Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ယောဘဝတ္တု။ 21:25

Judson Bible

တစ်​ယောက်​သော​သူ​ကား တစ်​ခါ​မျှ​မ​ပျော်​မွေ့၊ စိတ်​ညှိုး​ငယ်​လျက် သေ​တတ်၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

14 ပူးပေါင်းရင်းမြစ်များ  

ခ​မည်း​တော်​နှင့် သူ၏​လူ​တို့​သည် ခွန်​အား​ကြီး​သော​သူ​ဖြစ်​ကြောင်း​ကို​လည်း​ကောင်း၊ ယ​ခု​မူ​ကား တော၌ သား​ငယ်​ပျောက်​သော ဝံ​မ​ကဲ့​သို့ ပြင်း​ထန်​သော​စိတ်​ရှိ​ကြောင်း​ကို​လည်း​ကောင်း ကိုယ်​တော်​သိ​တော်​မူ၏။ ခ​မည်း​တော်​သည်​လည်း စစ်​သူ​ရဲ​ဖြစ်၍ လူ​များ​တို့​နှင့်​အ​တူ မ​အိပ်​တတ်။

မိန်း​မ​က၊ သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​အ​သက်​ရှင်​တော်​မူ​သည်​အ​တိုင်း၊ မုန့်​ပြား​တစ်​ပြား​မျှ​မ​ရှိ။ အိုး​ထဲ​မှာ မုန့်​ညက်​တစ်​လက်​ဆုပ်၊ ဘူး၌ ဆီ​အ​နည်း​ငယ်​သာ​ရှိ၏။ ကျွန်​မ​နှင့်​သား​ငယ်​အ​ဖို့​ဖုတ်၍ စား​လို​သော​ငှာ​လည်း​ကောင်း၊ စား​ပြီး​မှ သေ​လို​သော​ငှာ​လည်း​ကောင်း၊ ထင်း​စ​နှစ်​ခု​ကို ယ​ခု​ခွေ​ပါ၏​ဟု ပြန်​ပြော၏။

ငါ့​ဝိ​ညာဉ်​သည် အ​သက်​ကို​ငြီး​ငွေ့၏။ မြည်​တမ်း​သော​အ​ပြစ်​ကို ခံ​ရ​မည်။ စိတ်​အ​လွန်​ညှိုး​ငယ်၍ ပြော​ရ​မည်။

သို့​သော်​လည်း သူ​သည်​ဝ​စွာ​စား​ရ၏။ ဘု​ရား​သ​ခင်​သည် အ​မျက်​တော်​အ​ရှိန်​ကို​လွှတ်၍ သူ​စား​စ​ရာ​ဖို့ အ​မျက်​တော်​မိုး​ကို ရွာ​စေ​တော်​မူ​မည်။

သူ၏​နံ​ဘေး​တို့​သည် ဆူ​ဖြိုး၍၊ အ​ရိုး​တို့​လည်း​ခြင်​ဆီ​နှင့် စို​စွတ်​ကြ၏။

နှစ်​ယောက်​လုံး​တို့​သည် မ​ခြား​မ​နား၊ မြေ​မှုန့်၌​အိပ်၍ တီ​ကောင်​များ ဖုံး​လွှမ်း​ခြင်း​ကို ခံ​ရ​ကြ၏။

ဒု​က္ခ​ဆင်း​ရဲ​ခံ​ရ​သော​သူ​အား အ​ဘယ်​ကြောင့် အ​လင်း​ကို​ပေး​သ​နည်း။ စိတ်​နှ​လုံး​ခါး​သော​သူ​အား အ​ဘယ်​ကြောင့် အ​သက်​ကို​ပေး​သ​နည်း။

ထို​ကြောင့်​ငါ​သည် ကိုယ်​နှုတ်​ကို မ​ချုပ်​တည်း။ စိတ်​ပင်​ပန်း​လျက်​နှင့် စ​ကား​ပြော​ရ၏။ အ​လွန်​ညှိုး​ငယ်​သော စိတ်​နှင့် မြည်​တမ်း​ရ၏။

ငါ့​ကို အ​သက်​ရှူ​ရ​သော​အ​ခွင့် မ​ပေး။ ခါး​စွာ​သော ဝေ​ဒ​နာ​နှင့် ပြည့်​စုံ​စေတော်​မူ၏။

စိတ်​နှ​လုံး​သည် မိ​မိ​ဒု​က္ခ​ကို​သိ၏။ စိတ်​နှ​လုံး​ရွှင်​လန်း​ခြင်း​အ​ကြောင်း​ကို​လည်း သူ​တစ်​ပါး မ​ဆိုင်​တတ်။

အ​လို​ဆ​န္ဒ​ရှိ​သ​မျှ​ပြေ​လောက်​အောင် စည်း​စိမ်​ဥ​စ္စာ ဂုဏ်​အ​သ​ရေ​ကို ဘု​ရား​သ​ခင်​ပေး​သော်​လည်း၊ ခံ​စား​ရ​သော​အ​ခွင့်​ကို ပေး​တော်​မ​မူ​သော​ကြောင့်၊ ကိုယ်​တိုင် မ​ခံ​စား​ရ။ မ​ဆိုင်​သော​သူ​တစ်​ပါး​ဝင်၍ ခံ​စား​ရ​သော​အ​မှု​သည် အ​န​တ္တ​အ​မှု၊ ဆိုး​သော​အ​မှု ဖြစ်၏။

အ​ချင်း​လူ​သား၊ တုန်​လှုပ်​လျက် အ​စာ​ကို​စား​လော့။ တုန်​လှုပ်​လျက်၊ သ​တိ​ပြု​လျက် ရေ​ကို​သောက်​လော့။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ