ငါမသွားနိုင်အောင် ငါ့ရှေ့မှာအဆီးအကာပြု၍၊ ငါသွားရာလမ်း၌ မှောင်မိုက်ကိုထားတော်မူပြီ။
အကြောင်းမူကား၊ မှောင်မိုက်မရောက်မီ ငါ့ကိုပယ်ရှင်းတော်မမူ၊ ထူထပ်သောမှောင်မိုက်မှ ငါ့ကိုကွယ်ကာတော်မမူပါတကား။
မိမိသွားသောလမ်း ကွယ်ပျောက်သောသူ၊ ဘုရားသခင် ဆီးကာချုပ်ထားသောသူအား အလင်းနှင့်အသက်ကို အဘယ်ကြောင့် ပေးသနည်း။
သို့သော်လည်း၊ ငါသည် ကောင်းကျိုးကို မျှော်လင့်သောအခါ ဘေးရောက်လာ၏။ အလင်းကိုတောင့်တသောအခါ မှောင်မိုက်ဖြစ်၏။
အကျွန်ုပ်၏အသိအကျွမ်းများကို အဝေးသို့ရွှေ့တော်မူပြီ။ သူတို့အား အကျွန်ုပ်ကို ရွံရှာဖွယ်ဖြစ်စေတော်မူပြီ။ အကျွန်ုပ်သည် အချုပ်ခံရ၍၊ ပြင်သို့ မထွက်ရပါ။
မတရားသောသူတို့၏လမ်းမူကား၊ မှောင်မိုက်ကဲ့သို့ဖြစ်၍၊ သူတို့သည် လဲသောအခါ၊ အဘယ်အရာကို တိုက်မိသည်ဟု မသိရကြ။
သင်တို့တွင် အဘယ်သူသည် ထာဝရဘုရားကို ကြောက်ရွံ့သနည်း။ ထိုသူသည် ကိုယ်တော်ကျွန်၏စကားသံကို နားထောင်ပါစေ။ အဘယ်သူသည် အလင်းမရှိဘဲ မှောင်မိုက်၌ သွားလာသနည်း။ ထိုသူသည် ထာဝရဘုရား၏နာမတော်ကို ခိုလှုံ၍၊ မိမိဘုရားသခင်ကို အမှီပြုပါစေ။
ထိုကြောင့်၊ ဖြောင့်မတ်စွာစီရင်ခြင်းသည် ငါတို့နှင့်ဝေး၏။ တရားသည်လည်း ငါတို့ကိုမမီ။ အလင်းကို မျှော်လင့်သောအခါ ရှင်းလင်းခြင်းမရှိ။ ရောင်ခြည်ကိုမျှော်လင့်သော်လည်း၊ မှောင်မိုက်၌ သွားလာရကြ၏။
မိုးမချုပ်မီ၊ မိုက်သောတောင်ပေါ်မှာ သင်တို့သည် ထိခိုက်၍မလဲမီ၊ အလင်းကိုမျှော်လင့်သောအခါ၊ သေမင်းအရိပ်၊ ထူထပ်သော မှောင်မိုက်ကို ဖြစ်စေတော်မမူမီ၊ သင်တို့၏ဘုရားသခင် ထာဝရဘုရား၏ဂုဏ်တော်ကို ချီးမွမ်းကြလော့။
ထိုကြောင့်၊ သူတို့သွားသောလမ်းသည် မှောင်မိုက်၌ ချောတတ်သော လမ်းကဲ့သို့ဖြစ်၍၊ သူတို့သည် တွန်းတိုးခြင်းကို ခံရ၍ လဲကြလိမ့်မည်။ အကြောင်းမူကား၊ သူတို့သည် ဆုံးမခြင်းကို ခံရသောကာလ၌ သူတို့အပေါ်မှာ ဘေးဥပဒ်ကို သင့်ရောက်စေမည်ဟု ထာဝရဘုရား မိန့်တော်မူ၏။
ငါ့တစ်ဖက်၌ တပ်တည်၍ ခါးသောအရာ၊ ပင်ပန်းစရာအကြောင်းတို့နှင့် ပိုင်းတော်မူ၏။
ငါမထွက်နိုင်အောင်ဝင်းခတ်၍၊ လေးသော သံကြိုးနှင့် ချည်နှောင်တော်မူ၏။
ငါသွားရာလမ်းကိုကျောက်ထရံနှင့် ပိတ်၍၊ ကောက်သောလမ်းဖြင့် သွားစေတော်မူ၏။
သို့ဖြစ်၍၊ သူ့ကိုဆူးစောင်ရန်းနှင့် ကာထားမည်။ ထွက်စရာမရှိစေခြင်းငှာ သူ့ပတ်လည်၌ ကျောက်ရိုးကိုလည်း တည်မည်။
ဆန်စပါး၊ စပျစ်ရည်၊ ဆီတို့ကို ငါပေးသနားသည် ဟူ၍လည်းကောင်း၊ ဗာလဘုရားအား ပူဇော်သောရွှေနှင့် ငွေကို သူ၌ ငါများပြားစေသည် ဟူ၍လည်းကောင်း သူသည် မအောက်မေ့ပါတကား။
တစ်ဖန်တုံယေရှုက၊ ငါသည် ဤလောက၏အလင်းဖြစ်၏။ ငါ့နောက်သို့ လိုက်သောသူသည် မှောင်မိုက်၌ မသွားမလာ။ အသက်၏အလင်းကိုရလိမ့်မည်ဟု မိန့်တော်မူ၏။-
ထာဝရဘုရားကို အော်ဟစ်သောအခါ၊ သင်တို့နှင့် အဲဂုတ္တုလူတို့စပ်ကြားမှာ မှောင်မိုက်ကိုငါထား၍ သူတို့ကို ပင်လယ်ရေလွှမ်းမိုးစေ၏။ အဲဂုတ္တုပြည်၌ ငါပြုသောအမှုကို သင်တို့သည် ကိုယ်တိုင်မြင်ကြပြီ။ တော၌လည်း ကာလကြာမြင့်စွာ နေရကြ၏။