ဥစ္စာကြွယ်ဝစဉ်တွင်ပင် ဆင်းရဲခြင်းနှင့်တွေ့၍၊ အမျိုးမျိုးသော အမှုတို့သည် ရောက်ကြလိမ့်မည်။
ထာဝရဘုရားသည် မိမိကျွန်ပရောဖက်တို့ဖြင့် မိန့်တော်မူသော စကားတော်အတိုင်း၊ ယုဒပြည်ကို ဖျက်ဆီးစေခြင်းငှာ၊ ခါလဒဲတပ်သား၊ ရှုရိတပ်သား၊ မောဘတပ်သား၊ အမ္မုန်တပ်သားတို့ကို စစ်ချီစေတော်မူ၏။
ရှေဘအမျိုးသားတို့သည် တိုက်ယူသွားကြပါပြီ။ လူစောင့်တို့ကိုလည်း ဓားနှင့်သတ်၍ ကျွန်တော်တစ်ယောက်တည်း ကျန်ရစ်လျက်၊ ကိုယ်တော်အား သတင်းကြားပြောရပါသည်ဟု လျှောက်လေ၏။
ထိုသို့လျှောက်စဉ်တွင်၊ အခြားသောသူတစ်ယောက်သည် လာ၍၊ ခါလဒဲအမျိုးသား တပ်သုံးတပ်တို့သည် ချီ၍ ကုလားအုတ်တို့ကို တိုက်ယူသွားကြပါပြီ။ လူစောင့်တို့ကိုလည်း ဓားနှင့်သတ်၍ ကျွန်တော်တစ်ယောက်တည်း ကျန်ရစ်လျက်၊ ကိုယ်တော်အား သတင်းကြားပြောရပါသည်ဟု လျှောက်လေ၏။
ငွေမရတတ်ရ၊ သူ၏စည်းစိမ် မတည်ရ။ သူ၏ ဥစ္စာပစ္စည်းသည် မြေကြီးပေါ်မှာ မပြန့်ပွားရ။
ဘုရားသခင်သည် ငါ့ကို မတရားသောသူတို့တွင် ချုပ်ထားတော်မူပြီ။ လူဆိုးတို့၏လက်သို့ အပ်တော်မူပြီ။
ခိုင်ခံ့စွာသွားသောအခါ ကျဉ်းမြောင်းရာသို့ ရောက်လိမ့်မည်။ မိမိအကြံအစည်အားဖြင့် ရှုံးရလိမ့်မည်။
သို့သော်လည်း သူသည်ဝစွာစားရ၏။ ဘုရားသခင်သည် အမျက်တော်အရှိန်ကိုလွှတ်၍ သူစားစရာဖို့ အမျက်တော်မိုးကို ရွာစေတော်မူမည်။
ထိုအရပ်၌ လူဆိုးတို့သည် နောက်တစ်ဖန် မနှောင့်ယှက်ရ။ ပင်ပန်းသောသူတို့သည် ချမ်းသာရကြ၏။
သူရိတ်သောစပါးကို မွတ်သိပ်သောသူသည်၊ ဆူးပင်ကာသောခြံအထဲက ယူသွား၍ စားတတ်၏။ သူ၏ပစ္စည်းဥစ္စာကိုလည်း ရေငတ်သောသူသည် မျိုတတ်၏။
အကျွန်ုပ်အသက်တာကို တစ်မိုက်မျှသာ ခန့်ထားတော်မူပြီ။ အကျွန်ုပ်အရွယ်သည် ရှေ့တော်၌ ဘာမျှမဟုတ်သကဲ့သို့ ဖြစ်ပါ၏။ အကယ်စင်စစ်လူမည်သည်ကား၊ လူ၏အထွတ်သို့ ရောက်သော်လည်း၊ အနတ္တသက်သက်ဖြစ်ပါ၏။
အဓမ္မလူမျိုးရှိရာသို့ သူ့ကိုငါစေလွှတ်မည်။ ငါ့အမျက်ခံရာလူစုကို လုယူဖျက်ဆီး၍၊ လမ်း၌ ရွှံ့ကိုကဲ့သို့ ကျော်နင်းစေခြင်းငှာ၊ သူ့ကိုငါမှာထားမည်။
သူသည် ကိုယ်ကို ချီးမြှောက်၍ ကာမဂုဏ်၌ ပျော်မွေ့သည်အတိုင်း သူ၌ ပြင်းစွာသောဆုံးမခြင်း၊ စိတ်မသာ ညည်းတွားခြင်းကို ဖြစ်စေကြလော့။ ငါကား မိဖုရားဖြစ်၏။ မုဆိုးမ မဟုတ်။ စိတ်မသာညည်း တွားခြင်းကို မသိရဟု သူသည် အောက်မေ့တတ်၏။-