Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ယောဘဝတ္တု။ 26:10

Judson Bible

အ​လင်း​နှင့်​အ​မိုက်​ဆုံ​မိ​ရာ အ​ပိုင်း​အ​ခြား၌ စ​ကြ​ဝ​ဠာ​ကို ကန့်​ကွက်​တော်​မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

13 ပူးပေါင်းရင်းမြစ်များ  

မြေ​ကြီး​မ​ကုန်​မီ​တိုင်​အောင် မျိုး​စေ့​ကြဲ​ရ​သော​ကာ​လ၊ အ​သီး​အ​နှံ​ကို​သိမ်း​ရ​သော​ကာ​လ၊ ချမ်း​သော​ကာ​လ၊ ပူ​သော​ကာ​လ၊ နွေ​ကာ​လ၊ ဆောင်း​ကာ​လ​မ​ပြတ်​ရ​ဟု အ​မိန့်​တော်​ရှိ၏။

ဆုံး​မ​တော်​မူ​ခြင်း​ကြောင့်၊ မိုး​ကောင်း​ကင်​တိုင်​တို့​သည် တုန်​လှုပ်၍ မိန်း​မော​တွေ​ဝေ​လျက်​နေ​ကြ၏။

ထို​အ​ခါ ထာ​ဝ​ရ​ဘု​ရား​သည် ယော​ဘ​စ​ကား​ကို လှန်​ပြန်၍၊ မိုး​သက်​မုန်​တိုင်း​ထဲ​က မိန့်​တော်​မူ​သည်​ကား၊

အ​လင်း​နေ​ရာ​သို့ အ​ဘယ်​မည်​သော​လမ်း​ဖြင့် ရောက်​ရ​သ​နည်း။ မှောင်​မိုက်​နေ​ရာ​လည်း အ​ဘယ်​မှာ​ရှိ​သ​နည်း။

အ​ကယ်​စင်​စစ် သင်​သည် အ​လင်း​အ​မိုက်​အ​ပိုင်း​အ​ခြား​သို့ ငါ​တို့​ကို ပို့​ဆောင်​နိုင်၏။ သူ​တို့​နေ​ရာ​အိမ်​သို့ ရောက်​သော​လမ်း​တို့​ကို သိ​လိမ့်​မည်။

အ​လင်း​သည် အ​ဘယ်​သို့​သော​လမ်း​ဖြင့် နှံ့​ပြား​သ​နည်း။ အ​ရှေ့​လေ​သည် မြေ​ကြီး​ပေါ်​မှာ အ​ဘယ်​ကြောင့်​လွင့်​သ​နည်း။

သ​မု​ဒ္ဒ​ရာ​ရေ​ကို စု​ပုံ​စု​ဝေး​စေ​တော်​မူ၏။ နက်​နဲ​သော​သ​မု​ဒ္ဒ​ရာ​ကို​လည်း လုံ​ခြုံ​ရာ​အ​ရပ်​တို့၌ သို​ထား​တော်​မူ၏။

မိုး​ကောင်း​ကင်​ကို ပြင်​တော်​မူ​သော​အ​ခါ ငါ​ရှိ၏။ သ​မု​ဒ္ဒ​ရာ​မျက်​နှာ​ပြင်ကို သတ်​မှတ်​သော​အ​မှု၊

သ​မု​ဒ္ဒ​ရာ၌ ကန့်​ကွက်​သော အ​ပိုင်း​အ​ခြား​ကို ရေ​မ​လွှမ်း​ရ​မည်​အ​ကြောင်း စီ​ရင်​သော​အ​မှု၊ မြေ​ကြီး​တိုက်​မြစ်​တည်​သော အ​မှု​တို့​ကို​ပြီး​စီး​စေ​တော်​မူ​သော​အ​ခါ၊

ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ ပင်​လယ်​မ​လွန်​နိုင်​အောင် ဆီး​တား​ဖို့​ရာ သဲ​ကို ထာ​ဝ​ရ​အ​ပိုင်း​အ​ခြား​ခန့်​ထား​သော​ငါ​ကို သင်​တို့​သည် မ​ကြောက်​ကြ​သ​လော။ ငါ၏​ရှေ့​တော်၌ မ​တုန်​လှုပ်​ကြ​သ​လော။ ပင်​လယ်​လှိုင်း​တံ​ပိုး​တို့​သည် ထ၍​မ​နိုင်၊ ဟုန်း၍ မ​ကျော်​မ​လွန်​နိုင်​သော်​လည်း၊




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ