နံနက်ယံကို သေမင်းအရိပ်ကဲ့သို့ ထင်မှတ်၍၊ သေမင်းအရိပ်ကြောက်မက်ဖွယ်သော ဘေးတို့ကို သိရကြ၏။
သန်းခေါင်ယံ၌ သူသည်ထ၍ ကျွန်တော်မအိပ်ပျော်စဉ်အခါ ကျွန်တော်မသားငယ်ကိုယူ၍ မိမိရင်ခွင်၌ ထားပါ၏။ သူ၏သားငယ်အသေကောင်ကိုမူကား၊ ကျွန်မ၏ရင်ခွင်၌ ထားပါ၏။
သူသည် ကြောက်မက်ဖွယ်သောအသံကို ကြားလျက်နေရ၏။ စည်းစိမ်ကို ခံစားစဉ်တွင်၊ ဖျက်ဆီးသောသူသည် လာတတ်၏။
ငိုခြင်းအားဖြင့် ငါ့မျက်နှာပျက်လျက်၊ ငါ့မျက်ခမ်းအပေါ်မှာ သေခြင်းအရိပ် လွှမ်းမိုးလျက်ရှိ၏။
မှောင်မိုက်၊ သေမင်းအရိပ်သည် ထိုနေ့ရက်အသရေကို ရှုတ်ချပါစေ။ မိုးတိမ်ထပ် လွှမ်းမိုးပါစေ။ မွန်းတည့်အရှိန်ဖြင့် ကြောက်မက်ဖွယ် ဖြစ်ပါစေ။
နံနက်အလင်းသည် မြေကြီးစွန်းကိုကိုင်လျက်၊ လူဆိုးတို့ကိုခါ၍ ပစ်စေခြင်းငှာ စီရင်ဖူးသလော။
ချင်းနင်းစဉ်တွင် ပါသွားလိမ့်မည်။ နံနက်အချိန်ရောက်မြဲ အစဉ်အတိုင်း၊ နေ့ညမပြတ် ချင်းနင်းသည်ဖြစ်၍၊ သတင်းကြားကာမျှအားဖြင့် ထိတ်လန့်ခြင်းအကြောင်း ရှိလိမ့်မည်။
ဖမ်းမိသောသူခိုးသည် ရှက်သကဲ့သို့၊ ဣသရေလအမျိုး၏ ရှင်ဘုရင်၊ မင်းသား၊ ယဇ်ပုရောဟိတ်၊ ပရောဖက်နှင့်တကွ အမျိုးသားများတို့သည် ရှက်ကြ၏။