Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ယောဘဝတ္တု။ 26:8

Judson Bible

ထူ​ထပ်​သော မိုး​တိမ်​တော်​နှင့် ရေ​ကို​ထုပ်​တော်​မူ၍၊ မိုး​တိမ်​သည် မ​စုတ်​မ​ပြတ်​နေ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

12 ပူးပေါင်းရင်းမြစ်များ  

မိုး​တိမ်​တော်​နှံ့​ပြား​ခြင်း၊ တဲ​တော်​အ​သံ​မြည်​ခြင်း​ကို အ​ဘယ်​သူ နား​လည်​သ​နည်း။

မြေ​မှုန့်​သည် လုံး​ထွေး၍ မြေ​စိုင်​တို့​သည် ကပ်​လျက်​နေ​သော​အ​ခါ၊

သ​မု​ဒ္ဒ​ရာ​ကို မိုး​တိမ်​နှင့် ငါ​ခြုံ၍ ထူ​ထပ်​သော​မှောင်​မိုက်​နှင့် ထုပ်​ရစ်​သည်​ကာ​လ၌​လည်း​ကောင်း၊

မြေ​ကြီး​စွန်း​မှ မိုး​တိမ်​တို့​ကို တက်​စေ​တော်​မူ၏။ မိုး​နှင့်​တ​ကွ လျှပ်​စစ်​ကို​ဖန်​ဆင်း​တော်​မူ၏။ ဘ​ဏ္ဍာ​တော်​တိုက်​ထဲ​က လေ​ကို ထုတ်​တော်​မူ၏။

ကောင်း​ကင်​ကို မိုး​တိမ်​များ​နှင့် ဖုံး​လွှမ်း​သ​ဖြင့်၊ မြေ​ကြီး​ဖို့ မိုး​ရေ​ကို​ပြင်​ဆင်၍၊ တောင်​များ​ပေါ်​မှာ မြက်​ပင်​ကို ပေါက်​စေ​တော်​မူ၏။

ကောင်း​ကင်​ဘုံ​သို့ အ​ဘယ်​သူ​တက်​သ​နည်း။ အ​ဘယ်​သူ ဆင်း​လာ​သ​နည်း။ အ​ဘယ်​သူ​သည် လေ​ကို မိ​မိ​လက်​နှင့် ဆုပ်​ထား​သ​နည်း။ အ​ဘယ်​သူ​သည် ရေ​ကို အ​ဝတ်​နှင့် ထုပ်​ထား​သ​နည်း။ မြေ​ကြီး​စွန်း​ရှိ​သ​မျှ​တို့​ကို အ​ဘယ်​သူ​တည်​စေ​သ​နည်း။ ထို​သို့​ပြု​သော​သူ၏​အ​မည်​နှင့် သူ၏​သား​အ​မည်​ကား​အ​ဘယ်​သို့​နည်း။ သင်​ပြော​နိုင်​သ​လော။

အ​ထက်​မိုး​တိမ်​ကို တည်​စေ​သော​အ​မှု၊ နက်​နဲ​သော​အ​ရပ်၌ စမ်း​ရေ​ပေါက်​တို့​ကို ခိုင်​ခံ့​စေ​သော​အ​မှု၊

ဥ​ယျာဉ်​ကို ငါ​ရှင်း​ရှင်း​ဖျက်​ဆီး​မည်။ အ​ဘယ်​သူ​မျှ မ​ပြင်​ဆင်​ရ။ အ​ဘယ်​သူ​မျှ မ​တူး​ဆွ​ရ။ ဆူး​ပင်​အ​မျိုး​မျိုး ပေါက်​ကြ​လိမ့်​မည်။ ထို​ဥ​ယျာဉ်​အ​ပေါ်​မှာ​လည်း မိုး​မ​ရွာ​စေ​ခြင်း​ငှာ ငါ​ပ​ညတ်​မည်။

အ​သံ​တော်​ကို​လွှတ်​တော်​မူ​သော​အ​ခါ၊ မိုး​ရေ​အ​သံ​ဗ​လံ ဖြစ်​တတ်၏။ မြေ​ကြီး​စွန်း​မှ မိုး​တိမ်​ကို တက်​စေ​တော်​မူ၏။ မိုး​ရွာ​သည်​နှင့် လျှပ်​စစ်​ပြက်​စေ​တော်​မူ၏။ လေ​ကို​လည်း၊ ဘ​ဏ္ဍာ​တော်​တိုက်​ထဲ​က ထုတ်​တော်​မူ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ