မောသောသူသောက်ဖို့ ရေကိုမပေး။ ငတ်မွတ်သောသူကို မကျွေး။
ငါသည် ဆင်းရဲသားတောင့်တသောအရာကို မပေးဘဲနေဖူးသလော။ မုဆိုးမမျက်စိကို ပျက်စေခြင်းငှာ ပြုဖူးသလော။
မိဘမရှိသောသူတို့အား စားစရာကိုမမျှဘဲ၊ ငါတစ်ယောက်တည်း စားဖူးသလော။
ငါ့အိမ်သူအိမ်သားတို့က၊ အဘယ်သူသည် ငါတို့သခင်၏ အမဲသားကိုတောင့်တ၍ မဝဘဲနေရသနည်းဟု မဆိုတတ်သလော။
သူသည် စွန့်ကြဲပြီ။ ဆင်းရဲသောသူတို့အားပေးကမ်းပြီ။ သူ၏ဖြောင့်မတ်ခြင်းသည် အစဉ်အမြဲ တည်တတ်၏။ သူ၏ဦးချိုသည် ဂုဏ်အသရေနှင့် ချီးမြှင့်ခြင်းရှိလိမ့်မည်။
ဆင်းရဲသားကို သနားသောသူသည် ထာဝရဘုရားအား ချေးငှားသောသူဖြစ်၍၊ သူပြုသောအမှု၏အကျိုးကို ဆပ်ပေးတော်မူလိမ့်မည်။
မွတ်သိပ်သောသူနှင့် ဆင်းရဲခံရသောသူကို သနားသောစိတ်နှင့် ချမ်းသာပေးလျှင်၊ မရှင်းလင်းသော အရာမှာ သင်၏အလင်းသည် ပေါ်ထွန်း၍၊ သင်၏မှောင်မိုက်သည် မွန်းတည့်အလင်းကဲ့သို့ ဖြစ်လိမ့်မည်။
မွတ်သိပ်သောသူကို အစာကျွေးခြင်း၊ နေရာမရှိ၊ ဆင်းရဲသောသူတို့ကို ကိုယ်အိမ်သို့ဆောင်ခြင်း၊ အဝတ်မရှိသောသူကိုမြင်လျှင်၊ အဝတ်ကိုပေးခြင်း၊ ကိုယ်အသားကို မရှောင်ဘဲနေခြင်း မဟုတ်လော။
အဘယ်သူကိုမျှ မညှဉ်းဆဲ၊ ပေါင်ထားသော ဥစ္စာကိုမသိမ်း၊ သူ့ဥစ္စာကို အနိုင်အထက်မလုမယူ၊ ငတ်မွတ်သောသူကို ကျွေးမွေးခြင်း၊ အဝတ်မရှိသောသူကို အဝတ်နှင့်ဖုံးလွှမ်းခြင်း၊
အဘယ်သူကိုမျှ မညှဉ်းဆဲ၊ ကြွေးစားပေါင်ထားသောဥစ္စာကို ပြန်၍မပေးဘဲမနေ၊ သူ့ဥစ္စာကို အနိုင်အထက်မလုမယူ၊ ငတ်မွတ်သောသူကို ကျွေးမွေး၍၊ အဝတ်မရှိသောသူကို အဝတ်နှင့် ဖုံးလွှမ်းလျှင်လည်းကောင်း၊
အကြောင်းမူကား၊ ငါသည် မွတ်သိပ်သောအခါ သင်တို့သည်မကျွေး၊ ငါသည် ရေငတ်သောအခါ သင်တို့သည် သောက်ဖို့မပေး။-
ထိုကြောင့် သင်၏ရန်သူသည် မွတ်သိပ်လျှင် လုပ်ကျွေးလော့။ ရေငတ်လျှင် သောက်စရာဖို့ပေးလော့။ ထိုသို့ပြုလျှင် သူ၏ခေါင်းပေါ်၌ မီးခဲကိုပုံထားလိမ့်မည်။-