Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ယောဘဝတ္တု။ 26:2

Judson Bible

သင်​သည်​အား​နည်း​သော​သူ​ကို အ​ဘယ်​သို့​မ​စ​သ​နည်း။ လက်​ကျ​သော​သူ​ကို အ​ဘယ်​သို့ ထောက်​ပင့်​သ​နည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ

15 ပူးပေါင်းရင်းမြစ်များ  

မွန်း​တည့်​အ​ချိန်၌ ဧ​လိ​ယ​က၊ ကျယ်​သော​အ​သံ​နှင့် ဟစ်​ကြ​လော့။ ဗာ​လ​သည် ဘု​ရား​ဖြစ်​တော်​မူ၏။ ဆင်​ခြင်​လျက်​နေ​တော်​မူ၏။ သို့​မ​ဟုတ် တစ်​စုံ​တစ်​ခု​ကို လိုက်၍​ရှာ​တော်​မူ၏။ သို့​မ​ဟုတ် ခ​ရီး​သွား​တော်​မူ၏။ သို့​မ​ဟုတ် ကျိန်း​စက်​တော်​မူ​သော​ကြောင့်၊ တစ်​စုံ​တစ်​ယောက်​သော​သူ​သည် နှိုး​ရ​မည်​ဟု ပြက်​ရယ်​ပြု၍​ဆို၏။

သင်​တို့​သာ​လျှင် လူ​ဖြစ်၍၊ သင်​တို့​နှင့်​အ​တူ ဉာဏ်​ပ​ညာ​သေ​လိမ့်​မည်​ဟု ယုံ​မှား​စ​ရာ​မ​ရှိ​ရ။

ယော​ဘ​ပြန်၍ မြွက်​ဆို​သည်​ကား၊

မိုက်​သော​သူ​ကို အ​ဘယ်​သို့ အ​ကြံ​ပေး​သ​နည်း။ ထူး​ဆန်း​သော​ပ​ညာ​ကို အ​ဘယ်​သို့​ပြ​သ​နည်း။

သင်​တို့​သည် ကိုယ်​တိုင်​သိ​မြင်​လျက်၊ ဤ​မျှ​လောက် အ​ချည်း​နှီး​သော​စိတ်​ကို အ​ဘယ်​ကြောင့် ပြု​စု​ကြ​သ​နည်း။

ငါ​မျှော်​လင့်​စ​ရာ​အ​ခွင့် ရှိ​ရ​မည်​အ​ကြောင်း၊ ငါ့​ခွန်​အား​ကား အ​ဘယ်​သို့​နည်း။ ငါ​သည် ကိုယ်​အ​သက်​ကို စောင့်​ရ​မည်​အ​ကြောင်း၊ နောက်​ဆုံး​ခံ​ရ​သော အ​ကျိုး​ကား အ​ဘယ်​သို့​နည်း။

ငါ့​ခွန်​အား​သည် ကျောက်​ခွန်​အား ဖြစ်​သ​လော။ ငါ့​အ​သား​သည် ကြေး​ဝါ​ဖြစ်​သ​လော။

ငါ​သည် ကိုယ်​ကို​မ မ​စ​နိုင်။ ငါ့​ဉာဏ်​လည်း ကုန်​ပြီ။

မှန်​သော​စ​ကား​သည် တန်​ခိုး​ကြီး၏။ သင်​တို့ ကဲ့​ရဲ့​သော​စ​ကား​သည် အ​ဘယ်​မှာ နေ​ရာ​ကျ​သ​နည်း။

အ​ကျွန်ုပ်​ကို အို​သော​အ​ခါ ပယ်​တော်​မ​မူ​ပါ​နှင့်။ အား​လျော့​သော​အ​ခါ စွန့်​ပစ်​တော်​မ​မူ​ပါ​နှင့်။

အ​ဘယ်​သူ​နှင့် တိုင်​ပင်​တော်​မူ​သ​နည်း။ ထို​ဘု​ရား​ကို အ​ဘယ်​သူ သွန်​သင်​သ​နည်း။ ထို​ဘု​ရား​အား တ​ရား​လမ်း​ကို​ပြ​သော​သူ၊ ပ​ညာ​နည်း​ကို ပေး​သော​သူ၊ ဉာဏ်​လမ်း​ကို ညွှန်​သော​သူ​ကား အ​ဘယ်​သူ​နည်း။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ