Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ယောဘဝတ္တု။ 18:21

Judson Bible

အ​ကယ်​စင်​စစ် ဆိုး​သော​သူ၏​နေ​ရာ​သည် ထို​သို့​သော လ​က္ခ​ဏာ​ရှိ၏။ ဘု​ရား​သ​ခင်​ကို​မ​သိ​သော​သူ​သည် ထို​သို့​သော​နေ​ရာ​သို့ ရောက်​လိမ့်​မည်​ဟု မြွက်​ဆို၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

16 ပူးပေါင်းရင်းမြစ်များ  

ငါ့​သား​ရှော​လ​မုန်၊ သင့်​အ​ဘ၏​ဘု​ရား​သ​ခင်​ကို သိ​လော့။ စုံ​လင်​သော​နှ​လုံး၊ ကြည်​ညို​သော​စိတ်​သ​ဘော​နှင့် ဝတ်​ပြု​လော့။ ထာ​ဝ​ရ​ဘု​ရား​သည် ခပ်​သိမ်း​သော စိတ်​နှ​လုံး​တို့​ကို​စစ်၍ အ​ကြံ​အ​စည်​ရှိ​လေ​သ​မျှ​တို့​ကို သိ​တော်​မူ၏။ ကိုယ်​တော်​ကို​ရှာ​လျှင် အ​တွေ့​ခံ​တော်​မူ​မည်။ ကိုယ်​တော်​ကို​စွန့်​လျှင် သင့်​ကို အ​စဉ်​အ​မြဲ စွန့်​တော်​မူ​မည်။

ယော​ဘ​ပြန်၍ မြွက်​ဆို​သည်​ကား၊ သင်​တို့​သည် ငါ့​စိတ်​ဝိ​ညာဉ်​ကို နှောင့်​ယှက်၍ အ​ဘယ်​မျှ​ကာ​လ​ပတ်​လုံး သင်​တို့​စ​ကား​ဖြင့် ငါ့​ကို​ချိုး​ဖဲ့​ကြ​လိမ့်​မည်​နည်း။

ထို​သို့​သော​ဆု​လာဘ်​ကို ဘု​ရား​သ​ခင်​သည် လူ​ဆိုး​အား​ပေး​တော်​မူ၏။ ထို​သို့​သော​အ​မွေ​ဥ​စ္စာ​ကို ဘု​ရား​သ​ခင်​ခွဲ​ဝေ​စီ​ရင်​တော်​မူ​သည်​ဟု မြွက်​ဆို၏။

ဘု​ရား​သ​ခင်​အား​လည်း၊ ငါ့​တို့​ထံ​မှ ထွက်​သွား​လော့။ ကိုယ်​တော်၏​တ​ရား​ကို ငါ​တို့​မ​သိ​လို​ဟူ၍​လည်း​ကောင်း၊

အာ​ဏာ​ထား​တတ်​သော​သူ၏​အိမ်​သည် အ​ဘယ်​မှာ​ရှိ​သ​နည်း။ မ​တ​ရား​သော​သူ​တို့၏ ဘုံ​ဗိ​မာန်​တို့​သည် အ​ဘယ်​မှာ​ရှိ​သ​နည်း​ဟု သင်​တို့​သည် ဆို​ကြ​လိမ့်​မည်။

သူ​တို့၏​ဂုဏ်​အ​သ​ရေ ကွယ်​ပျောက်၍ သူ​တို့​သည် ပ​ညာ​မ​ရှိ​ဘဲ သေ​သွား​တတ်​ကြ၏။

ကိုယ်​တော်​ကို မ​သိ​သော တစ်​ပါး​အ​မျိုး​သား​တို့ အ​ပေါ်​သို့​လည်း​ကောင်း၊ နာ​မ​တော်​ကို ပ​တ္ထ​နာ​မ​ပြု​သော တိုင်း​နိုင်​ငံ​သား​တို့​အ​ပေါ်​သို့​လည်း​ကောင်း၊ အ​မျက်​တော်​ကို သွန်း​လောင်း​တော်​မူ​ပါ။

ဖာ​ရော​မင်း​က​လည်း၊ ထာ​ဝ​ရ​ဘု​ရား၏​စ​ကား​ကို​နား​ထောင်၍၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ကို ငါ​လွှတ်​စေ​ခြင်း​ငှာ ထို​ဘု​ရား​ကား အ​ဘယ်​သူ​နည်း။ ထာ​ဝ​ရ​ဘု​ရား​ကို ငါ​မ​သိ၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ကို ငါ​မ​လွှတ်​ဟု ဆို​လေ၏။

ကိုယ်​တော်​ကို​မ​သိ​သော တစ်​ပါး​အ​မျိုး​သား​တို့ အ​ပေါ်​သို့​လည်း​ကောင်း၊ နာ​မ​တော်​ကို ပ​တ္ထ​နာ​မ​ပြု​သော အ​မျိုး​အ​နွယ်​တို့ အ​ပေါ်​သို့​လည်း​ကောင်း အ​မျက်​တော်​ကို သွန်း​လောင်း​တော်​မူ​ပါ။ အ​ကြောင်း​မူ​ကား၊ သူ​တို့​သည် ယာ​ကုပ်​အ​မျိုး​ကို အ​ကုန်​အ​စင်​ကိုက်​စား၍၊ သူ၏​နေ​ရာ​ကို သုတ်​သင်​ပယ်​ရှား​ကြ​ပါ​ပြီ။

သူ​တို့​သည် မိ​မိ​တို့​လျှာ​တည်း​ဟူ​သော လေး​ကို မု​သား​နှင့်​တင်​ကြ၏။ သ​စ္စာ​တ​ရား​ကို အ​မှီ​မ​ပြု​ဘဲ မြေ​ကြီး​ပေါ်​မှာ လူ​ကြီး​ဖြစ်​ကြ၏။ အ​ကယ်​စင်​စစ် ဆိုး​သော​အ​မှု​အ​ပေါ်​မှာ ဆိုး​သော​အ​မှု​ကို ထပ်၍​ပြု​ကြ၏။ ငါ့​ကို​လည်း မ​သိ​မ​မှတ်​ကြ​ဟု ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။

ထို​သူ​တို့​သည် ဘု​ရား​သ​ခင်​ကို မ​သိ​မ​မှတ်​လို​သည်​ဖြစ်၍၊ မ​လျောက်​ပတ်​သော အ​မှု​ကို ပြု​စေ​မည်​အ​ကြောင်း၊ ဘု​ရား​သ​ခင်​သည် သူ​တို့​ကို မော​ဟ​လက်​သို့ အပ်​လိုက်​တော်​မူ​သည်​နှင့်​အ​ညီ၊-

သင်​တို့​အ​ပေါင်း​သည် သန့်​ရှင်း​ခြင်း၊ အ​သ​ရေ​တင့်​တယ်​ခြင်း​နှင့် မိ​မိ​ကိုယ်​ကို​မိ​မိ ထိန်း​တတ်​စေ​ခြင်း​ငှာ​လည်း​ကောင်း၊-

သူ​တို့​သည် ဘု​ရား​သ​ခင်​ကို သိ​ယောင်​ဆောင်​သော်​လည်း၊ အ​ကျင့်​အား​ဖြင့်​ဘု​ရား​သ​ခင်​ကို ငြင်း​ပယ်​ကြ၏။ စက်​ဆုပ်​ရွံ​ရှာ​ဖွယ်​သော​သူ၊ နား​မ​ထောင်​သော​သူ၊ ကောင်း​သော​အ​မှု​တစ်​ခု​ကို​မျှ ပြု​တတ်​သော​ဉာဏ် မ​ရှိ​သော​သူ​ဖြစ်​ကြ၏။

ယော​ရှု​လက်​ထက် ကာ​လ၌ ဖြစ်​သော​သူ​အ​ပေါင်း​တို့​သည်​လည်း၊ ဘိုး​ဘေး​တို့ စု​ဝေး​ရာ​သို့​ရောက်​ကြ၏။ ထာ​ဝ​ရ​ဘု​ရား​ကို​လည်း​ကောင်း၊ ဣ​သ​ရေ​လ​အ​မျိုး​အ​ဖို့ ပြု​တော်​မူ​သော​အ​မှု​တို့​ကို​လည်း​ကောင်း မ​သိ​သော နောင်​ကာ​လ​အ​မျိုး​သား​တို့​သည် ပေါ်​လာ​ကြ၏။

ဧ​လိ၏​သား​တို့​သည် ထာ​ဝ​ရ​ဘု​ရား​ကို မ​သိ၊ အ​ဓ​မ္မ​လူ​ဖြစ်​ကြ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ