Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ယောဘဝတ္တု။ 22:3

Judson Bible

သင်၏​ဖြောင့်​မတ်​ခြင်း​အား​ဖြင့်၊ အ​န​န္တ​တန်​ခိုး​ရှင်​သည် ကျေး​ဇူး​ရှိ​တော်​မူ​သ​လော။ သင်၏​အ​ကျင့်၌ အ​ပြစ်​မ​ပါ​ကြောင်း​ကို ထင်​ရှား​စေ​သော​အား​ဖြင့် အ​ကျိုး​စီး​ပွား​ရှိ​တော်​မူ​သ​လော။

အခန်းကိုကြည့်ပါ။ ကော်ပီ

20 ပူးပေါင်းရင်းမြစ်များ  

အ​ကျွန်ုပ်​တို့၏ ဘု​ရား​သ​ခင်၊ ကိုယ်​တော်​သည် စိတ်​နှ​လုံး​ကို​စစ်၍ ဖြောင့်​မတ်​ခြင်း​သ​ဘော​ကို နှစ်​သက်​တော်​မူ​သည်​ကို အ​ကျွန်ုပ်​သိ​ပါ၏။ အ​ကျွန်ုပ်​မူ​ကား ဖြောင့်​မတ်​ခြင်း​သ​ဘော၊ ကြည်​ညို​သော​စိတ်​ရှိ​သည်​နှင့် ဤ​ဘ​ဏ္ဍာ​ရှိ​သ​မျှ​ကို ပူ​ဇော်​ပါ၏။ စည်း​ဝေး​လျက်​ရှိ​သော ကိုယ်​တော်၏​လူ​တို့​သည် ကြည်​ညို​သော​စိတ်​နှင့် ပူ​ဇော်​ကြ​သည်​ကို​မြင်၍ ဝမ်း​မြောက်​ပါ၏။

အ​န​န္တ​တန်​ခိုး​ရှင်​သည် အ​ဘယ်​သို့​သော​သူ​ဖြစ်၍ ငါ​တို့​သည် ဝတ်​ပြု​ရ​မည်​နည်း။ သူ့​ကို​ဆု​တောင်း​လျှင် အ​ဘယ်​ကျေး​ဇူး​ရှိ​လိမ့်​မည်​နည်း ဟူ၍​လည်း​ကောင်း ဆို​တတ်​ကြ၏။

လူ​သည် မိ​မိ​ပ​ညာ​အား​ဖြင့် မိ​မိ​အ​ကျိုး​ကို​ပြု​စု​သ​ကဲ့​သို့ ဘု​ရား​သ​ခင်၌ ကျေး​ဇူး​ပြု​နိုင်​သ​လော။

သင့်​ကို​ကြောက်​ရွံ့​သော​ကြောင့် ဆုံး​မ​ပေး​တော်​မူ​မည်​လော။ သင်​နှင့် တ​ရား​တွေ့​တော်​မူ​မည်​လော။

လူ​သည် ဘု​ရား​သ​ခင်၌ မွေ့​လျော်၍၊ အ​ကျိုး​မ​ရှိ​ဟု ယော​ဘ​သည် ဆို​မိ​ပြီ။

သင်​သည် ဖြောင့်​မတ်​သော်​လည်း၊ ဘု​ရား​သ​ခင်၏​အ​ကျိုး​တော်​ကို အ​ဘယ်​သို့​ပြု​စု​နိုင်​သ​နည်း။ သင့်​လက်​မှ အ​ဘယ်​ကျေး​ဇူး​ကို ခံ​တော်​မူ​မည်​နည်း။

ကိုယ်​လိုက်​ရာ​လမ်း​ကို ဆင်​ခြင်​သော​အ​ခါ၊ သက်​သေ​ခံ​တော်​မူ​ချက်​တို့​သို့ လှည့်၍​လိုက်​ပါ၏။

ငါ​သည်​စ​ကား​ဖြင့်​မျှ မ​ပြစ်​မှား​မည်​အ​ကြောင်း၊ ကိုယ်​အ​ကျင့်​ကို သ​တိ​ပြု​မည်။ မ​တ​ရား​သော​သူ​သည် ငါ့​ရှေ့​မှာ​ရှိ​စဉ်၊ ငါ​သည်​ကိုယ်​နှုတ်​ကို ချည်​နှောင်​မည်​ဟု ငါ​ပြော​ထား၏။

မ​မှန်​သော​ချိန်​ခွင်​သည် ထာ​ဝ​ရ​ဘု​ရား စက်​ဆုပ်​ရွံ​ရှာ​တော်​မူ​ဖွယ်၊ မှန်​သော​အ​လေး​မူ​ကား၊ နှစ်​သက်​တော်​မူ​ဖွယ် ဖြစ်၏။

သ​ဘော​ကောက်​သော​သူ​တို့​ကို ထာ​ဝ​ရ​ဘု​ရား​သည် စက်​ဆုပ်​ရွံ​ရှာ​တော်​မူ၏။ ဖြောင့်​သော​လမ်း​သို့ လိုက်​သော​သူ​တို့​ကို​ကား၊ နှစ်​သက်​တော်​မူ၏။

မု​သား​သုံး​သော​နှုတ်​ခမ်း​သည် ထာ​ဝ​ရ​ဘု​ရား စက်​ဆုပ်​ရွံ​ရှာ​တော်​မူ​ဖွယ်​ဖြစ်၏။ သ​စ္စာ​တ​ရား​ကို စောင့်​ရှောက်​သော​သူ​တို့​မူ​ကား၊ နှစ်​သက်​တော်​မူ​ဖွယ်​ဖြစ်​ကြ၏။

မ​တ​ရား​သော​သူ ပူ​ဇော်​သော​ယဇ်​ကို ထာ​ဝ​ရ​ဘု​ရား​စက်​ဆုပ်​ရွံ့​ရှာ​တော်​မူ၏။ သ​ဘော​ဖြောင့်​သော​သူ ဆု​တောင်း​သော​ပ​တ္ထ​နာ​ကို​ကား၊ နှစ်​သက်​တော်​မူ၏။

သင်​သည် ပ​ညာ​ရှိ​လျှင်၊ ကိုယ်​တိုင်​အ​ကျိုး​ကို ခံ​ရ​လိမ့်​မည်။ မ​ထီ​မဲ့​မြင်ပြု​လျှင် ကိုယ်​တိုင်​သာ​အ​ပြစ်​ကို​ခံ​ရ​လိမ့်​မည်။

သင်​တို့​သည် ထာ​ဝ​ရ​ဘု​ရား၏​နား​တော်​ငြီး​သည်​တိုင်​အောင် စ​ကား​များ​ကြ၏။ နား​တော်​ငြီး​သည်​တိုင်​အောင် အ​ဘယ်​သို့ ပြု​မိ​သ​နည်း​ဟု မေး​သော်၊ ဒု​စ​ရိုက်​ကို​ပြု​သော​သူ​တိုင်း ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ ကောင်း၏။ ထို​သို့​သော​သူ​တို့​ကို နှစ်​သက်​တော်​မူ၏ ဟူ၍​လည်း​ကောင်း၊ စစ်​ကြော​စီ​ရင်​တော်​မူ​သော ဘု​ရား​သ​ခင်​ကား၊ အ​ဘယ်​မှာ​ရှိ​သ​နည်း ဟူ၍​လည်း​ကောင်း ဆို​တတ်​ကြ​သည်​တ​ကား။

ထို​ကြောင့်၊ ဘု​ရား​သ​ခင်​ကို​ပြစ်​မှား​ပြီ၊ လူ​တို့​ကို ပြစ်​မှား​ပြီ​ဟု ကိုယ်​စိတ်​နှ​လုံး​သည် ကိုယ်၌ အ​ပြစ်​တင်​ခွင့်​နှင့် အ​စဉ်​ကင်း​လွတ်​မည်​အ​ကြောင်း အ​ကျွန်ုပ်​သည် ကြိုး​စား​အား​ထုတ်​ပါ၏။

ထို​ကြောင့် ချစ်​သူ​တို့၊ ထို​က​တိ​တော်​များ​နှင့် ငါ​တို့​သည် ဆိုင်​ကြ​သည်​ဖြစ်၍၊ ကိုယ်​ခ​န္ဓာ၏ အ​ညစ်​အ​ကြေး၊ စိတ်​ဝိ​ညာဉ်၏ အ​ညစ်​အ​ကြေး​ရှိ​သ​မျှ​တို့​နှင့် ကိုယ်​ကို​ကိုယ်​ကင်း​စင်​စေ​လျက်၊ ဘု​ရား​သ​ခင်​ကို ကြောက်​ရွံ့၍ သန့်​ရှင်း​ခြင်း​ပါ​ရ​မီ​နှင့် ပြည့်​စုံ​ကြ​ကုန်​အံ့။

ယ​ခု​အ​ခါ အ​ရာ​ရာ၌ ငါ​ရ​တတ်၏။ ဥ​စ္စာ ကြွယ်​ဝ၏။ မွှေး​ကြိုင်​သော​အ​နံ့​နှင့် ပြည့်​စုံ၍၊ ဘု​ရား​သ​ခင် နှစ်​သက်​အား​ရ​တော်​မူ​သော ယဇ်​တည်း​ဟူ​သော သင်​တို့ ပေး​လိုက်​သော​အ​ရာ​တို့​ကို ဧ​ပ​ဖြော​ဒိတ်​လက်​မှ ငါ​ခံ​ရ​သည်​ဖြစ်၍ ကြွယ်​ဝ​လျက်​ရှိ၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ