Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ယောဘဝတ္တု။ 22:24

Judson Bible

ရွှေ​ကို​မြေ​မှုန့်​ကဲ့​သို့​လည်း​ကောင်း၊ ဩ​ဖိ​ရ​ရွှေ​ကို မြစ်၌​ရှိ​သော ကျောက်​စ​ရစ်​ကဲ့​သို့​လည်း​ကောင်း သို​ထား​ရ​လိမ့်​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

14 ပူးပေါင်းရင်းမြစ်များ  

ဩ​ဖိ​ရ၊ ဟ​ဝိ​လ၊ ယော​ဗပ်၊ ဤ​သူ​အ​ပေါင်း​တို့​သည် ယု​တ္တန်​သား​ဖြစ်​သ​တည်း။

ဩ​ဖိ​ရ​မြို့​မှ ရွှေ​ကို​ဆောင်​ခဲ့​သော ဟိ​ရံ​သင်္ဘော​တို့​သည် အာ​လ​ဂုံ​သစ်​သား​များ၊ ကျောက်​မြတ်​များ​ကို​လည်း ဆောင်​ခဲ့​ကြ၏။

ရှော​လ​မုန်​မင်း​ကြီး​သောက်​သော ဖ​လား​တော်​ရှိ​သ​မျှ​နှင့် လေ​ဗ​နုန်​နန်း​တော်၌ သုံး​သော ဖ​လား​တော်​ရှိ​သ​မျှ​တို့​သည် ငွေ​ဖ​လား​မ​ဟုတ် ရွှေ​ဖ​လား​သက်​သက်​ဖြစ်၏။ ရှော​လ​မုန်​လက်​ထက်၌ ငွေ​ကို အ​လျှင်း​ပ​မာ​ဏ မ​ပြု​တတ်​ကြ။

ယော​ရှ​ဖတ်​သည် ဩ​ဖိ​ရ​ပြည်​သို့ စေ​လွှတ်၍၊ ရွှေ​ကို​ယူ​စေ​ခြင်း​ငှာ တာ​ရှု​သင်္ဘော​တို့​ကို ဧ​ဇ​ယုန်​ဂါ​ဗာ​မြို့​မှာ တည်၏။

သူ​တို့​သည် ဩ​ဖိ​ရ​မြို့​သို့​သွား၍ ရွှေ​အ​ခွက်​လေး​ရာ​နှစ်​ဆယ်​ကို ရှော​လ​မုန်​မင်း​ကြီး​ထံ​သို့ ဆောင်​ခဲ့​ကြ၏။

ဩ​ဖိ​ရ၊ ဟ​ဝိ​လ၊ ယော​ဗပ်၊ ဤ​သူ​အ​ပေါင်း​တို့​သည် ယု​တ္တန်​သား​ဖြစ်​ကြ​သ​တည်း။

ဟု​ရ​သား​ဖြစ်​သော ဥ​ရိ၏​သား ဗေ​ဇ​လေ​လ လုပ်​ခဲ့​သော ကြေး​ဝါ​ယဇ်​ပ​လ္လင်​ကို ထာ​ဝ​ရ​ဘု​ရား၏​တဲ​တော်​ရှေ့​မှာ​ထား​သော​ကြောင့်၊ ရှော​လ​မုန်​နှင့် ပ​ရိ​သတ်​တို့​သည် ထို​ယဇ်​ပ​လ္လင်​သို့ သွား​ကြ၏။

ဩ​ဖိ​ရ​မြို့​မှ ရွှေ​ကို​ဆောင်​ခဲ့​သော ဟိ​ရံ​ကျွန်​နှင့် ရှော​လ​မုန်​ကျွန်​တို့​သည်၊ အာ​လ​ဂုံ​သစ်​သား​များ၊ ကျောက်​မြတ်​များ​တို့​ကို​လည်း ဆောင်​ခဲ့​ကြ၏။

ရှင်​ဘု​ရင်​သည် ယေ​ရု​ရှ​လင်​မြို့၌ ငွေ​ကို​ကျောက်​ခဲ​ကဲ့​သို့​လည်း​ကောင်း၊ အာ​ရဇ်​ပင်​တို့​ကို လွင်​ပြင်၌​ပေါက်​သော သ​ဖန်း​ပင်​ကဲ့​သို့​လည်း​ကောင်း များ​ပြား​စေ၏။

ထို​အ​ခါ အ​န​န္တ​တန်​ခိုး​ရှင်​သည် သင်၌​ရွှေ​ရ​တ​နာ၊ သင်​သုံး​ရ​သော ငွေ​ဘ​ဏ္ဍာ​ဖြစ်​တော်​မူ​လိမ့်​မည်။

ငါ​သည်​ရွှေ​ကို​ကိုး​စား၍ ရွှေ​စင်​အား၊ သင်​သည် ငါ​ခို​လှုံ​ရာ​ဖြစ်၏​ဟု ဆို​မိ​သော်​လည်း​ကောင်း၊

ငါ၌​စည်း​စိမ်​ကြီး၍ များ​စွာ​သော ဥ​စ္စာ​ရ​တတ်​သော​ကြောင့်၊ ငါ​ဝါ​ကြွား​ဝမ်း​မြောက် မိ​သော်​လည်း​ကောင်း၊

အ​ပြည်​ပြည်​သော မင်း​သ​မီး​တို့​သည် မောင်း​မ​မိဿံ​အ​ဝင်​ဖြစ်၍၊ လက်​ယာ​တော်​ဘက်​မှာ ဩ​ဖိ​ရ​ရွှေ တန်​ဆာ​ဆင်​သော မြောက်​သား​တော်​နေ​ရာ​ဖြစ်​ပါ၏။

လူ​သည် ရွှေ​စင်​ထက် အ​ဖိုး​ထိုက်​မည်​အ​ကြောင်း၊ ဆင်း​ရဲ​သား​သည် ဩ​ဖိ​ရ​ရွှေ​ကျောက်​ထက် အ​ဖိုး​ထိုက်​မည်​အ​ကြောင်း ငါ​ပြု​မည်။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ