Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ယောဘဝတ္တု။ 18:7

Judson Bible

ခိုင်​ခံ့​စွာ​သွား​သော​အ​ခါ ကျဉ်း​မြောင်း​ရာ​သို့ ရောက်​လိမ့်​မည်။ မိ​မိ​အ​ကြံ​အ​စည်​အား​ဖြင့် ရှုံး​ရ​လိမ့်​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

15 ပူးပေါင်းရင်းမြစ်များ  

အ​ဗ​ရှ​လုံ​နှင့် ဝိုင်း၍​ပုန်​ကန်​သော လူ​စု​ထဲ​မှာ၊ အ​ဟိ​သော​ဖေ​လ​လည်း​ပါ​ကြောင်း​ကို ဒါ​ဝိဒ်​သည်​ကြား​လျှင်၊ အို​ထာ​ဝ​ရ​ဘု​ရား၊ အ​ဟိ​သော​ဖေ​လ​ပေး​သော​အ​ကြံ​ကို မိုက်​သော​အ​ကြံ​ဖြစ်​စေ​တော်​မူ​ပါ​ဟု ဆု​တောင်း​လေ၏။

အ​ဗ​ရှ​လုံ​နှင့် ဣ​သ​ရေ​လ အ​မျိုး​သား​အ​ပေါင်း​တို့​က၊ အာ​ခိ​လူ​ဟု​ရှဲ​ပေး​သော အ​ကြံ​သည် အ​ဟိ​သော​ဖေ​လ​ပေး​သော အ​ကြံ​ထက် သာ၍​ကောင်း​သည်​ဟု ပြော​ဆို​ကြ၏။ အ​ကြောင်း​မူ​ကား၊ ထာ​ဝ​ရ​ဘု​ရား​သည် အ​ဗ​ရှ​လုံ၌ ဘေး​ရောက်​စေ​ခြင်း​ငှာ၊ အ​ဟိ​သော​ဖေ​လ​ပေး​သော အ​ကြံ​ကောင်း​ကို ဖျက်​စေ​မည်​အ​ကြောင်း စီ​ရင်​တော်​မူ၏။

ထို​အ​ကြောင်း​ကြောင့် ရှု​ရိ​ရှင်​ဘု​ရင်​သည် စိတ်​ပူ​ပန်၍ ကျွန်​တို့​ကို​ခေါ်​ပြီး​လျှင်၊ ငါ​တို့​တွင် အ​ဘယ်​သူ​သည် ဣ​သ​ရေ​လ​ရှင်​ဘု​ရင်​ဘက်၌​နေ​သည်​ကို ငါ့​အား​မ​ပြ​ဘဲ​နေ​ကြ​သ​နည်း​ဟု​မေး​သော်၊

ငါ​သည် သင့်​ကို​အ​ပြစ်​မ​တင်၊ သင့်​နှုတ်​သည် သင့်​ကို​အ​ပြစ်​တင်၏။ သင့်​နှုတ်​ခမ်း​တို့​သည် သင့်​တစ်​ဖက်၌ သက်​သေ​ခံ၏။

ဥ​စ္စာ​ကြွယ်​ဝ​စဉ်​တွင်​ပင် ဆင်း​ရဲ​ခြင်း​နှင့်​တွေ့၍၊ အ​မျိုး​မျိုး​သော အ​မှု​တို့​သည် ရောက်​ကြ​လိမ့်​မည်။

ထို​သို့​သင့်​ကို​လည်း ကျဉ်း​မြောင်း​သော​အ​ရပ်​မှ ကျယ်​ဝန်း​ရှင်း​လင်း​သော​အ​ရပ်​သို့ ပြောင်း​စေ၍၊ သင်၏​စား​ပွဲ​ပေါ်​မှာ ကောင်း​သော​အ​ရ​သာ​နှင့်​ပြည့်​စုံ​သော ခဲ​ဖွယ်​စား​ဖွယ်​ကို တင်​ထား​တော်​မူ​လိမ့်​မည်။

အ​ကျွန်ုပ်​သွား​သော​လမ်း​ကို​ရှင်း​လင်း၍ ခြေ​မ​ချော်​စေ​ခြင်း​ငှာ ပြု​တော်​မူ​သော​အား​ဖြင့်၊

ထာ​ဝ​ရ​ဘု​ရား​သည် တစ်​ပါး​အ​မျိုး​သား​တို့၏​တိုင်​ပင်​ခြင်း​ကို​ပယ်​တော်​မူ၏။ လူ​စု​တို့၏​ကြံ​စည်​ခြင်း​ကို​လည်း ဖျက်​ဆီး​တော်​မူ၏။

ဖြောင့်​မတ်​ခြင်း​ပါ​ရ​မီ​သည် စုံ​လင်​သော​သူ​တို့​ကို ပဲ့​ပြင်​တတ်၏။ မ​တ​ရား​သော​သူ​မူ​ကား၊ မိ​မိ​မ​တ​ရား​သော​အ​မှု​အား​ဖြင့် ဆုံး​ရှုံး​တတ်၏။

အ​ဓ​မ္မ​လူ​ပြစ်​မှား​ရာ၌ ကျော့​ကွင်း​ထောင်​လျက်​ရှိ၏။ ဖြောင့်​မတ်​သော​သူ​မူ​ကား၊ ရွှင်​လန်း​စွာ သီ​ချင်း​ဆို​တတ်၏။

လျှောက်​သွား​လျှင် ကျဉ်း​မြောင်း​ရာ​သို့ မ​ရောက်၊ ပြေး​သော​အ​ခါ တိုက်​မိ၍​မ​လဲ​ရ။

နွား​သ​ငယ်​နှင့်​အ​တူ အာ​ရှု​ရိ​ပြည်​သို့ ယူ​သွား​ပြီး​လျှင်၊ ရှင်​ဘု​ရင်​ယာ​ရက်​အား ဆက်​ရ​ကြ​လိမ့်​မည်။ ဧ​ဖ​ရိမ်​သည် အ​သ​ရေ​ပျက်၍ ဣ​သ​ရေ​လ​သည် မိ​မိ​အ​ကြံ​အ​စည်​အား​ဖြင့် ရှက်​ကြောက်​ရ​လိမ့်​မည်။

အ​ကြောင်း​မူ​ကား၊ လော​ကီ​ပ​ညာ​သည် ဘု​ရား​သ​ခင့်​ရှေ့၌ မိုက်​မဲ​ခြင်း​ဖြစ်၏။ ကျမ်း​စာ​လာ​သည်​ကား၊ ဘု​ရား​သ​ခင်​သည် ပ​ညာ​ရှိ​တို့​ကို သူ​တို့၏ ပ​ရိ​ယာယ်​အား​ဖြင့် ဖမ်း​ဆီး​တော်​မူ၏​ဟု လာ​သ​တည်း။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ