပ်​၏​ဘု​ရား။

သင်​သည် ထာ​ဝ​ရ​ဘု​ရား၌ ပျော်​မွေ့​ရ​လိမ့်​မည်။ မြေ​ကြီး​ပေါ်​မှာ မြင့်​သော​အ​ရပ်​တို့​ကို ငါ​စီး​စေ၍၊ သင့်​အ​ဘ​ယာ​ကုပ်၏ အ​မွေ​ဥ​စ္စာ​နှင့် ငါ​ကျွေး​မည်​ဟု ထာ​ဝ​ရ​ဘု​ရား၏​နှုတ်​တော်​ထွက်​အ​မိန့်​တော် ရှိ၏။

သို့​သော်​လည်း၊ ထာ​ဝ​ရ​ဘု​ရား၌ ငါ​ဝမ်း​မြောက်၍၊ ငါ့​ကို ကယ်​တင်​တော်​မူ​သော ဘု​ရား​သ​ခင်​ကို အ​မှီ​ပြု​လျက် ရွှင်​လန်း​မည်။

စိတ်​နှ​လုံး၌ အ​မြစ်​မ​စွဲ၊ ခ​ဏ​သာ​တည်​သ​ဖြင့်၊ တ​ရား​စ​ကား​ကြောင့် အ​မှု​အ​ခင်း​နှင့် ညှဉ်း​ဆဲ​ခြင်း​ကို ခံ​ရ​သော​အ​ခါ ချက်​ချင်း​ဖောက်​ပြန်​တတ်​သည်​ဟု ဆို​လို​သ​တည်း။-

လူ​တို့​သည် အား​မ​လျော့​ဘဲ​ကြိုး​စား၍ ဆု​တောင်း​ရ​မည်​အ​ကြောင်း​ကို ဥ​ပ​မာ​စ​ကား​အား​ဖြင့် မိန့်​တော်​မူ​သည်​ကား၊-

ထို​သူ​သည် မိ​မိ​အိမ်​တွင်​ရှိ​သ​မျှ​သော သူ​တို့​နှင့်​တ​ကွ ဘု​ရား​ဝတ်၌ မွေ့​လျော်၍ ဘု​ရား​သ​ခင်​ကို ကြောက်​ရွံ့​ခြင်း​ရှိ​သ​ဖြင့် လူ​တို့​အား များ​စွာ​သော စွန့်​ကြဲ​ခြင်း​ကို​ပြု၍ ဘု​ရား​သ​ခင်​ကို အ​စဉ်​ဆု​တောင်း​လေ့​ရှိ၏။-

ကာ​လ​အ​စဉ် စိတ်​နှ​လုံး​ပါ​လျက် ဆု​တောင်း ပ​တ္ထ​နာ​ပြု​ခြင်း​အ​မျိုး​မျိုး​တို့​ဖြင့် ဆု​တောင်း​ကြ​လော့။ ထို​သို့ ဆု​တောင်း​ခြင်း​ငှာ အား​မ​လျော့​ဘဲ​လျက်၊ ငါ​မှ​စ၍ သန့်​ရှင်း​သူ အ​ပေါင်း​တို့​အ​ဖို့ ဆု​တောင်း​လျက် စောင့်​ရှောက်​ကြ​လော့။-

မ​ခြား​မ​လပ် ဆု​တောင်း​ပ​တ္ထ​နာ​ပြု​ကြ​လော့။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ