Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ယောဘဝတ္တု။ 17:5

Judson Bible

အ​ကြင်​သူ​သည် ဥ​စ္စာ​ကို​လု​ယူ​အံ့​သော​ငှာ အ​ဆွေ​ခင်​ပွန်း​ကို​အပ်၏။ ထို​သူ၏​သား​တို့​သည် မျှော်​လင့်၍ စိတ်​ပျက်​ရ​ကြ​လိမ့်​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

12 ပူးပေါင်းရင်းမြစ်များ  

သို့​ရာ​တွင် သင့်​အ​ဘ​ဒါ​ဝိဒ်၏​မျက်​နှာ​ကို​ထောက်၍၊ သင့်​လက်​ထက်၌ ငါ​သည်း​ခံ​ဦး​မည်။ သင်၏​သား​လက်​မှ နိုင်​ငံ​တော်​ကို​နုတ်​မည်။

ဆိုး​သော​သူ​တို့၏​မျက်​စိ​သည် အား​လျော့​လိမ့်​မည်။ သူ​တို့​သည် ပြေး၍​မ​လွတ်​ရ​ကြ။ သူ​တို့ မျှော်​လင့်​စ​ရာ​အ​ကြောင်း​သည် အ​ခိုး​အ​ငွေ့​သက်​သက် ဖြစ်​သည်​ဟု မြွက်​ဆို၏။

ဦး​မ​ချ​ဝတ်​မ​ပြု​နှင့်။ အ​ကြောင်း​မူ​ကား၊ သင်၏​ဘု​ရား​သ​ခင် ငါ​ထာ​ဝ​ရ​ဘု​ရား​သည်၊ သင်၌​အ​ပြစ်​ရှိ​သည်​ဟု ယုံ​လွယ်​သော​ဘု​ရား၊ ငါ့​ကို​မုန်း​သော​သူ​တို့၏ အ​မျိုး​အ​စဉ်​အ​ဆက်၊ တ​တိ​ယ​အ​ဆက်၊ စ​တု​တ္ထ​အ​ဆက်​တိုင်​အောင်၊ အ​ဘ​တို့၏​အ​ပြစ်​ကို သား​တို့​၌​ဆပ်​ပေး​စီ​ရင်​သော​ဘု​ရား၊

လည်၍ စ​ကား​များ​သော​သူ​သည် လျှို့​ဝှက်​အပ်​သော​အ​ရာ​ကို ဖော်​ပြ​တတ်၏။ သို့​ဖြစ်၍ ချော့​မော့​တတ်​သော​သူ​နှင့် မ​ပေါင်း​ဖော်​နှင့်။

အိမ်​နီး​ချင်း​ကို ချော့​မော့​သော​သူ​သည် အိမ်​နီး​ချင်း​သွား​ရာ​လမ်း၌ ကွန်​ရွက်​ကို ဖြန့်​ထား၏။

ငါ​တို့​သည်​ရှိ​စဉ်​တွင် မ​စ​မည့်​သူ​ကို မျှော်​လင့်၍ မ​မြင်​ရ​ကြ။ မ​ကယ်​တင်​နိုင်​သော​လူ​မျိုး​ကို ကင်း​စင်​ပေါ်​မှာ အ​ကျိုး​မ​ရှိ​ဘဲ စောင့်​ကြ​ပြီ။

ကိုယ်​နှင့်​စပ်​ဆိုင်​သော​သူ၏​ဥ​စ္စာ​ကို မ​တ​ရား​သ​ဖြင့်​မ​သိမ်း​ရ။ အ​နိုင်​အ​ထက်​ပြု၍ မ​ယူ​ရ။ သူ​ငှား​ခံ​ထိုက်​သော​အ​ခ​ကို တစ်​ည​လုံး​နံ​နက်​တိုင်​အောင် မ​ထား​ရ။

သူ့​အ​သ​ရေ​ပျက်​သော သ​တင်း​ကို​ကြား​ပြော​ခြင်း​ငှာ၊ ကိုယ်​အ​မျိုး​သား​ချင်း​တို့​တွင် မ​လှည့်​လည်​ရ။ ကိုယ်​နှင့်​စပ်​ဆိုင်​သော​သူ​ကို သေ​စေ​ခြင်း​ငှာ မ​ကြံ​စည်​ရ။ ငါ​သည် ထာ​ဝ​ရ​ဘု​ရား​ဖြစ်၏။

ထို​လူ​မျိုး​တို့​တွင် သင်​သည် သက်​သာ​ခြင်း​မ​ရှိ​ရာ၊ နေ​ရာ​မ​ကျ​ရာ။ နှ​လုံး​တုန်​လှုပ်​ခြင်း၊ မျက်​စိ​မျှော်၍ အား​ကုန်​ခြင်း၊ ဝမ်း​နည်း​ခြင်း​အ​ကြောင်း​ကို ထာ​ဝ​ရ​ဘု​ရား​စီ​ရင်​တော်​မူ​သ​ဖြင့်၊

အ​ဘယ်​သို့​နည်း​ဟူ​မူ​ကား၊ သင်​တို့​သိ​ကြ​သည်​နှင့်​အ​ညီ၊ ငါ​တို့​သည် ချော့​မော့​သော​စ​ကား​ကို တစ်​ခါ​မျှ​မ​သုံး၊ ဝှက်​ထား​သော လော​ဘ​စိတ်​အ​လျှင်း​မ​ရှိ​ကြောင်း​ကို ဘု​ရား​သ​ခင်​သည် ငါ​တို့​သက်​သေ ဖြစ်​တော်​မူ၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ