Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ယောဘဝတ္တု။ 21:2

Judson Bible

ငါ့​စ​ကား​ကို​စေ့​စေ့​နား​ထောင်၍ ငါ့​အား​နှစ်​သိမ့်​ခြင်း​ကို ပြု​ကြ​လော့။

အခန်းကိုကြည့်ပါ။ ကော်ပီ

14 ပူးပေါင်းရင်းမြစ်များ  

ငါ့​စ​ကား​ကို စေ့​စေ့​မှတ်​ကြ​လော့။ ငါ့​လျှောက်​ထား​ချက်​ကို နား​ထောင်​ကြ​လော့။

ငါ​ပြော​မည် အ​ကျိုး​အ​ကြောင်း​စ​ကား​ကို နား​ထောင်​ကြ​ပါ​လော့။ ငါ့​နှုတ်​နှင့် ဆွေး​နွေး​နှီး​နှော​မည့် စ​ကား​ကို နှ​လုံး​သွင်း​ကြ​ပါ​လော့။

သင်၌ ဘု​ရား​သ​ခင်​ပေး​တော်​မူ​သော သက်​သာ​ခြင်း​အ​ကြောင်း နည်း​သ​လော။ သင်၌ ဝှက်​ထား​သော​အ​မှု တစ်​စုံ​တစ်​ခု​ရှိ​သ​လော။

ထို​သို့​သော​စ​ကား​များ​တို့​ကို ငါ​ကြား​ဖူး​ပြီ။ သင်​တို့​ရှိ​သ​မျှ​သည် နှစ်​သိမ့်​စေ​ခြင်း​ငှာ ပြု​သော်​လည်း၊ ပင်​ပန်း​စေ​သော​သူ ဖြစ်​ကြ​ပါ​သည်​တ​ကား။

ဤ​စ​ကား​သည် အ​ဘယ်​အ​ခါ​မှ ပြတ်​လိမ့်​မည်​နည်း။ သ​တိ​ပြု​ကြ။ သို့​မှ​သာ​ငါ​တို့​သည် စ​ကား​ပြော​ကြ​မည်။

ယော​ဘ​ပြန်၍ မြွက်​ဆို​သည်​ကား၊

ငါ​ပြော​ရ​သော​အ​ခွင့်​ရှိ​စေ​ခြင်း​ငှာ သည်း​ခံ​ကြ​လော့။ ငါ​ပြော​ပြီး​မှ ပြက်​ရယ်​ပြု​ချင်​လျှင် ပြု​ကြ​လော့။

သို့​ဖြစ်၍ အို​ယော​ဘ၊ ငါ​မြွက်​ဆို​သော​စ​ကား အ​လုံး​စုံ​တို့​ကို နား​ထောင်​နာ​ယူ​ပါ​လော့။

အ​ကြား​အ​မြင်​များ​သော ပ​ညာ​ရှိ​တို့၊ ငါ့​စ​ကား​ကို နား​ထောင်​နာ​ယူ​ကြ​လော့။

အ​စာ​မ​ဟုတ်​သော​အ​ရာ​အ​ဖို့ သင်​တို့​ငွေ​ကို​လည်း​ကောင်း၊ အ​မွတ်​မ​ပြေ​နိုင်​သော အ​ရာ​အ​ဖို့ သင်​တို့​ဥ​စ္စာ​ကို​လည်း​ကောင်း၊ အ​ဘယ်​ကြောင့် ကုန်​စေ​ကြ​သ​နည်း။ ငါ့​စ​ကား​ကို စေ့​စေ့​နား​ထောင်​လျက်၊ ကောင်း​သော​အ​စာ​ကို စား​ကြ​လော့။ သင်​တို့၏​ဝိ​ညာဉ်​သည် ချို​သော​အ​ရာ​တို့၌ မိ​မိ​ကို​မိ​မိ မွေ့​လျော်​စေ​လိမ့်​မည်။

ထို​ကြောင့်၊ ငါ​တို့​သည် ကြား​ရ​သော ဒေ​သ​နာ​တော်​ကို မ​မေ့​မ​လျော့​မည်​အ​ကြောင်း၊ စိတ်​နှ​လုံး၌​သာ၍​မှတ်​မိ​စွဲ​လမ်း​ခြင်း ရှိ​ရ​ကြ​မည်။-

ထို​အ​မှု​ကို ယော​သံ​သည် ကြား​သိ​သော​အ​ခါ၊ ဂေ​ရ​ဇိမ်​တောင်​သို့ သွား၍၊ တောင်​ပေါ်​မှာ​ရပ်​လျက် အ​သံ​ကို​လွှင့်၍ ကြွေး​ကြော်​လေ​သည်​မှာ၊ အို​ရှေ​ခင်​မြို့​သား​တို့၊ သင်​တို့​စ​ကား​ကို ဘု​ရား​သ​ခင် နား​ထောင်​တော်​မူ​မည်​အ​ကြောင်း၊ ငါ့​စ​ကား​ကို နား​ထောင်​ကြ​လော့။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ