Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ယောဘဝတ္တု။ 18:5

Judson Bible

အ​ကယ်​စင်​စစ် ဆိုး​သော​သူ၏​အ​လင်း​သည် ကွယ်​လိမ့်​မည်။ သူ၏​မီး​လျှံ မ​တောက်​ရ။

အခန်းကိုကြည့်ပါ။ ကော်ပီ

12 ပူးပေါင်းရင်းမြစ်များ  

သူ​သည် မှောင်​မိုက်​ဘေး​နှင့် မ​လွတ်​ရ။ မီး​လျှံ​သည် သူ၏​အ​ခက်​အ​လက်​တို့​ကို လောင်​လိမ့်​မည်။ ဘု​ရား​သ​ခင်၏ နှုတ်​တော်​အ​သက်​အား​ဖြင့် သုတ်​သင်​ပယ်​ရှင်း​ခြင်း​ကို ခံ​ရ၏။

အ​မျက်​ထွက်၍ မိ​မိ​ကိုယ်​ကို ကိုက်​ဖြတ်​သော​သူ၊ သင့်​အ​တွက် မြေ​ကြီး​ကို​စွန့်​ပစ်​ရ​မည်​လော။ ကျောက်​သည် မိ​မိ​နေ​ရာ​မှ ရွေ့​ရ​မည်​လော။

ဆိုး​သော​သူ​သည် ကြာ​မြင့်​စွာ​ကာ​လ မ​ဝါ​ကြွား​ရ​ကြောင်း​ကို​လည်း​ကောင်း၊ အ​ဓ​မ္မ​လူ​သည် ခ​ဏ​သာ​ဝမ်း​မြောက်​ကြောင်း​ကို​လည်း​ကောင်း မ​သိ​သ​လော။

မ​တ​ရား​သော​သူ​တို့၏ မီး​ခွက်​သည်​သေ၍၊ သူ​တို့​ကို ဖျက်​ဆီး​ခြင်း​ငှာ ဘု​ရား​သ​ခင်​သည် အ​မျက်​တော်​ထွက်​သ​ဖြင့်၊ ဘယ်​နှစ်​ကြိမ်​ဘေး​ဥ​ပဒ်​တို့​ကို စီ​ရင်​တော်​မူ​ဖူး​သည်​ကို​လည်း​ကောင်း၊

ဖြောင့်​မတ်​သော​သူ၏​အ​လင်း​သည် ရွှင်​လန်း၏။ မ​တ​ရား​သော​သူ၏​မီး​ခွက်​မူ​ကား၊ သေ​ရ​လိမ့်​မည်။

အ​ကြင်​သူ​သည် မိ​ဘ​ကို​ကျိန်​ဆဲ၏။ ထို​သူ၏​မီး​ခွက်​သည် ထူ​ထပ်​သော မှောင်​မိုက်၌ သေ​လိမ့်​မည်။

ထောင်​လွှား​သော​မျက်​နှာ၊ မာ​န​ကြီး​သော​နှ​လုံး၊ မ​တ​ရား​သော​သူ​တို့၏ အ​လင်း​သော်​လည်း အ​ပြစ်​ပါ၏။

အ​ကြောင်း​မူ​ကား၊ မ​တ​ရား​သော​သူ​သည် အ​ကျိုး​ကို​မ​ရ။ အ​ဓ​မ္မ​လူ၏​မီး​ခွက်​သည် သေ​လိမ့်​မည်။

မ​တ​ရား​သော​သူ​တို့၏​လမ်း​မူ​ကား၊ မှောင်​မိုက်​ကဲ့​သို့​ဖြစ်၍၊ သူ​တို့​သည် လဲ​သော​အ​ခါ၊ အ​ဘယ်​အ​ရာ​ကို တိုက်​မိ​သည်​ဟု မ​သိ​ရ​ကြ။

မီး​ကို​ညှိ၍ မိ​မိ​တို့​ကို မီး​ပွား​တို့​နှင့် ဝန်း​ရံ​စေ​သော သူ​အ​ပေါင်း​တို့၊ သင်​တို့​မီး၏​အ​လင်း၌​လည်း​ကောင်း၊ သင်​တို့​ပြု​စု​သော မီး​စ​များ၌​လည်း​ကောင်း သွား​လာ​ကြ​လော့။ ငါ့​လက်၌​ခံ​ရ​သော အ​ကျိုး​ဟူ​မူ​ကား၊ သင်​တို့​သည် ဝမ်း​နည်း​လျက် အိပ်​ရ​ကြ​လိမ့်​မည်။

မ​တ​ရား​သော​သူ​တို့​မူ​ကား၊ မ​ငြိမ်​နိုင်​ဘဲ​လှုပ်​ရှား၍၊ ရွှံ့​နှင့် အ​မှိုက်​ကို​ပက်​သော ပင်​လယ်​ရေ​နှင့် တူ​ကြ၏။

သင့်​ကို ငါ​ဆုံး​စေ​သော​အ​ခါ မိုး​ကောင်း​ကင်​ကို ငါ​ဖုံး​လွှမ်း၍ ကြယ်​တို့​ကို မိုက်​စေ​မည်။ နေ​ကို​မိုး​အုံ့​စေ​၍ လ​သည်​လည်း အ​လင်း​ကို မ​ပေး​ရ။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ