Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ယောဘဝတ္တု။ 2:3

Judson Bible

ထာ​ဝ​ရ​ဘု​ရား​က​လည်း၊ ငါ့​ကျွန်​ယော​ဘ​ကို ဆင်​ခြင်​မိ​ပြီ​လော။ မြေ​ကြီး​ပေါ်​မှာ​သူ​နှင့်​တူ​သော​သူ တစ်​ယောက်​မျှ​မ​ရှိ။ စုံ​လင်​ဖြောင့်​မတ်​ပေ၏။ ဘု​ရား​သ​ခင်​ကို ကြောက်​ရွံ့​သော​သူ၊ မ​ကောင်း​သော​အ​ကျင့်​ကို ရှောင်​သော​သူ​ဖြစ်၏။ အ​ကြောင်း​မ​ရှိ​ဘဲ သူ့​ကို​ပျက်​စီး​စေ​ခြင်း​ငှာ သင်​သည် ငါ့​ကို​တိုက်​တွန်း​သော်​လည်း၊ သူ​သည် ဖြောင့်​မတ်​သော​သ​ဘော​ကို စွဲ​လမ်း​လျက်​နေ​သည်​ဟု စာ​တန်​အား မိန့်​တော်​မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

26 ပူးပေါင်းရင်းမြစ်များ  

နော​ဧ​အ​တ္ထု​ပ္ပ​တ္တိ​ဟူ​မူ​ကား၊ နော​ဧ​သည် ဖြောင့်​မတ်​သော​သူ၊ မိ​မိ​အ​မျိုး၌​စုံ​လင်​သော​သူ​ဖြစ်၏။ ဘု​ရား​သ​ခင်​နှင့်​အ​တူ​သွား​လာ၏။

ယွာ​ဘ​က၊ မျို​ခြင်း​အ​မှု၊ ဖျက်​ဆီး​ခြင်း​အ​မှု​သည် ငါ​နှင့်​ဝေး​ပါ​စေ​သော။ ဝေး​ပါ​စေ​သော။

ယော​ဘ​အ​မည်​ရှိ​သော​သူ တစ်​ယောက်​သည် ဥ​ဇ​ပြည်၌​နေ၏။ ထို​သူ​သည် စုံ​လင်​ဖြောင့်​မတ်​ခြင်း​ရှိ၏။ ဘု​ရား​သ​ခင်​ကို ကြောက်​ရွံ့​သော​သူ၊ မ​ကောင်း​သော​အ​ကျင့်​ကို ရှောင်​သော​သူ​ဖြစ်၏။

ယ​ခု​မူ​ကား၊ လက်​တော်​ကို​ဆန့်၍ သူ၏​ဥ​စ္စာ​ရှိ​သ​မျှ​ကို ထိ​ခိုက်​တော်​မူ​လျှင်၊ သူ​သည် မျက်​မှောက်​တော်၌ ကိုယ်​တော်​ကို စွန့်​ပယ်​ပါ​လိမ့်​မည်​ဟု ထာ​ဝ​ရ​ဘု​ရား​ကို ပြန်​လျှောက်​လေ၏။

ဘု​ရား​သ​ခင်၏​သား​တို့​သည် ထာ​ဝ​ရ​ဘု​ရား​ထံ​တော်၌ ခ​စား​ခြင်း​ငှာ လာ​ရ​သော​နေ့​ရက်​အ​ချိန် ရောက်​လျှင်၊ စာ​တန်​သည်​လည်း သူ​တို့​နှင့်​ရော​နှော၍ လာ၏။

ထာ​ဝ​ရ​ဘု​ရား​က​လည်း၊ ငါ့​ကျွန်​ယော​ဘ​ကို ဆင်​ခြင်​ပြီ​လော။ မြေ​ကြီး​ပေါ်​မှာ သူ​နှင့်​တူ​သော​သူ တစ်​ယောက်​မျှ​မ​ရှိ။ စုံ​လင်​ဖြောင့်​မတ်​ပေ၏။ ဘု​ရား​သ​ခင်​ကို ကြောက်​ရွံ့​သော​သူ၊ မ​ကောင်း​သော​အ​ကျင့်​ကို ရှောင်​သော​သူ​ဖြစ်​သည်​ဟု စာ​တန်​အား​မိန့်​တော်​မူ၏။

ငါ့​ကို​သတ်​တော်​မူ၍၊ ငါ​မျှော်​လင့်​စ​ရာ​မ​ရှိ​သော်​လည်း၊ ရှေ့​တော်၌ ကိုယ်​အ​ပြစ်​ဖြေ​ရာ​စ​ကား​ကို ငါ​လျှောက်​ထား​မည်။

ထာ​ဝ​ရ​ဘု​ရား​က​လည်း၊ သင်​သည် အ​ဘယ်​အ​ရပ်​က​လာ​သ​နည်း​ဟု စာ​တန်​ကို​မေး​တော်​မူ​လျှင်၊ စာ​တန်​က၊ မြေ​ကြီး​ပေါ်​မှာ​လှည့်​လည်၍ အ​ရပ်​ရပ်​သွား​လာ​ခြင်း​အ​မှု​ထဲ​က လာ​ပါ​သည်​ဟု ပြန်​လျှောက်​လေ၏။

စာ​တန်​က​လည်း၊ အ​ရေ​ဖို့​အ​ရေ​ဟု ဆို​သ​ကဲ့​သို့၊ လူ​သည် မိ​မိ​အ​သက်​ဖို့ မိ​မိ​ဥ​စ္စာ​ရှိ​သ​မျှ​ကို ပေး​ပါ​လိမ့်​မည်။

အ​ကြောင်း​မူ​ကား၊ မိုး​သက်​မုန်​တိုင်း​ဖြင့် ငါ့​ကို​ညှဉ်း​ဆဲ၍၊ အ​ကြောင်း​မ​ရှိ​ဘဲ ငါ၌ အ​နာ​တို့​ကို များ​ပြား​စေ​တော်​မူ၏။

ကိုယ်​အ​ပြစ်​ကို ပြေ​စေ​ခြင်း​ငှာ​ပြု​လျှင်၊ ကိုယ်​စ​ကား​အား​ဖြင့် တ​ရား​ရှုံး​လိမ့်​မည်။ ငါ​သည် စုံ​လင်​ပြီ​ဟု ဆို​ပြန်​လျှင်၊ ငါ့​သ​ဘော​ကောက်​ကြောင်း ထင်​ရှား​လိမ့်​မည်။

အို​ထာ​ဝ​ရ​ဘု​ရား၊ အ​ကျွန်ုပ်​သည် ဖြောင့်​မတ်​ခြင်း​လမ်း​သို့ လိုက်​သော​ကြောင့်၊ အ​ကျွန်ုပ်​ဘက်၌ တ​ရား​စီ​ရင်​တော်​မူ​ပါ။ အ​ကျွန်ုပ်​သည် ထာ​ဝ​ရ​ဘု​ရား​ကို​ခို​လှုံ၍၊ ရွေ့​လျော့​ခြင်း​နှင့် ကင်း​လွတ်​ပါ​လိမ့်​မည်။

စုံ​လင်​ခြင်း​တ​ရား​ကို စောင့်​ရှောက်​လော့။ ဖြောင့်​မတ်​ခြင်း​တ​ရား​ကို ကြည့်​ရှု​ဆင်​ခြင်​လော့။ ထို​သို့​ပြု​သော​သူ​သည် အ​ဆုံး၌ ငြိမ်​သက်​ခြင်း​ကို ခံ​စား​ရ​လိမ့်​မည်။

ကိုယ်​တော်​သည် အ​ကျွန်ုပ်​ကို အ​ကျွန်ုပ်​စုံ​လင်​ခြင်း​အ​ရာ၌​မ​စ၍၊ ကာ​လ​အ​စဉ်​အ​ဆက် ရှေ့​တော်​ထဲ​မှာ နေ​ရာ​ပေး​တော်​မူ​လ​တ္တံ့။

ဖြောင့်​မတ်​သော​သူ​သည် ဒု​က္ခ​ထဲ​က​ထွက်​မြောက်၍၊ သူ့​ကိုယ်​စား မ​တ​ရား​သော​သူ​ခံ​ရ၏။

ဖြောင့်​မတ်​ခြင်း​တ​ရား​သည် လမ်း​မ​လွှဲ​သော​သူ​ကို စောင့်​တတ်၏။ ဒု​စ​ရိုက်​တ​ရား​မူ​ကား၊ အ​ပြစ်​ရှိ​သော​သူ​ကို လှဲ​တတ်၏။

ဖြောင့်​သော​လမ်း​သို့ လိုက်​သော​သူ​သည် ထာ​ဝ​ရ​ဘု​ရား​ကို​ကြောက်​ရွံ့​တတ်၏။ ကောက်​သော​လမ်း​သို့ လိုက်​သော​သူ​မူ​ကား၊ မ​ထီ​မဲ့​မြင်​ပြု​တတ်၏။

မ​တ​ရား​သော​သူ ပူ​ဇော်​သော​ယဇ်​ကို ထာ​ဝ​ရ​ဘု​ရား​စက်​ဆုပ်​ရွံ့​ရှာ​တော်​မူ၏။ သ​ဘော​ဖြောင့်​သော​သူ ဆု​တောင်း​သော​ပ​တ္ထ​နာ​ကို​ကား၊ နှစ်​သက်​တော်​မူ၏။

ဖြောင့်​မတ်​သော​သူ​လိုက်​သော​လမ်း​မူ​ကား၊ ဒု​စ​ရိုက်​ကို ရှောင်​ခြင်း​တည်း။ ထို​လမ်း​မှ​မ​လွှဲ​ဘဲ အ​မြဲ​လိုက်​သော​သူ​သည် မိ​မိ​အ​သက်​ဝိ​ညာဉ်​ကို စောင့်​တတ်၏။

ယေ​ရှု​က​လည်း၊ ကိုယ်​အ​ပြစ်​ကြောင့်​မ​ဟုတ်။ မိ​ဘ​အ​ပြစ်​ကြောင့်​လည်း မ​ဟုတ်။ ဘု​ရား​သ​ခင်၏​အ​မှု​တော်​ကို သူ၌​ထင်​ရှား​စေ​မည်​အ​ကြောင်း​တည်း။-

ထို​သို့​ဆို​သော် အ​ကျိုး​ကို​ခံ​ရ​ပြီ၊ စုံ​လင်​ခြင်း​သို့ ရောက်​ရ​ပြီ​ဟု ငါ​မ​ဆို​လို၊ အ​ကြင်​အ​ကျိုး​ကို​ပေး​ခြင်း​ငှာ ခ​ရစ်​တော်​သည် ငါ့​ကို ကိုင်​ဖမ်း​တော်​မူ၏။ ထို​အ​ကျိုး​ကို ကိုင်​မိ​ခြင်း​ငှာ ငါ​ပြေး၍ လိုက်​သေး၏။

စုံ​စမ်း​နှောင့်​ယှက်​ခြင်း​ကို သည်း​ခံ​သော​သူ​သည် မင်္ဂ​လာ​ရှိ၏။ အ​ကြောင်း​မူ​ကား၊ စစ်​ကြော​စုံ​စမ်း​ခြင်း​ကို ခံ​ပြီး​မှ သ​ခင်​ဘု​ရား​ကို ချစ်​သော​သူ​တို့​အား က​တိ​ထား​တော်​မူ​သော အ​သက်​သ​ရ​ဖူ​ကို ရ​လိမ့်​မည်။-

ခ​ရစ်​တော်​ယေ​ရှု​အား​ဖြင့် ငါ​တို့​ကို ထာ​ဝ​ရ​ဘုန်း​အ​သ​ရေ​တော်​သို့ ခေါ်​တော်​မူ​သော၊ ခပ်​သိမ်း​သော​ကျေး​ဇူး​ကို ပြု​တော်​မူ​သော ဘု​ရား​သ​ခင်​သည် ခ​ဏ​ဆင်း​ရဲ​ခံ​ပြီး​သော သင်​တို့​ကို စုံ​လင်​တည်​ကြည်​ခိုင်​ခံ့ မြဲ​မြံ​စေ​တော်​မူ​လိမ့်​မည်။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ