ငါပြန်ပြောရမည်အကြောင်း၊ ငါ့စိတ်နှလုံးသည် နှိုးဆော်သောကြောင့်၊ ပြောချင်သောစိတ်အားကြီး၏။
ငါ့အပြစ်ကို ဖော်ပြမည့်သူကား၊ အဘယ်သူနည်း။ ထိုသို့ဖော်ပြလျှင် ငါသည် တိတ်ဆိတ်စွာနေ၍ အသေခံပါမည်။
တစ်ဖန် နေမတ်အမျိုးသား ဇောဖာမြွက်ဆိုသည်ကား၊
ငါသည်ကိုယ်ခံရသော ကဲ့ရဲ့ပြစ်တင်ခြင်းစကားကိုကြား၍၊ ငါ့ဉာဏ်သဘော နှိုးဆော်သဖြင့် ငါပြန်ပြောရ၏။
ငါတို့သည် သင်နှင့်နှုတ်ဆက်စမ်းလျှင်၊ သင်သည် စိတ်ပျက်ကောင်းပျက်လိမ့်မည်။ သို့သော်လည်း၊ အဘယ်သူသည် စကားမပြောဘဲ နေနိုင်မည်နည်း။
လူအပေါင်းတို့သည် မုသားကိုသုံးတတ်ကြ၏ဟု သတိလစ်လျက် ပြောမိ၏။
အကျွန်ုပ်သည် ကိုယ်တော်၏မျက်နှာကွယ်ရာ၌ ဆုံးရှုံးပါပြီဟု အကျွန်ုပ်တုန်လှုပ်လျက်ဆိုမိသော်လည်း၊ ကိုယ်တော်ကို အော်ဟစ်သောအခါ အကျွန်ုပ်ပြုသောပတ္ထနာစကားသံကို ကိုယ်တော် နားထောင်တော်မူသတည်း။
စိတ်ရှည်သောသူသည် ပညာကြီး၏။ စိတ်တိုသောသူမူကား၊ အထူးသဖြင့် မိုက်ပေ၏။
သတိမရှိဘဲ စကားများသောသူရှိလျှင်၊ ထိုသူ၌ မျှော်လင့်စရာအခွင့် ရှိသည်ထက်၊ မိုက်သောသူ၌ သာ၍ မျှော်လင့်စရာအခွင့်ရှိ၏။
အမျက်ထွက်သည်တိုင်အောင် စိတ်မတိုနှင့်။ အမျက်သည် မိုက်သောသူ၏စိတ်နှလုံး၌ နေရာကျတတ်၏။
ထိုကြောင့်၊ ငါသည် နှုတ်ကပတ်တော်ကို မကြားမပြော၊ နာမတော်ကိုအမှီပြု၍ မဟောဘဲနေမည်ဟု သဘောထားသော်လည်း၊ ငါ့အရိုးတို့၌ချုပ်ထား၍၊ လောင်သောမီးကဲ့သို့ နှုတ်ကပတ်တော်သည် ငါ့နှလုံး၌ ဖြစ်သောကြောင့်၊ အလွန်ငြီးငွေ့သဖြင့် အောင့်၍မနေနိုင်၊
ချက်ချင်း မိန်းမငယ်သည် မင်းကြီးထံသို့ အလျင်တဆောဝင်၍၊ ဗတ္တိဇံဆရာယောဟန်၏ ဦးခေါင်းကို ဤလင်ပန်း၌ အလျင်အမြန်ပေးတော်မူစေခြင်းငှာ ကျွန်မ အလိုရှိပါသည်ဟု တောင်းလျှောက်၏။-
ထိုသူတို့သည် မှန်သောပညာမရှိသော်လည်း၊ ဘုရားသခင်ဘက်၌ စိတ်အားကြီးသည်ဟု သူတို့အဖို့ ငါသက်သေခံ၏။-
သို့ဖြစ်၍၊ ငါချစ်သော ညီအစ်ကိုတို့၊ ခပ်သိမ်းသောသူတို့သည် နားကြားခြင်းငှာ လျင်မြန်ကြစေ။ စကားပြောခြင်းငှာလည်းကောင်း၊ အမျက်ထွက်ခြင်းငှာလည်းကောင်း နှေးကြစေ။-