အောက်အရပ်၌ သင်္ချိုင်းသားတို့နှင့်တကွ ရေများနှင့် ရေ၌နေသောသူများတို့သည် တုန်လှုပ်ကြ၏။
ထိုကာလ၌၊ မြေကြီးပေါ်မှာ ကိုယ်ကြီးမားသောသူအချို့ရှိကြ၏။ ထိုနောက်၌လည်း၊ ဘုရားသခင်၏သားတို့သည်၊ လူသမီးတို့နှင့်ဆက်ဆံ၍ ရသောသားတို့သည်၊ အားကြီးသောသူ၊ ရှေးကာလမှစ၍၊ ကျော်စောသောသူ ဖြစ်ကြ၏။
ဤစကားကို အဘယ်သူအား မြွက်ဆိုသနည်း။ အဘယ်သူ၏ ဝိညာဉ်အားဖြင့် ဟောပြောသနည်း။
ထိုသို့မပြုလျှင် ငါသည်အိပ်၍ ငြိမ်းပြီ။ ပျော်လျက်နေရပြီ။
သေလျက်နေသောသူတို့အား အံ့ဖွယ်သောအမှုတို့ကို ပြတော်မူမည်လော။ သင်္ချိုင်းသားတို့သည် ထ၍ ကိုယ်တော်ကို ချီးမွမ်းကြပါမည်လော။